< Luukkaan 15 >

1 Mutta hänen tykönsä tulivat kaikki Publikanit ja syntiset, kuulemaan häntä.
အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ် ၍ ၊
2 Ja Pharisealaiset ja kirjanoppineet napisivat ja sanoivat: tämä syntisiä vastaan ottaa ja syö heidän kanssansa.
ဖာရိရှဲ နှင့် ကျမ်းပြု ဆရာတို့က၊ ဤသူ သည် ဆိုး သောသူတို့ကိုလက်ခံ ၍ သူ တို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
3 Niin hän sanoi heille tämän vertauksen, sanoen:
ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊
4 Kuka on teistä se ihminen, jolla on sata lammasta, ja jos hän yhden niistä kadottaa, eikö hän jätä yhdeksänkymmentä ja yhdeksän korpeen, ja mene sen jälkeen, joka kadonnut on, siihenasti että hän sen löytää?
သိုးတစ် ကောင်ပျောက် လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကို တော တွင် ထား ခဲ့ပြီးမှ၊ ပျောက် သောသိုး တစ် ကောင်ကို မ တွေ့ မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော။
5 Ja kuin hän sen löytää, niin hän panee sen olallensa, iloiten.
တွေ့ ပြီးလျှင် ဝမ်းမြောက် သော စိတ်နှင့် ပခုံး ပေါ်မှာ တင် ထမ်း၍၊
6 Ja kuin hän tulee kotiansa, niin hän kutsuu kokoon ystävänsä ja kylänsä miehet, ja sanoo heille: iloitkaat minun kanssani: sillä minä löysin lampaani, joka kadonnut oli.
မိမိအိမ် သို့ ရောက် သောအခါ အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သောသိုး ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည် မဟုတ်လော။
7 Minä sanon teille: niin pitää ilo oleman taivaassa yhdestä syntisestä, joka itsensä parantaa, enemmin kuin yhdeksästäkymmenestä ja yhdeksästä hurskaasta, jotka ei parannusta tarvitse.
ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။
8 Taikka kuka vaimo on, jolla on kymmenen penninkiä, jos hän yhden niistä kadottaa, eikö hän sytytä kynttilää, ja lakaise huonetta, ja etsi visusti niinkauvan kuin hän sen löytää?
တစ်နည်းကား ၊ တစ်စုံတစ်ယောက် သောမိန်းမ ၌ ငွေ ဆယ် ပြားရှိ ၍ တစ်ပြား ပျောက် လျှင် ၊ ဆီမီး ကိုထွန်း ၍ မ တွေ့ မှီတိုင်အောင်တစ်အိမ် လုံးကိုလှည်း ၍ စေ့စေ့ မ ရှာ ဘဲ နေမည်လော။
9 Ja kuin hän sen löytänyt on, kutsuu hän kokoon ystävänsä ja kylänsä vaimot, ja sanoo: iloitkaat minun kanssani; sillä minä löysin penninkini, jonka minä kadotin.
တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။
10 Niin myös, sanon minä teille, pitää ilo oleman Jumalan enkeleillä yhdestä syntisestä, joka itsensä parantaa.
၁၀ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။
11 Ja hän sanoi: yhdellä miehellä oli kaksi poikaa,
၁၁တစ်ဖန် မိန့် တော်မူသည်ကား၊ တစ်စုံတစ်ယောက် သောသူ ၌ သား နှစ် ယောက်ရှိ ၏။
12 Ja nuorempi heistä sanoi isällensä: isä, anna minulle osa tavarasta, joka minulle tulee. Ja hän jakoi heille tavaran.
၁၂သားအငယ် သည် အဘ ထံသို့သွား၍ ၊ အဘ ၊ အကျွန်ုပ် ရထိုက် သော အမွေ ဥစ္စာကိုဝေ ၍ ပေး ပါဟု တောင်းပန် လျှင်၊ အဘသည် ဥစ္စာ များကိုဝေ ၍ သား တို့အား ပေးလေ၏။
13 Ja ei kauvan sen jälkeen, kuin nuorempi poika oli kaikki koonnut, meni hän kaukaiselle maakunnalle, ja hukkasi siellä tavaransa irstaisuudessa.
၁၃ထိုနောက် များမကြာ ၊ သား အငယ် သည် မိမိ ဥစ္စာ များကို သိမ်းယူ ၍ ဝေး စွာသောပြည် သို့ သွား ပြီးလျှင်၊ ထို ပြည်မှာ ကာမဂုဏ်၌ လွန်ကျူး သောအားဖြင့်ဥစ္စာ ပြုန်းတီး ၍ ၊
14 Mutta kuin hän kaikki oli tuhlannut, niin tuli suuri nälkä kaikkeen siihen maakuntaan; ja hän rupesi hätääntymään,
၁၄ရှိသမျှ ကုန် သောအခါ ၊ ထို ပြည် ၌ ကြီးစွာ သောအစာ ခေါင်းပါးခြင်းဖြစ် ၍ ၊ သူ သည် အလွန်ဆင်းရဲ ခြင်းသို့ ရောက်၏။
15 Ja meni pois ja suostui yhteen sen maakunnan kauppamieheen, joka hänen lähetti maakyliinsä kaitsemaan sikojansa.
၁၅ထိုအခါ ပြည်သား တစ် ယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက် တို့ကို ကျောင်း စေခြင်းငှာသူ့ သခင်သည် တော သို့ စေလွှတ် သဖြင့်၊
16 Ja hän pyysi vatsaansa ravalla täyttää, jota siat söivät, ja ei kenkään hänelle sitäkään antanut.
၁၆သူသည် ဝက် စား တတ်သော ပဲတောင့် ကိုပင် စား ချင် မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူ မျှ အစာကို မကျွေး ။
17 Mutta kuin hän mielensä malttoi, sanoi hän: kuinka monella minun isäni palkollisella on kyllä leipää, ja minä kuolen nälkään!
