< Romains 7 >

1 Ignorez-vous, mes frères — car je parle à des hommes qui connaissent la Loi, — que l’homme est sous l’empire de la loi aussi longtemps qu’il vit?
ပညတ် တရားကို သိ သောညီအစ်ကို တို့၊ ပညတ် တရားသည် လူ ကို အသက် ထက်ဆုံးမျှသာ ပိုင် သည်ကို မ သိကြသလော။
2 Ainsi une femme mariée est liée par la loi à son mari tant qu’il est vivant; mais si le mari meurt, elle est dégagée de la loi qui la liait à son mari.
ဥပမာကား ၊ လင် ရှိသောမိန်းမ သည် လင် မ သေမှီတိုင်အောင် ၊ ပညတ် တရားအားဖြင့်လင်၌ချည်နှောင် လျက်ရှိ၏။ လင် သေ လျှင် မူကား လင် ဝတ် နှင့် လွတ် ၏။
3 Si donc, du vivant de son mari, elle épouse un autre homme, elle sera appelée adultère; mais si son mari meurt, elle est affranchie de la loi, en sorte qu’elle n’est plus adultère en devenant la femme d’un autre mari.
ထိုကြောင့် ၊ မိမိလင် မသေမှီအခြား သော သူ ၏ မယားဖြစ် လျှင် ၊ မျောက်မထား သောမိန်းမဟု ခေါ် ထိုက် ၏။ လင် သေ လျှင် မူကား ၊ ထို တရား နှင့် လွတ် သည်ဖြစ် ၍၊ အခြား သောသူ၏ မယား ဖြစ် သော်လည်း၊ မျောက်မထား သောမိန်းမဟု ခေါ်စရာအကြောင်းမ ရှိ
4 Ainsi, mes frères, vous aussi vous êtes morts à la Loi, par le corps de Jésus-Christ, pour que vous soyez à un autre, à celui qui est ressuscité des morts, afin que nous portions des fruits pour Dieu.
ထိုနည်းတူ၊ ငါ ညီအစ်ကို တို့၊ သင် တို့သည် အခြား သောသူတည်းဟူသော၊ သေ ခြင်းမှ ထမြောက် တော်မူသောသူ ၏မယားဖြစ် ၍၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီတိုးပွား မည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓါ အားဖြင့် သေ ၍ ပညတ် တရားနှင့်ကွာကြ၏။
5 Car, lorsque nous étions dans la chair, les passions qui engendrent les péchés, excitées par la Loi, agissaient dans nos membres, de manière à produire des fruits pour la mort.
ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။
6 Mais maintenant nous avons été dégagés de la Loi, étant morts à la Loi, sous l’autorité de laquelle nous étions tenus, de sorte que nous servons Dieu dans un esprit nouveau, et non selon une lettre surannée.
ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။
7 Que dirons-nous donc? La loi est-elle péché? Loin de là! Mais je n’ai connu le péché que par la Loi; par exemple, je n’aurais pas connu la convoitise, si la Loi ne disait: « Tu ne convoiteras pas. »
သို့ဖြစ်၍ အဘယ်သို့ ပြော ရမည်နည်း။ ပညတ် တရား၌ အပြစ် ရှိသလော။ အပြစ်မ ရှိ နိုင်ရာ။ သို့ရာတွင် ပညတ် တရားအားဖြင့် သာ အပြစ် သဘောကို ငါသိ ရ၏။ အဘယ်သို့နည်းဟူမူကား ၊ လောဘ စိတ်မ ရှိစေနှင့်ဟု ပညတ် တရားမ ဆို လျှင် ၊ လောဘ သဘောကိုငါမ သိ
8 Puis le péché, saisissant l’occasion, a fait naître en moi, par le commandement, toutes sortes de convoitises; car, sans la Loi, le péché est mort.
အပြစ် တရားသည် ပညတ် တရားအားဖြင့် အခွင့် ရ ၍၊ ငါ ၌ အမျိုးမျိုး သော လောဘ တို့ကို ဖြစ် စေ၏။ ပညတ် တရားမ ရှိလျှင် ၊ အပြစ် တရားသေ ၏။
9 Pour moi, je vivais autrefois sans la Loi; mais le commandement étant venu, le péché a pris vie,
အထက် ကပညတ် တရားမ ရှိသဖြင့် ၊ ငါ သည် အသက် ရှင်၏။ ပညတ် တရားပေါ် သောအခါအပြစ် တရားသည် ရှင်ပြန် ၏။ ငါ လည်း သေ ၏။
10 et moi, je suis mort. Ainsi le commandement qui devait conduire à la vie, s’est trouvé pour moi conduire à la mort.
၁၀အသက် ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေ ခြင်းနှင့် ဆိုင်သည်ကို ငါ တွေ့ ၏။
11 Car le péché, saisissant l’occasion qu’offrait le commandement, m’a séduit et par lui m’a donné la mort.
၁၁အပြစ် တရားသည်ပညတ် တရားအားဖြင့် အခွင့် ရ လျှင်၊ ငါ့ ကို လှည့်ဖြား ၍ ထိုတရား အားဖြင့် ငါ့ကို သတ် လေ၏။
12 Ainsi donc la Loi est sainte, et le commandement est saint, juste et bon.
၁၂ထိုကြောင့် ၊ တရား တော်သည်သန့်ရှင်း ခြင်းရှိ၏။ ပညတ် တရားလည်း သန့်ရှင်း ခြင်း၊ ဖြောင့်မတ် ခြင်း၊ ကောင်းမြတ် ခြင်းရှိ၏။
13 Une chose bonne a donc été pour moi une cause de mort? Loin de là! Mais c’est le péché qui m’a donné la mort, afin de se montrer péché en me donnant la mort par le moyen d’une chose bonne, et de se développer à l’excès comme péché par le moyen du commandement.
