< Acts 21 >
1 And it chaunsed that assone as we had launched forth and were departed from them we came with a strayght course vnto Choon and the daye folowinge vnto the Rhodes and from thence vnto Patara.
၁ထိုသူ များနှင့် ငါ တို့သည် ခွာသွား ၍ သင်္ဘောလွှင့် မှ ကောသ ကျွန်းသို့ တည့်တည့် သွား သဖြင့်၊ နက်ဖြန် နေ့၌ ရောဒု ကျွန်းသို့ ၎င်း၊ ထို ကျွန်းမှ ပါတရ မြို့သို့ ၎င်း ရောက် ကြ၏။
2 And we founde a shippe redy to sayle vnto Phenices and went a borde and set forthe.
၂ဖိနိတ် ပြည်သို့ ကူး သော သင်္ဘော ကိုတွေ့ လျှင်၊ ထိုသင်္ဘောကိုစီး ၍ လွှင့် ပြန်၏။
3 Then appered vnto vs Cyprus and we lefte it on the lefte honde and sayled vnto Syria and came vnto Tyre. For there the shyppe vnladed her burthen.
၃ကုပရု ကျွန်းကိုမြင် လျှင် လက်ျာ ဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ ကူး ၍ တုရု မြို့၌ ဆိုက် လေ၏။ ထို မြို့မှာ သင်္ဘော ၌ပါသော ဝန် ကိုချ ရ၏။
4 And when we had founde brethren we taryed there. vii. dayes. And they tolde Paul thorowe ye sprete that he shuld not goo vp to Ierusalem.
၄တပည့် တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ် ရက် နေ ကြ၏။ ပေါလု သည် ယေရုရှလင် မြို့သို့ မ တက် ရမည် အကြောင်း၊ ထို တပည့်တော် တို့သည် ဝိညာဉ် တော်အားဖြင့် ပြော ကြ၏။
5 And when the dayes were ended we departed and went oure wayes and they all brought vs on oure waye wt their wyves and chyldren tyll we were come out of the cyte. And we kneled doune in the shore and prayde.
၅ခုနစ်ရက် စေ့ သောအခါ တပည့်တော်အပေါင်းတို့သည် သား မယား နှင့်တကွ မြို့ ပြင် သို့ ငါ တို့ကို ပို့ လိုက် ကြ၍ ငါတို့သည်ထွက် သွား ပြီးလျှင်၊ ပင်လယ်ကမ်း ပေါ်၌ ဒူး ထောက် လျက် ဆုတောင်း ကြ၏။
6 And when we had taken oure leave one of another we toke shyppe and they returned home agayne.
၆အချင်းချင်း နှုတ်ဆက် ပြီးမှငါတို့သည် သင်္ဘော ပေါ်သို့ တက် ၍ သူ တို့သည် မိမိ အိမ်သို့ ပြန် ကြ၏။
7 When we had full ended the course fro Tyre we aryved at Ptolomaida and saluted the brethren and abode with the one daye.
၇တုရု မြို့မှ ပတောလင် မြို့သို့ ရောက် လျှင်၊ ပင်လယ်ကူး ခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကို တို့နှင့် နှုတ်ဆက် ၍ တစ် ရက် နေ ပြီးမှ၊
8 The nexte daye we that were of Pauls copany departed and came vnto Cesarea. And we entred into the housse of Philip ye Evagelist which was one of the seve deacones and abode with him.
၈နက်ဖြန် နေ့၌ ထွက်သွား ပြန်၍ ကဲသရိ မြို့သို့ ရောက် လျှင်၊ ဆရာခုနစ် ပါးအဝင် သာသနာပြု ဆရာ ဖိလိပ္ပု ၏ အိမ် သို့ ဝင် ၍နေ ကြ၏။
9 The same man had fower doughters virges which dyd prophesy.
၉ထိုသူ ၌ ပရောဖက် ပြုသော သမီး ကညာ လေး ယောက်ရှိ ၏။
10 And as we taried there a good many dayes there came a certayne prophete from Iurie named Agabus.
၁၀ထိုအိမ်၌တာရှည် စွာနေ ကြပြီးမှ အာဂဗု အမည် ရှိသော ပရောဖက် တစ် ယောက်သည် ယုဒ ပြည်မှ လာ ၍၊
11 When he was come vnto vs he toke Pauls gerdell and bounde his hondes and fete and sayde: thus saith the holy goost: so shall ye Iewes at Ierusalem bynde the man yt oweth this gerdell and shall delyver him into the hondes of the gentyls.
