< 1 Samuel 8 >
1 Or, il arriva que, lorsque Samuel fut devenu vieux, il établit ses fils juges d’Israël.
၁ရှမွေလသည်အိုမင်း၍လာသောအခါမိမိ ၏သားများအား ဣသရေလပြည်တွင်တရား သူကြီးများအဖြစ်ခန့်ထား၏။-
2 Le nom de son fils premier-né fut Joël, et le nom du second, Abia; ils étaient juges à Bersabée
၂သားကြီးကားယောလ၊ သားငယ်ကားအဘိ ရဟုနာမည်တွင်၏။ သူတို့သည်ဗေရရှေဗ မြို့တွင်တရားသူကြီးများအဖြစ်ဆောင် ရွက်ကြ၏။-
3 Mais ses fils ne marchèrent pas dans ses voies; mais ils se portèrent à l’avarice, reçurent des présents et ils pervertirent le jugement.
၃သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။
4 Tous les anciens d’Israël, s’étant donc assemblés, vinrent vers Samuel à Ramatha,
၄ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
5 Et lui dirent: Voilà que vous êtes devenu vieux, et vos fils ne marchent pas dans vos voies; établissez sur nous un roi, afin qu’il nous juge, comme en ont toutes les nations.
၅``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။-
6 Ce discours déplut à Samuel, parce qu’ils avaient dit: Donnez-nous un roi, afin qu’il nous juge. Et Samuel adressa des prières au Seigneur.
၆ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
7 Mais le Seigneur dit à Samuel: Ecoute la voix du peuple en tout ce qu’ils te disent; car ce n’est pas toi qu’ils ont rejeté, mais moi, afin que je ne règne pas sur eux.
၇ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
8 Selon toutes leurs œuvres qu’ils ont faites depuis le jour que je les ai retirés de l’Égypte, jusqu’à ce jour; comme ils m’ont abandonné et ont servi des dieux étrangers, ainsi ils te font à toi aussi.
၈သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ ချိန်မှ ယနေ့တိုင်သူတို့သည်ငါ့ကိုကျော ခိုင်းကာအခြားဘုရားများကိုဝတ်ပြု ကိုးကွယ်ကြ၏။ သူတို့သည်ငါ့အား အစဉ် ပြုခဲ့သည့်အတိုင်းယခုအခါသင့်ကို ပြုကြခြင်းသာဖြစ်၏။-
9 Maintenant donc écoute leur voix; cependant avertis-les et dis-leur d’avance, le droit du roi, qui doit régner sur eux.
၉သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။
10 C’est pourquoi Samuel dit toutes ces paroles au peuple, qui lui avait demandé un roi,
၁၀ရှမွေလသည်ဘုရင်ခန့်ပေးရန် မိမိထံ တောင်းဆိုသူတို့အား ထာဝရဘုရားမိန့် တော်မူသမျှတို့ကိုပြန်ကြားလေ၏။-
11 Et il ajouta: Voici le droit du roi, qui doit vous gouverner: Il prendra vos enfants, les emploiera à ses chars, et s’en fera des cavaliers, et des avant-coureurs de ses quadriges,
၁၁သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
12 Et il les établira ses tribuns, ses centurions, les laboureurs de ses champs, les moissonneurs de ses grains, et les forgeurs de ses armes et de ses chariots.
၁၂သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-
13 Et de vos filles aussi il fera ses parfumeuses, ses cuisinières et ses boulangères.
၁၃သင်တို့၏သမီးများသည်လည်းဘုရင်အတွက် နံ့သာအမွှေးအကြိုင်အမျိုးမျိုးဖော်စပ်သူ များ၊ စားတော်ကဲများ၊ မုန့်ဖုတ်လုပ်သူများ ဖြစ်ရကြလိမ့်မည်။-
14 Vos champs mêmes, vos vignes et vos plants d’oliviers les meilleurs, il les prendra et les donnera à ses serviteurs.
၁၄သူသည်သင်တို့၏အကောင်းဆုံးလယ်ယာ များ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများ ကိုသိမ်းယူကာ မိမိ၏အမှုထမ်းတို့အား ပေးအပ်လိမ့်မည်။-
15 Mais de plus il lèvera la dîme de vos grains, et des revenus de vos vignes, pour donnera ses eunuques et à ses serviteurs.
၁၅သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-
16 Il enlèvera aussi vos serviteurs, vos servantes, l’élite de vos jeunes gens, et vos ânes, et il les emploiera à des travaux pour lui.
၁၆သင်တို့၏အစေခံများ၊ အကောင်းဆုံးသော နွားများ နှင့်မြည်းများကိုသိမ်းယူကာမိမိအဖို့ ခိုင်းစေအသုံးပြုလိမ့်မည်။-
17 Vos troupeaux mêmes, il en lèvera la dîme, et vous vous serez ses serviteurs.
၁၇သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
18 Et vous crierez, en ce jour-là, à cause de votre roi, que vous vous serez choisi: et le Seigneur ne vous exaucera point, en ce jour-là, parce que vous avez demandé pour vous un roi.
၁၈ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
19 Or le peuple ne voulut pas entendre la voix de Samuel; mais ils dirent: Point du tout; car il y aura un roi sur nous,
၁၉လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-
20 Et nous serons, nous aussi comme toutes les nations: et notre roi nous jugera, et il sortira devant nous, et il combattra dans nos guerres pour nous.
၂၀
21 Et Samuel entendit toutes les paroles du peuple, et il les dit aux oreilles du Seigneur.
၂၁ရှမွေလသည်သူတို့ပြောသမျှကိုနားထောင် ပြီးနောက် ထာဝရဘုရားထံတော်သို့ဝင်၍ လျှောက်ထား၏။-
22 Mais le Seigneur dit à Samuel: Ecoute leur voix, et établis sur eux un roi. Samuel dit donc aux hommes d’Israël: Que chacun s’en aille en sa ville.
၂၂ထာဝရဘုရားက``သူတို့အလိုရှိသည် အတိုင်းဘုရင်ကိုခန့်ပေးလော့'' ဟုမိန့်တော် မူလျှင်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား မိမိတို့နေရပ် အသီးသီးသို့ပြန်သွားစေ၏။