< Genesis 14 >
1 In the days of Amraphel, king of Shinar; Arioch, king of Ellasar; Chedorlaomer, king of Elam; and Tidal, king of Goiim,
၁ထို ရောအခါ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် ၊ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ တို့သည်၊
2 they made war with Bera, king of Sodom; Birsha, king of Gomorrah; Shinab, king of Admah; Shemeber, king of Zeboiim; and the king of Bela (also called Zoar).
၂သောဒုံ မင်းကြီး ဗေရ ၊ ဂေါမောရ မင်းကြီး ဗိရရှ ၊ အာဓမာ မင်းကြီး ရှိနပ် ၊ ဇေဘိုင် မင်းကြီး ရှေမဘာ ၊ ဗေလာ မင်းကြီး တို့နှင့် စစ် တိုက် ကြ၏။ ဗေလပြည်ကား ၊ ဇောရ အမည်လည်းရှိသတည်း။
3 All these joined together in the valley of Siddim (also called the Salt Sea).
၃ထို ပြည်ရှိသမျှ တို့သည်၊ သောဒုံ အိုင် ဖြစ် သော စိဒ္ဒိမ် ချိုင့် တွင် နီးစပ် လျက်ရှိကြ၏။
4 They served Chedorlaomer for twelve years, and in the thirteenth year they rebelled.
၄တဆယ် နှစ် နှစ် ပတ်လုံးခေဒေါရလောမာ မင်းကြီးထံ ကျွန် ခံပြီးလျှင် ၊ တဆယ် သုံး နှစ် မြောက်သောအခါ ပုန်ကန် ကြ၏။
5 In the fourteenth year Chedorlaomer and the kings who were with him came and struck the Rephaim in Ashteroth Karnaim, the Zuzim in Ham, the Emim in Shaveh Kiriathaim,
၅တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊
6 and the Horites in their Mount Seir, to El Paran, which is by the wilderness.
၆စိရ တောင် ပေါ် မှာဟောရိ လူများကို၎င်း လုပ်ကြံ၍၊ တော နား မှာရှိသော ဧလပါရန် မြို့တိုင်အောင် လိုက်ကြ၏။
7 They returned, and came to En Mishpat (also called Kadesh), and struck all the country of the Amalekites, and also the Amorites, that lived in Hazazon Tamar.
၇တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။
8 The king of Sodom, and the king of Gomorrah, the king of Admah, the king of Zeboiim, and the king of Bela (also called Zoar) went out; and they set the battle in array against them in the valley of Siddim
၈ထိုအခါ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာ မင်းကြီး ၊ ဇေဘိုင် မင်းကြီး ၊ ဇောရ တည်း ဟူသော ဗေလာ မင်းကြီး တို့သည် ချီ ထွက်၍ စိဒ္ဒိမ် ချိုင့် ၌ စစ် ပြိုင် ကြ၏။
9 against Chedorlaomer king of Elam, Tidal king of Goiim, Amraphel king of Shinar, and Arioch king of Ellasar; four kings against the five.
၉ထိုသို့ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် တည်း ဟူသော၊ မင်းကြီး လေး ပါးနှင့်၊ မင်းကြီးငါး ပါးတို့သည် စစ်ပြိုင်ကြ၏။
10 Now the valley of Siddim was full of tar pits; and the kings of Sodom and Gomorrah fled, and some fell there. Those who remained fled to the hills.
၁၀စိဒ္ဒိမ် ချိုင့် ၌ ရေညှိ အကျိအချွဲနှင့် ပြည့်သော တွင်း များ ရှိ၏။ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီးတို့သည် ပြေး ၍ ထို တွင်းများ၌ ကျ လေ၏။ ကြွင်း သောသူတို့သည် တောင် သို့ ပြေး ကြ၏။
11 They took all the goods of Sodom and Gomorrah, and all their food, and went their way.
၁၁အောင်သောမင်းတို့သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့၌ ရှိသမျှ သော ဥစ္စာ နှင့် မြို့ရိက္ခါ ရှိသမျှ တို့ကို ယူ ၍ သွား ကြ၏။
12 They took Lot, Abram’s brother’s son, who lived in Sodom, and his goods, and departed.
၁၂သောဒုံ မြို့၌ နေ သောအာဗြံ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ တို့ကိုလည်း သိမ်းယူ ၍ သွား ၏။
13 One who had escaped came and told Abram, the Hebrew. At that time, he lived by the oaks of Mamre, the Amorite, brother of Eshcol and brother of Aner. They were allies of Abram.
၁၃ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲ လူ အာဗြံ နှင့် မိဿဟာယ ဖွဲ့ သောသူ၊ ဧရှကောလ နှင့် အာနေရ ၏အစ်ကို အာမောရိ လူမံရေ ၏ သပိတ်တော နား မှာ နေ သောအာဗြံ ထံသို့ ရောက် ၍ ၊ သိတင်းကြား ပြောလေ၏။
14 When Abram heard that his relative was taken captive, he led out his three hundred and eighteen trained men, born in his house, and pursued as far as Dan.