၁၁ငါ တို့ရှိရာ သို့ဝင် သဖြင့်၊ ပေါလု ၏ ခါးပန်း ကိုယူ ၍ မိမိ ခြေ လက် ကိုချည်နှောင် ပြီးလျှင်၊ ဤ ခါးပန်း ရှင် ကို ယုဒ လူတို့သည် ယေရုရှလင် မြို့၌ ချည်နှောင် ၍၊ တစ်ပါး အမျိုးသားတို့လက် သို့ အပ်နှံ ကြလိမ့်မည်ဟု သန့်ရှင်း သော ဝိညာဉ် တော်မိန့် တော်မူသည်ဟုဆို ၏။
12 When we hearde this both we and other of the same place besought him that he wolde not goo vp to Ierusalem.
၁၂ထို စကားကိုကြား လျှင်၊ ငါ တို့နှင့် ထို အရပ်၌ ရှိသော သူ တို့က၊ ယေရုရှလင် မြို့သို့ မ သွား ပါနှင့်ဟု ပေါလု ကိုတောင်းပန် ကြ၏။
13 Then Paul answered and sayde: what do ye wepynge and breakinge myne hert? I am redy not to be bound only but also to dye at Ierusalem for ye name of ye Lorde Iesu.
၁၃ပေါလု ကလည်း၊ အဘယ်ကြောင့် ငိုကြွေး လျက် ငါ့ စိတ်နှလုံး ကို ကြေကွဲ စေလျက် ပြုကြသနည်း။ သခင် ယေရှု ၏ နာမ တော်ကြောင့် ယေရုရှလင် မြို့၌ ချည်နှောင် ခြင်းမက ၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှာငါ အသင့် ရှိ သည်ဟုဆို ၏။
14 When we coulde not turne his mynde we ceased sayinge: the will of ye Lorde be fulfilled.
၁၄ထိုသို့သွေးဆောင် ခြင်းသို့မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင် ဘုရား အလို တော်ရှိသည်အတိုင်း ဖြစ် ပါစေဟု ဆို ကြ၏။
15 After those dayes we made oure selfes redy and went vp to Ierusalem.
၁၅ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင် မြို့သို့သွား ကြ၏။
16 There went with vs also certayne of his disciples of Cesarea and brought with them one Mnason of Cyprus an olde disciple with whom we shuld lodge.
၁၆ကဲသရိ မြို့သားတပည့် တော်အချို့ တို့သည် ငါ တို့နှင့်အတူ လိုက် ကြ၍၊ ငါတို့ကိုဧည့်ခံ မည့်သူ မနာသုန် အမည်ရှိသော ကုပရု ကျွန်း သား အသက်ကြီး သော တပည့် တော်ဆီသို့ပို့ဆောင် ကြ၏။
17 And when we were come to Ierusalem the brethren receaved vs gladly.
၁၇ယေရုရှလင် မြို့သို့ ရောက် သောအခါ၊ ညီအစ်ကို တို့သည် ကြည်ညို သောစိတ်နှင့် ငါ တို့ကို လက်ခံ ကြ၏။
18 And on the morowe Paul wet in with vs vnto Iames. And all the elders came to geder.
၁၈နက်ဖြန် နေ့၌ပေါလု သည် ငါ တို့နှင့်တကွ ယာကုပ် ထံသို့ ဝင် လျှင် သင်းအုပ် အပေါင်း တို့သည် စည်းဝေး ကြ၏။
19 And when he had saluted them he tolde by order all thinges that God had wrought amoge the getyls by his ministracion.
၁၉ပေါလုသည်ထိုသူ များကို နှုတ်ဆက် ပြီးလျှင် ၊ မိမိ သည် ဓမ္မဆရာ အမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် သည် တစ်ပါး အမျိုးသားတို့တွင် ပြု တော်မူသမျှတို့ကို သေချာစွာထုတ်ဖေါ် ပြသလေ၏။
20 And when they hearde it they glorified the Lorde and sayde vnto him: thou seist brother how many thousande Iewes ther are which beleve and they are all zelous over ye lawe.