၁၃သို့ဖြစ်လျှင် ကောင်းမြတ် သောအရာသည် ငါ ၌သေ ခြင်းအကြောင်း ဖြစ် သလော။ မ ဖြစ် နိုင်ရာ။ အပြစ် တရားသည် မိမိသဘောကို ထင်ရှား စေခြင်းငှာ ကောင်းမြတ် သောအရာအားဖြင့် ငါ ၌သေ ခြင်းကို ပြု ၍ သေ ခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ် တရားသည် ပညတ် တော်အားဖြင့် အလွန် အပြစ် နှင့်ပြည့်စုံခြင်းရှိ သတည်း။
14 Nous savons, en effet, que la Loi est spirituelle; mais moi, je suis charnel, vendu au péché.
၁၄ထိုမှတပါး၊ပညတ် တရားသည် ဝိညာဉ် ပကတိနှင့် စပ်ဆိုင် သည်ကို ငါတို့သိ ကြ၏။ ငါ မူကား ဇာတိ ပကတိရှိ ၏။ အပြစ် တရားလက် ၌ ကျေးကျွန်ဖြစ်၏။
15 Car je ne sais pas ce que je fais: je ne fais pas ce que je veux, et je fais ce que je hais.
၁၅အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့် သော အကျင့်ကို မ နှစ်သက် ။ ကျင့်ချင် သော အကျင့် ကိုမ ကျင့် ၊ ရွံ့ရှာ သော အကျင့် ကို ကျင့် ၏။
16 Or, si je fais ce que je ne voudrais pas, je reconnais par là que la Loi est bonne.
၁၆ထိုသို့ ငါသည် မ ကျင့်ချင် သောအကျင့် ကို ကျင့် လျှင် ၊ ပညတ် တရားဖြောင့် သည်ဟု ငါဝန်ခံ ၏။
17 Mais alors ce n’est plus moi qui le fais, c’est le péché qui habite en moi.
၁၇သို့ဖြစ်လျှင် ၊ ထို မကောင်းသောအကျင့်ကို ငါ့ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည် ကျင့်၏။
18 Car je sais que le bien n’habite pas en moi, c’est-à-dire dans ma chair; le vouloir est à ma portée, mais non le pouvoir de l’accomplir.
၁၈ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။
19 Car je ne fais pas le bien que je veux, et je fais le mal que je ne veux pas.
၁၉ငါသည် ကျင့် ချင် သော အကျင့်ကောင်း ကို မ ကျင့်။ မ ကျင့်ချင် သော အကျင့်ဆိုး ကိုကျင့် ၏။
20 Or, si je fais ce que je ne veux pas, ce n’est plus moi qui le fais, c’est le péché qui habite en moi.
၂၀ထိုသို့ ငါ သည်မ ကျင့်ချင် သောအကျင့်ကို ကျင့် လျှင် ၊ ငါ ကိုယ်တိုင်ကျင့် သည်မ ဟုတ်။ ငါ့ အထဲ ၌နေ သော အပြစ် တရားသည်ကျင့်၏။
21 Je trouve donc cette loi en moi: quand je veux faire le bien, le mal est près de moi.
၂၁ထိုသို့ ကောင်း သော အကျင့်ကိုငါ ကျင့် ချင်သောအခါ၊ မကောင်း သောအကျင့်ကို ကျင့် စေတတ်သော တရား ကို ငါတွေ့ ၏။
22 Car je prends plaisir à la loi de Dieu, selon l’homme intérieur;
၂၂ငါသည် အတွင်း လူ အားဖြင့် ဘုရားသခင် ၏ ပညတ် တရားတော်တို့ နှစ်သက်၏
23 mais je vois dans mes membres une autre loi qui lutte contre la loi de ma raison, et qui me rend captif de la loi du péché qui est dans mes membres.
၂၃သို့သော်လည်း ငါ့ ကိုယ်အင်္ဂါ များ၌ ရှိသော တရား တစ်ပါးသည် စိတ် ဝိညာဉ်တရား ကို ပြိုင်ဆိုင် တိုက်လှန်သဖြင့် ၊ ငါ့ ကိုယ်အင်္ဂါ များ၌ ရှိ သော အပြစ် တရား လက် သို့ ငါ့ ကိုဘမ်း သွားအပ်နှံသည်ကို ငါမြင် ၏။
24 Malheureux que je suis! Qui me délivrera de ce corps de mort?
၂၄ငါသည်ငြိုငြင် သောသူ ဖြစ် ပါသည်တကား၊ ဤ အသေ ကောင် မှ ငါ့ ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
25 Grâces soient rendues à Dieu par Jésus-Christ Notre-Seigneur! Ainsi donc moi-même, par l’esprit, je suis l’esclave de la loi de Dieu, et par la chair l’esclave de la loi du péché.
၂၅ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။ ထိုသို့စိတ် ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရား တော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ် တရား အလိုသို့၎င်း၊ ငါ လိုက် တတ်၏။

< Romains 7 >