< Genesis 6 >
1 When people began to become very numerous all over the earth, and many daughters were born to them,
၁မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
2 some of the men who (belonged to/believed in) God saw that some of the women who did not (belong to/believe in) God were very beautiful. So they took whichever ones they chose to become their wives.
၂ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
3 Then Yahweh said, “[I will] not [allow] my Spirit to keep people alive forever (OR, the breath of life will not remain in people forever). They will die eventually. They will live not more than 120 years before they die (OR, there will be only 120 more years before they die).”
၃ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
4 There were [giants called] Nephils who lived on the earth at that time and later. During that time [some of the Nephil] men who (belonged to/believed in) God had sex [EUP] with women who did not (belong to/believe in) God, and they gave birth to children. The Nephils were considered to be heroic fighters, and they became famous.
၄ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
5 Yahweh saw that people on the earth had become very wicked, and that everything they thought about evil things continually.
၅မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
6 Yahweh was sorry that he had made people.
၆မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
7 So he said, “I will completely destroy the people I made. I will also destroy all the animals and the creatures that scurry across the ground and the birds. None of them will remain on the earth, because I regret that I made them.”
၇ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
8 But Yahweh was pleased with Noah.
၈နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
9 This is why: Noah was a man who always acted in a righteous way. No one who lived at that time could criticize him about anything. Noah lived in close fellowship with God.
၉နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
10 Noah became the father of three sons: Shem, Ham, and Japheth.
၁၀နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
11 At that time God considered that everyone else on earth was very wicked, and everywhere on the earth, people [MTY] were acting cruelly and violently toward each other.
၁၁ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
12 God was dismayed when he saw how evil people [MTY] were, because everyone (OR, all living creatures) had begun to behave in an evil way.
၁၂ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
13 So God said to Noah, “I have decided to destroy everyone, because all over the earth people are acting violently toward each other. So I am about to get rid of them as well as everything else on the earth.
၁၃ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
14 [I want you to] make for yourself a large boat from cypress wood. Make rooms inside it. Cover the outside and the inside with tar [to make it (waterproof/so that water cannot get in and sink the boat]).
၁၄ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
15 This is the size you must make it: It shall be (150 yards/135 meters) long, (25 yards/22.5 meters) wide, and (15 yards/13.5 meters) high.
၁၅လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
16 Make a roof for the boat. Leave a space of about (18 in./.5 meter) between the sides and the roof to let air and light enter (OR, the middle of the roof should be 18 inches higher than the sides). Build the boat with three decks inside, and put a door in one side.
၁၆အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
17 Listen carefully! I am about to cause a flood to occur that will destroy every creature that lives beneath the sky. Everything on the earth will die.
၁၇အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
18 But I will make an agreement with you(sg): You and your wife, your sons and their wives will enter the boat.
၁၈သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
19 And I want to save some of all kinds of creatures. So you must also bring two of all living creatures, a male and a female, into the boat with you, so that their species also may remain alive.
၁၉အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
20 Two of every kind of creature will come to [in order that by your putting them in the boat] you will keep them alive. They will include two of each kind of bird and each kind of animal and each kind of creature that scurries across the ground.
၂၀ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
21 You must also take some of every kind of food that you and all these animals will need, and store it in the boat.”
၂၁ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
22 So Noah did everything that God told him to do.
၂၂မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။