၂၀ထိုသူ တို့သည်ကြား လျှင်၊ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။ ပေါလု အားလည်း ၊ ငါတို့ညီ ၊ ယုံကြည် သော ယုဒ လူဘယ်နှစ် သောင်း ရှိ သည်ကို သင်သည် သိမြင် ၏။ ထိုသူအပေါင်း တို့သည် ပညတ် တရား ဘက်၌ စိတ်အားကြီး သောသူဖြစ် ကြ၏။
21 And they are informed of the that thou teachest all the Iewes which are amoge the gentyls to forsake Moses and sayst that they ought not to circumcise their chyldren nether to live after the customes.
၂၁တစ်ပါး အမျိုးသားတို့တွင် နေသော ယုဒ လူ အပေါင်း တို့သည် သူငယ် တို့အားအရေဖျားလှီး ခြင်းကို မ ပေးရကြ။ ရှေးထုံးတမ်း အတိုင်း မ ကျင့် ရကြဟု သင် သည် ဆို လျက်၊ သူတို့သည်မောရှေ တရားကိုစွန့် စေခြင်းငှာ ဆုံးမ ဩဝါဒပေးတတ်သည်ကို ဤ လူတို့သည် သိတင်းကြား ကြ ပြီ။
22 What is it therfore? The multitude must nedes come togeder. For they shall heare that thou arte come.
၂၂သို့ဖြစ်၍ အဘယ်သို့ ပြု ရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက် ကြောင်း ကို ကြားသိ လိမ့်မည်။
23 Do therfore this that we saye to the. We have. iiii. men which have a vowe on them.
၂၃ထိုကြောင့် အကျွန်ုပ် တို့ဆို သည်အတိုင်း ပြု ပါလော့။ သစ္စာ ဂတိ ပြု ပြီးသော လူ လေး ယောက်သည် အကျွန်ုပ် တို့တွင်ရှိ ၏။
24 Them take and purifye thy selfe with them and do cost on them that they maye shave their heeddes and all shall knowe yt tho thinges which they have hearde concerninge the are nothinge: but that thou thy selfe also walkest and kepest the lawe.
၂၄ထိုသူ တို့ကို ယူ ၍ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုလျက်၊ သူ တို့ခေါင်း ရိတ် ခြင်းစရိတ် ကို ပေးပါလော့။ ထိုသို့ပြုလျှင်လူအပေါင်းတို့သည် မိမိတို့ကြား သော သိတင်းစကား မမှန်သည်ကို၎င်း၊ သင် သည် ကိုယ်တိုင် ပညတ် တရားကိုစောင့်ရှောက် ၍ ကျင့် နေသည်ကို၎င်း သိ ရကြ လိမ့်မည်။
25 For as touchinge the gentyls which beleve we have written and concluded yt they observe no soche thinges: but that they kepe them selves from thinges offred to ydoles from bloud fro strangled and fro fornicacion.
၂၅ယုံကြည် ခြင်းသို့ ရောက်သောတစ်ပါး အမျိုးသားတို့မူကား ၊ ထိုသို့သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တု ရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း ၊ အသွေး ကို ၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရား သော မေထုန်ကို၎င်း၊ ရှောင် စေခြင်းငှာသာ ငါ တို့သည် စီရင် ၍ ကြား လိုက်ခဲ့ပြီဟုဆို ကြ၏။
26 Then the nexte daye Paul toke the men and purified him selfe with them and entred into the teple declaringe that he observed the dayes of ye purificacio vntyll that an offeringe shuld be offred for every one of them.