၁၄အာဗြံ သည် မိမိ အစ်ကို သားကို ဘမ်း သွား ကြောင်း ကိုကြား လျှင် ၊ မိမိ အိမ် ၌ ဘွား ၍ သွန်သင် သော လူသုံး ရာ တဆယ် ရှစ် ယောက်တို့ကို စီရင် ၍ ၊ ဒန် မြို့ တိုင်အောင် လိုက် လေ၏။
15 He divided himself against them by night, he and his servants, and struck them, and pursued them to Hobah, which is on the left hand of Damascus.
၁၅ညဉ့် အခါ၊ မိမိ လူ တို့ကိုခွဲ ၍ တိုက် စေသဖြင့် ၊ လုပ်ကြံ ပြီးလျှင် ၊ ဒမာသက် မြို့မြောက် ဘက် ဟောဘ မြို့ တိုင်အောင် လိုက် ပြန်လေ၏။
16 He brought back all the goods, and also brought back his relative Lot and his goods, and the women also, and the other people.
၁၆ရန်သူတို့သိမ်း သွားသော ဥစ္စာ ရှိသမျှ ကို၎င်း ၊ မိမိ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ ကို၎င်း ၊ မိန်းမ များ နှင့် လူ များကို၎င်း၊ တဖန် ဆောင် ယူခဲ့လေ၏။
17 The king of Sodom went out to meet him after his return from the slaughter of Chedorlaomer and the kings who were with him, at the valley of Shaveh (that is, the King’s Valley).
၁၇ခေဒေါရလောမာ နှင့် ၊ သူ့ဘက်ကနေသောမင်းကြီး တို့ကို လုပ်ကြံ ရာမှ အာဗြံပြန် လာသောအခါ ၊ သောဒုံ မင်းကြီး သည် ခရီးဦးကြို ပြုခြင်းငှါ ရှာဝေ ချိုင့် တည်းဟူသောမင်းကြီး ချိုင့် သို့ ထွက်သွား ၏။
18 Melchizedek king of Salem brought out bread and wine. He was priest of God Most High.
၁၈အမြင့်ဆုံး သော ဘုရား သခင်၏ ယဇ် ပုရောဟိတ်ဖြစ်သော၊ ရှာလင် မင်းကြီး မေလခိဇေဒက် သည်လည်း ၊ မုန့် နှင့် စပျစ်ရည် ကို ဆောင် ခဲ့ပြီးလျှင်၊
19 He blessed him, and said, “Blessed be Abram of God Most High, possessor of heaven and earth.
၁၉ကောင်းကင် မြေကြီး ရှင် ၊ အမြင့်ဆုံး သော ဘုရား သခင်သည် အာဗြံ အား ကောင်းကြီး ပေးတော်မူပါစေသောဟု၊ အာဗြံ ကို ကောင်းကြီး ပေး၍၊
20 Blessed be God Most High, who has delivered your enemies into your hand.” Abram gave him a tenth of all.
၂၀သင် ၏ ရန်သူ တို့ကို သင် ၏လက် ၌ အပ်နှံ တော်မူသော အမြင့်ဆုံး သော ဘုရား သခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏။ အာဗြံသည်လည်း ဥစ္စာ ရှိသမျှတို့ကို၊ ထိုမင်း အား ဆယ် ဘို့တဘို့ လှူ လေ၏။
21 The king of Sodom said to Abram, “Give me the people, and take the goods for yourself.”
၂၁သောဒုံ မင်းကြီး ကလည်း ၊ လူ တို့ကို ကျွန်ုပ် အား ပြန်ပေး ပါ၊ ဥစ္စာ တို့ကိုကား၊ ကိုယ်တိုင် ယူ ပါလော့ဟု အာဗြံ အား ပြော လိုလျှင်၊
22 Abram said to the king of Sodom, “I have lifted up my hand to the LORD, God Most High, possessor of heaven and earth,
၂၂အာဗြံက၊မင်းကြီးသည်အာဗြံ ကိုငါ ရတတ် စေပြီဟုပြော စရာမ ရှိစေခြင်းငှါ
23 that I will not take a thread nor a sandal strap nor anything that is yours, lest you should say, ‘I have made Abram rich.’
၂၃ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊အာနေရ၊ဧရှကောလ၊မံရေ တို့သည်မိမိ တို့အဘို့ ကိုယူ စေခြင်းငှါအခွင့်ပေးသဖြင်သူတို့ယူသောအဘို့ ကို၎င်း၊ထား၍၊မင်းကြီး၏ဥစ္စာ၊အပ်ခြည်တမျှင်ဖြစ်စေခြေနင်း ကြိုး တပင်ဖြစ်စေ၊တစုံတခု ကိုငါမ ယူ ဟု
24 I will accept nothing from you except that which the young men have eaten, and the portion of the men who went with me: Aner, Eshcol, and Mamre. Let them take their portion.”
၂၄ကောင်းကင် မြေကြီး ရှင်၊အမြင့်ဆုံး သောဘုရား သခင်ထာဝရဘုရား ရှေ့တော်၌၊ကျွန်ုပ် သည်လက် ကိုချီ ၍အဓိဌာန်ပြုပါပြီဟု၊သောဒုံ မင်းကြီး အား ပြောဆို လေ၏။