၁၇ထိုအခါ သတိရ လျှင်၊ ငါ့ အဘ ၏အိမ်၌ အခ စားသောသူများ တို့သည် ဝစွာစားရကြ၏။ ငါ မူကား ပြည် ၌သေအောင် အငတ် ခံရ၏။
18 Minä nousen ja käyn minun isäni tykö ja sanon hänelle: isä, minä olen syntiä tehnyt taivasta vastaan ja sinun edessäs,
၁၈ငါ ထ ၍ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။
19 Ja en ole silleen mahdollinen sinun pojakses kutsuttaa: tee minua niinkuin yhden palkollisistas.
၁၉ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကိုမ ခံထိုက် ပါ။ သူငှား အရာ၌ အကျွန်ုပ် ကို ထား တော်မူပါဟု ငါပြော မည်ဟူ၍အကြံရှိသည်နှင့်၊
20 Ja hän nousi ja tuli isänsä tykö. Mutta kuin hän vielä taampana oli, näki hänen isänsä hänen, ja armahti hänen päällensä, ja juosten lankesi hänen kaulaansa, ja suuta antoi hänen.
၂၀ထ ၍ အဘ ထံသို့ သွား လေ၏။ သွား၍ ဝေး သေး သောအခါ အဘ သည် သူ့ ကိုမြင် လျှင် ၊ သနား သော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏လည်ပင်း ကို ပိုက် ဖက်လျက် နမ်းရှုပ် လေ၏။
21 Mutta poika sanoi hänelle: isä, minä olen syntiä tehnyt taivasta vastaan ja sinun edessäs, ja en ole mahdollinen tästedes sinun pojakses kutsuttaa.
၂၁သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊
22 Niin sanoi isä palvelioillensa: tuokaat tänne ne parhaat vaatteet, ja pukekaat hänen yllensä, ja antakaat sormus hänen käteensä, ja kengät hänen jalkoihinsa,
၂၂အဘ က၊ မြတ် သောဝတ်လုံ ကို ယူခဲ့ ၍ သူ့ ကို ခြုံ ကြ၊ သူ ၏လက် ၌ လက်စွပ် တန်ဆာကို ဆင် ကြ။
23 Ja tuokaat syötetty vasikka, ja tappakaat se, ja syökäämme ja riemuitkaamme;
၂၃ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ ၍ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။
24 Sillä tämä minun poikani oli kuollut, ja virkosi jälleen: hän oli kadonnut, ja on taas löydetty; ja rupesivat riemuitsemaan.
၂၄ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။
25 Mutta hänen vanhempi poikansa oli pellolla, ja kuin hän tuli ja huonettä lähestyi, kuuli hän laulun ja hypyt.
၂၅သား အကြီး သည် တောင်ယာ က လာ ၍ အိမ် အနီး သို့ရောက်သောအခါ ၊ က ခြင်း၊ တီးမှုတ် ခြင်းအသံကို ကြား လျှင် ၊
26 Niin hän kutsui yhden palvelioistansa ja kysyi: mikä se on?
၂၆ငယ်သား တစ် ယောက်ကိုခေါ် ၍ အဘယ်သို့ သောအခြင်းအရာ နည်းဟု မေး ၏။
27 Niin se sanoi hänelle: sinun veljes tuli, ja isäs antoi tappaa syötetyn vasikan, että hän sai hänen terveenä jälleen.
၂၇ငယ်သားက၊ သခင် ၏ညီ သည် ရောက်လာ ပါပြီ။ ဘေးနှင့်ကင်းလွတ် လျက်ရှိ သည်ကို အဘ တွေ့ သောကြောင့် ၊ ဆူ အောင်ကျွေးသော နွားကလေး ကိုသတ် ပါပြီဟုပြောဆို ၏။ သားအကြီးသည် အမျက်ထွက် ၍ အိမ် သို့ မ ဝင်ဘဲနေ ၏။
28 Niin hän vihastui eikä tahtonut mennä sisälle; hänen isänsä meni siis ulos, ja neuvoi häntä.
၂၈အဘ သည် သူ့ ဆီသို့သွား ၍ ချော့မော့ ရ၏။
29 Mutta hän vastasi ja sanoi isällensä: katso, niin monta vuotta minä palvelen sinua, ja en ole koskaan sinun käskyäs käynyt ylitse, ja et sinä ole minulle vohlaakaan antanut, riemuitakseni ystäväini kanssa.
၂၉သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။
30 Mutta että tämä sinun poikas tuli, joka tavaransa on tuhlannut porttoin kanssa, tapoit sinä hänelle syötetyn vasikan.
၃၀ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။
31 Mutta hän sanoi hänelle: poikani! sinä olet aina minun tykönäni, ja kaikki mitä minun on, se on sinun.
၃၁အဘကလည်း ၊ ငါ့သား ၊ သင် သည် ငါ့ ထံမှာ အစဉ် နေ ၏။ ငါ ၏ဥစ္စာရှိသမျှ သည် သင် ၏ဥစ္စာဖြစ် ၏။
32 Niin piti sinunkin riemuitseman ja iloitseman; sillä tämä sinun veljes oli kuollut ja virkosi jälleen, hän oli kadonnut ja on taas löydetty.
၃၂သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။

< Luukkaan 15 >