၂၆ထိုအခါပေါလု သည် ထိုသူ တို့ကိုခေါ် ၍ နက်ဖြန် နေ့၌ သူ တို့နှင့်တကွ စင်ကြယ် ခြင်းကိုပြုပြီးမှ၊ ဗိမာန် တော်သို့ ဝင် ၍ သူ တို့အတွက် အသီးအခြား ပူဇော် သက္ကာပြု ရသောအချိန်တည်းဟူသောစင်ကြယ် ခြင်း ကိုပြုရ သော နေ့ရက် စေ့ မည့်အချိန်ကို ကြားပြော လေ၏။
27 And as the seven dayes shuld have bene ended ye Iewes which were of Asia when they sawe him in the teple they moved all the people and layde hondes on him
၂၇ထို ခုနစ် ရက် စေ့လု သောအခါ ၊ အာရှိ ပြည်မှ လာသောယုဒ လူတို့သည် ဗိမာန် တော်၌ ပေါလု ကိုမြင် လျှင် စုဝေး သောလူအပေါင်း တို့ကိုတိုက်တွန်း နှိုးဆော်၍ ၊ ဣသရေလ လူ တို့၊ ကူမ ကြပါ။
28 cryinge: men of Israel helpe. This is the man that teacheth all men every where agaynst the people and the lawe and this place. Moreover also he hath brought Grekes into the teple and hath polluted this holy place.
၂၈ဤ သူကား၊ ငါတို့အမျိုး နှင့် ပညတ် တရားကို၎င်း ဤ အရပ် ဌာနကို၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ ဆန့်ကျင်ဘက် ပြု၍၊ လူအပေါင်း တို့အား ဆုံးမ ဩဝါဒပေးသောသူဖြစ် ပါ၏။ ထိုမျှမက ၊ ဟေလသ လူတို့ကို ဗိမာန် တော်ထဲသို့ သွင်း ၍၊ ဤ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေပြီတကားဟု ဟစ်ကြော် ၍၊ ပေါလု ကို ဘမ်းဆီး ကြ၏။
29 For they sawe one Trophimus an Ephesian with him in the cyte. Him they supposed Paul had brought into the teple.
၂၉အထက်ကမြို့ ထဲ၌ ပေါလု နှင့်အတူ တရောဖိမ် အမည်ရှိသော ဧဖက် မြို့သားတစ်ယောက်ကို မြင် ကြ သည်ဖြစ်၍ ၊ ထိုသူကိုပေါလု သည်ဗိမာန် တော်ထဲသို့ သွင်း သည်ဟု ထင်မှတ် ကြ၏။
30 And all the cyte was moved and the people swarmed to geder. And they toke Paul and drue him out of the teple and forthwith the dores were shut to.
၃၀တစ်မြို့လုံး ရုန်းရင်းခတ် မျှ ဖြစ်လျှင်၊ လူ များတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလု ကိုကိုင်ယူ ၍ ဗိမာန် တော်ပြင် သို့ ဆွဲငင် ပြီးမှတခဏခြင်း တံခါး များတို့ကို ပိတ် ထားကြ၏။
31 As they went about to kyll him tydinges came vnto the hye captayne of the soudiers that all Ierusalem was moved.
၃၁ပေါလု ကိုသတ် မည်ဟု အားထုတ် ကြသောအခါ၊ ယေရုရှလင် မြို့ တစ်မြို့လုံးမငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ် သော စစ်သူကြီး သည် သိတင်း ကြား လျှင်၊
32 Which immediatly toke soudiers and vndercaptaynes and ranne doune vnto them. When they sawe ye vpper captayne and the soudiers they lefte smytinge of Paul.
၃၂စစ်သူရဲ များနှင့် တပ်မှူး တို့ကို အလျင်အမြန် ခေါ် ၍ ထိုသူ တို့ရှိရာသို့ ဆင်းပြေး၏ ။ ထိုသူတို့သည် စစ်သူကြီး နှင့် စစ်သူရဲ တို့ကိုမြင် လျှင်၊ ပေါလု ကိုမ ရိုက် ဘဲနေကြ၏။
33 Then the captayne came neare and toke him and comaunded him to be bounde with two chaynes and demaunded what he was and what he had done.
