< Psalms 30 >
1 The salm of song, for the halewyng of the hows of Dauid. Lord, Y schal enhaunse thee, for thou hast vp take me; and thou delitidist not myn enemyes on me.
၁အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ၏။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ။
2 Mi Lord God, Y criede to thee; and thou madist me hool.
၂အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ်၍၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ၏။
3 Lord, thou leddist out my soule fro helle; thou sauedist me fro hem that goen doun into the lake. (Sheol )
၃အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ။ (Sheol )
4 Ye seyntis of the Lord, synge to the Lord; and knowleche ye to the mynde of his hoolynesse.
၄ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့။
5 For ire is in his indignacioun; and lijf is in his wille. Wepyng schal dwelle at euentid; and gladnesse at the morewtid.
၅အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော် မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသော အခွင့် ရှိ၏။
6 Forsothe Y seide in my plentee; Y schal not be moued with outen ende.
၆ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။
7 Lord, in thi wille; thou hast youe vertu to my fairnesse. Thou turnedist awei thi face fro me; and Y am maad disturblid.
၇အိုထာဝရဘုရား၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏တောင်သည် ခိုင်ခံမြဲမြံပါ၏။ မျက်နှာလွှဲတော် မူသောအခါ ဆင်းခြင်းသို့ ရောက်ပါ၏။
8 Lord, Y schal crye to thee; and Y schal preye to my God.
၈အိုထာဝရဘုရား၊ အကျွန်ုပ်သည် အသက်ဆုံး၍၊
9 What profit is in my blood; while Y go doun in to corrupcioun? Whether dust schal knouleche to thee; ethir schal telle thi treuthe?
၉သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း။
10 The Lord herde, and hadde merci on me; the Lord is maad myn helpere.
၁၀မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော။ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရ ဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်း လျှောက်ပါ၏။
11 Thou hast turned my weilyng in to ioye to me; thou hast to-rent my sak, and hast cumpassid me with gladnesse.
၁၁ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ၏။
12 That my glorie synge to thee, and Y be not compunct; my Lord God, Y schal knouleche to thee with outen ende.
၁၂သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည်။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။