< Jeremiah 10 >
1 Hear the word which Yahweh speaks to you, house of Israel!
၁အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။
2 Yahweh says, “Don’t learn the way of the nations, and don’t be dismayed at the signs of the sky; for the nations are dismayed at them.
၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
3 For the customs of the peoples are vanity; for one cuts a tree out of the forest, the work of the hands of the workman with the ax.
၃လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော ၌ သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊
4 They deck it with silver and with gold. They fasten it with nails and with hammers, so that it can’t move.
၄ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။
5 They are like a palm tree, of turned work, and don’t speak. They must be carried, because they can’t move. Don’t be afraid of them; for they can’t do evil, neither is it in them to do good.”
၅သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
6 There is no one like you, Yahweh. You are great, and your name is great in might.
၆အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။
7 Who shouldn’t fear you, King of the nations? For it belongs to you. Because among all the wise men of the nations, and in all their royal estate, there is no one like you.
၇အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။
8 But they are together brutish and foolish, instructed by idols! It is just wood.
၈သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
9 There is silver beaten into plates, which is brought from Tarshish, and gold from Uphaz, the work of the engraver and of the hands of the goldsmith. Their clothing is blue and purple. They are all the work of skillful men.
၉ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။
10 But Yahweh is the true God. He is the living God, and an everlasting King. At his wrath, the earth trembles. The nations aren’t able to withstand his indignation.
၁၀ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
11 “You shall say this to them: ‘The gods that have not made the heavens and the earth will perish from the earth, and from under the heavens.’”
၁၁သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။
12 God has made the earth by his power. He has established the world by his wisdom, and by his understanding has he stretched out the heavens.
၁၂ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
13 When he utters his voice, the waters in the heavens roar, and he causes the vapors to ascend from the ends of the earth. He makes lightnings for the rain, and brings the wind out of his treasuries.
၁၃အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။
14 Every man has become brutish and without knowledge. Every goldsmith is disappointed by his engraved image; for his molten image is falsehood, and there is no breath in them.
၁၄လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
15 They are vanity, a work of delusion. In the time of their visitation they will perish.
၁၅ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ၌ ကွယ် ပျောက်ကြ လိမ့်မည်။
16 The portion of Jacob is not like these; for he is the maker of all things; and Israel is the tribe of his inheritance. Yahweh of Armies is his name.
၁၆ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
17 Gather up your wares out of the land, you who live under siege.
၁၇အိုရဲတိုက် ၌ နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။
18 For Yahweh says, “Behold, I will sling out the inhabitants of the land at this time, and will distress them, that they may feel it.”
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။
19 Woe is me because of my injury! My wound is serious; but I said, “Truly this is my grief, and I must bear it.”
၁၉ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
20 My tent has been destroyed, and all my cords are broken. My children have gone away from me, and they are no more. There is no one to spread my tent any more, to set up my curtains.
၂၀ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
21 For the shepherds have become brutish, and have not inquired of Yahweh. Therefore they have not prospered, and all their flocks have scattered.
၂၁အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
22 The voice of news, behold, it comes, and a great commotion out of the north country, to make the cities of Judah a desolation, a dwelling place of jackals.
၂၂အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။
23 Yahweh, I know that the way of man is not in himself. It is not in man who walks to direct his steps.
၂၃အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။
24 Yahweh, correct me, but gently; not in your anger, lest you reduce me to nothing.
၂၄အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။
25 Pour out your wrath on the nations that don’t know you, and on the families that don’t call on your name; for they have devoured Jacob. Yes, they have devoured him, consumed him, and have laid waste his habitation.
၂၅ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။