၃၃ထိုအခါ စစ်သူကြီး သည်အနီး သို့ရောက်၍ ပေါလု ကိုကိုင်ယူ ပြီးလျှင် ၊ သံကြိုး နှစ် စင်းနှင့် ချည် ချေ ဟုစီရင် ၍၊ ဤသူသည်အဘယ်သူ နည်း။ အဘယ် အမှုကို ပြု မိသနည်းဟုမေးစစ် လေ၏။
34 And one cryed this another that amoge the people. And whe he coulde not knowe the certayntie for ye rage he comaunded him to be caryed into the castle.
၃၄လူ အစုအဝေးထဲ၌ အသီးသီး အခြားခြားဟစ်ကြော် ၍ အသံ များ သောကြောင့် ၊ စစ်သူကြီး သည် အမှန် ကိုမ သိ နိုင် သဖြင့် ၊ ပေါလု ကိုရဲတိုက် ထဲသို့ ဆောင်သွား စေခြင်းငှာစီရင် ပြန်လေ၏။
35 And whe he came vnto a grece it fortuned that he was borne of the soudiers of the violence of the people.
၃၅လူ များတို့သည် ပြင်းထန် သောကြောင့် ၊ လှေကား ပေါ်သို့ ရောက် သောအခါ ၊ စစ်သူရဲ တို့သည် ပေါလု ကို ချီပွေ့ ၍ ဆောင်ရကြ၏။
36 For the multitude of the people folowed after cryinge: awaye wt him.
၃၆သူ့ ကိုထုတ် လော့ဟု လူ များအပေါင်း တို့သည် ဟစ်ကြော် လျက် လိုက် ကြ၏။
37 And as Paul shuld have bene caryed into the castle he sayde vnto the hye Captayne: maye I speake vnto the? Which sayde: canst thou speake Greke?
၃၇ပေါလု သည်ရဲတိုက် ထဲသို့ ဝင် လု သောအခါ၊ အကျွန်ုပ် သည် ကိုယ်တော် နှင့် စကား ပြောရပါမည် လောဟု စစ်သူကြီး အားမေး လျှင် စစ်သူကြီးကသင်သည် ဟေလသ စကားကိုပြော တတ်သလော။
38 Arte not thou that Egypcian which before these dayes made an vproure and ledde out into the wildernes. iiii. thousande men that were mortherers?
၃၈သင် သည်အထက် ကပုန်ကန် ၍ ဓားပြ လေးထောင် တို့ကို တော သို့ ခေါ်သွား သော အဲဂုတ္တု လူဖြစ်သည် မ ဟုတ် လောဟု မေး ၏။
39 But Paul sayde: I am a ma which am a Iewe of Tharsus a cite in Cicill a Citesyn of no vyle cite I beseche ye soffre me to speake vnto ye people.
၃၉ပေါလု ကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွားသော ယုဒ လူ ဖြစ် ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့ မ ဟုတ်။ ဤသူ တို့အား အကျွန်ုပ် ပြော ရသော အခွင့် ကိုပေးပါ။ အကျွန်ုပ်ပန်ကြား ပါသည်ဟုဆို ၏။
40 When he had geve him licece Paul stode on ye steppes and beckned with the honde vuto the people and ther was made a greate silence. And he spake vnto the in ye Ebrue tonge sayinge:
၄၀စစ်သူကြီး သည်အခွင့် ပေးသဖြင့် ၊ ပေါလု သည် လှေကား ပေါ်မှာ ရပ် ၍ထိုလူ တို့အား မိမိလက် နှင့် အမှတ်ပေး လေ၏။ သူတို့သည်အလွန် တိတ်ဆိတ် စွာ နေ ကြသောအခါ ၊ ဟေဗြဲ ဘာသာ အားဖြင့်မြွက်ဆို လျက်၊