< Psalms 31 >
1 To victorie, the salm of Dauid. Lord, Y hopide in thee, be Y not schent with outen ende; delyuere thou me in thi riytfulnesse.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ခိုလှုံရန် ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးနိမ့်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးပန်ကြားလျှောက်ထားပါ၏။
2 Bouwe doun thin eere to me; haaste thou to delyuere me. Be thou to me in to God defendere, and in to an hows of refuyt; that thou make me saaf.
၂ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
3 For thou art my strengthe and my refuyt; and for thi name thou schalt lede me forth, and schalt nurische me.
၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကျောက်နှင့် ရဲတိုက်ဖြစ်တော်မူပါ၏။ ကတိတော်ရှိသည်အတိုင်းကျွန်တော်မျိုးအား လမ်းပြပို့ဆောင်တော်မူပါ။
4 Thou schalt lede me out of the snare, which thei hidden to me; for thou art my defendere.
၄ကျွန်တော်မျိုးအတွက်ထောင်ထားသောကျော့ ကွင်းမှ လွတ်မြောက်စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ခိုလှုံရာ ဖြစ်တော်မူပါ၏။
5 I bitake my spirit in to thin hondis; Lord God of treuthe, thou hast ayen bouyt me.
၅ကျွန်တော်မျိုးသည်မိမိကိုယ်ကိုလက်တော်သို့ အပ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူပါလိမ့်မည်။ ကိုယ်တော်ရှင်သည်သစ္စာစောင့်တော်မူသောဘုရား ဖြစ်တော်မူပါ၏။
6 Thou hatist hem that kepen vanytees superfluli.
၆ကိုယ်တော်ရှင်သည်မိစ္ဆာဘုရားများကိုကိုးကွယ် ဆည်းကပ်သူတို့ကိုမုန်းတော်မူပါ၏။ သို့ရာတွင်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကိုးစားပါ၏။
7 Forsothe Y hopide in the Lord; Y schal haue fulli ioie, and schal be glad in thi merci. For thou byheldist my mekenesse; thou sauedist my lijf fro nedis.
၇ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်ရွှင်လန်းပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဝေဒနာကို မြင်တော်မူပါ၏။ ကျွန်တော်မျိုး၏ဒုက္ခကိုသိတော်မူပါ၏။
8 And thou closidist not me togidere withynne the hondis of the enemy; thou hast sett my feet in a large place.
၈ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များ၏ လက်တွင်းသို့ကျရောက်စေတော်မမူဘဲ လွတ်လပ်စွာသွားလာနိုင်ခွင့်ကိုပေးတော်မူ ပါပြီ။
9 Lord, haue thou merci on me, for Y am troblid; myn iye is troblid in ire, my soule and my wombe `ben troblid.
၉ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိသဖြင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ များစွာငိုကြွေးရသဖြင့်ကျွန်တော်မျိုး၏ မျက်စိများသည်ကျိန်းစပ်လျက်နေပါ၏။ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝကုန်ခန်းလျက်နေပါပြီ။
10 For whi my lijf failide in sorewe; and my yeeris in weilynges. Mi vertu is maad feble in pouert; and my boonys ben disturblid.
၁၀ဝမ်းနည်းကြေကွဲမှုကြောင့်ကျွန်တော်မျိုး မောပန်းနွမ်းလျလျက်ရှိပါ၏။ ငိုယိုမှုကြောင့်ကျွန်တော်မျိုးအသက်တို ရပါ၏။ ကျွန်တော်မျိုးသည်မိမိခံရသောဆင်းရဲဒုက္ခ အပေါင်းကြောင့်အားအင်ချိနဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏အရိုးများပင်လျှင် ဆွေးမြေ့ကုန်ပါပြီ။
11 Ouer alle myn enemyes Y am maad schenship greetli to my neiyboris; and drede to my knowun. Thei that sien me with outforth, fledden fro me; Y am youun to foryetyng,
၁၁ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
12 as a deed man fro herte. I am maad as a lorun vessel;
၁၂ကျွန်တော်မျိုးသေလေပြီကဲ့သို့ လူအပေါင်းတို့သည်ကျွန်တော်မျိုးအား မေ့ပျောက်သွားကြပါ၏။ ကျွန်တော်မျိုးသည်စွန့်ပစ်ခြင်းခံရသည့် အိုးကွဲကဲ့သို့ဖြစ်ပါ၏။
13 for Y herde dispisyng of many men dwellynge in cumpas. In that thing the while thei camen togidere ayens me; thei counceliden to take my lijf.
၁၃ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
14 But, Lord, Y hopide in thee; Y seide, Thou art my God; my tymes ben in thin hondis.
၁၄သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။
15 Delyuer thou me fro the hondis of mynen enemyes; and fro hem that pursuen me.
၁၅ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
16 Make thou cleer thi face on thi seruaunt; Lord, make thou me saaf in thi merci;
၁၆သနားသောစိတ်နှင့်ကိုယ်တော်၏အစေခံ ကျွန်တော်မျိုးအားကြည့်တော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် အညီ ကျွန်တော်မျိုးအားကယ်တော်မူပါ။
17 be Y not schent, for Y inwardli clepide thee. Unpitouse men be aschamed, and be led forth in to helle; (Sheol )
၁၇အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။ (Sheol )
18 gileful lippys be maad doumbe. That speken wickidnesse ayens a iust man; in pride, and in mysusyng.
၁၈မာနထောင်လွှားလျက်သူတော်ကောင်းတို့အကြောင်း ကဲ့ရဲ့ပြောဆိုတတ်သူလူလိမ်တို့၏ နှုတ်ကိုပိတ်တော်မူပါ။
19 Lord, the multitude of thi swetnesse is ful greet; which thou hast hid to men dredynge thee. Thou hast maad a perfit thing to hem, that hopen in thee; in the siyt of the sones of men.
၁၉ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
20 Thou schalt hide hem in the priuyte of thi face; fro disturblyng of men. Thou schalt defende hem in thi tabernacle; fro ayenseiyng of tungis.
၂၀လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
21 Blessid be the Lord; for he hath maad wondurful his merci to me in a strengthid citee.
၂၁ထာဝရဘုရားသခင်အားထောမနာပြု ကြလော့။ ငါ့အားဝိုင်းဝန်းတိုက်ခိုက်ကြချိန်၌ ကိုယ်တော်ပြတော်မူသောမေတ္တာတော်သည် လွန်စွာအံ့သြဖွယ်ကောင်းလှပါသည်တကား။
22 Forsothe Y seide in the passyng of my soule; Y am cast out fro the face of thin iyen. Therfor thou herdist the vois of my preier; while Y criede to thee.
၂၂ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
23 Alle ye hooli men of the Lord, loue hym; for the Lord schal seke treuthe, and he schal yelde plenteuousli to hem that doen pride.
၂၃ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
24 Alle ye that hopen in the Lord, do manli; and youre herte be coumfortid.
၂၄ထာဝရဘုရားအားစောင့်မျှော်ကြသူအပေါင်း တို့၊ ကြံ့ခိုင်မှုရှိ၍ရဲရင့်ကြကုန်လော့။