< Joshua 15 >

1 The lot for the tribe of the descendants of Judah according to their families was to the border of Edom, even to the wilderness of Zin southward, toward the Negev in the far south.
ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
2 Their south border was from the uttermost part of the Salt Sea, from the bay that looks southward;
တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
3 and it went out southward of the ascent of Akrabbim, and passed along to Zin, and went up by the south of Kadesh Barnea, and passed along by Hezron, went up to Addar, and turned about to Karka;
တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊
4 and it passed along to Azmon, went out at the Wadi of Egypt; and the border ended at the sea. This was their southern border.
အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
5 The east border was the Salt Sea, even to the end of the Jordan. The border of the north quarter was from the bay of the sea at the end of the Jordan.
အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊
6 The border went up to Beth Hoglah, and passed along by the north of Beth Arabah; and the border went up to the Stone of Bohan the son of Reuben.
ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။
7 The border went up to Debir from the Valley of Achor, and so northward, looking toward Gilgal, that is over against the ascent of Adummim, which is on the south side of the river. The border passed along to the waters of En Shemesh, and ended at En Rogel.
အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
8 The border went up by the Valley of Ben Hinnom to the slope of the Jebusites southward (that is, Jerusalem); and the border went up to the top of the mountain that lies before the Valley of Hinnom westward, which is at the farthest part of the Valley of Rephaim northward.
ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
9 The border extended from the top of the mountain to the spring of the waters of Nephtoah, and went out to the cities of Mount Ephron; and the border extended to Baalah (that is, Kiriath Jearim);
ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
10 and the border turned about from Baalah westward to Mount Seir, and passed along to the side of Mount Jearim on the north (that is, Kesalon), and went down to Beth Shemesh, and passed along by Timnah;
၁၀ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊
11 and the border went out to the side of Ekron northward; and the border extended to Shikkeron, and passed along to Mount Baalah, and went out at Jabneel; and the goings out of the border were at the sea.
၁၁ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
12 The west border was to the shore of the Great Sea. This is the border of the descendants of Judah according to their families.
၁၂အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13 To Caleb the son of Jephunneh he gave a portion among the descendants of Judah, according to the commandment of the LORD to Joshua, even Kiriath Arba, named after the father of Anak (that is, Hebron).
၁၃ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
14 Caleb drove out the three sons of Anak: Sheshai, and Ahiman, and Talmai, the descendants of Anak.
၁၄ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
15 He went up against the inhabitants of Debir. Now the name of Debir formerly was Kiriath Sepher.
၁၅ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16 Caleb said, "He who strikes Kiriath Sepher, and takes it, to him will I give Achsah my daughter as wife."
၁၆ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17 Othniel the son of Kenaz, the brother of Caleb, took it: and he gave him Achsah his daughter as wife.
၁၇ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18 It happened, when she came, that she had him ask her father for a field. She got off of her donkey, and Caleb said, "What do you want?"
၁၈ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
19 She said, "Give me a blessing. Because you have set me in the land of the Negev, give me also springs of water." He gave her the upper springs and the lower springs.
၁၉သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
20 This is the inheritance of the tribe of the descendants of Judah according to their families.
၂၀ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
21 The farthest cities of the tribe of the descendants of Judah toward the border of Edom in the south were Kabzeel, and Arad, and Jagur,
၂၁ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
22 and Kinah, and Dimonah, and Adadah,
၂၂ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
23 and Kedesh, and Hazor Ithnan,
၂၃ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
24 Ziph, and Telem, and Bealoth,
၂၄ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
25 and Hazor Hadattah, and Kerioth Hezron (that is, Hazor),
၂၅ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊
26 Amam, and Shema, and Moladah,
၂၆အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
27 and Hazar Gaddah, and Heshmon, and Beth Pelet,
၂၇ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
28 and Hazar Shual, and Beersheba and its villages,
၂၈ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊
29 Baalah, and Iyim, and Ezem,
၂၉ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
30 and Eltolad, and Bethul, and Hormah,
၃၀ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
31 and Ziklag, and Madmannah, and Sansannah,
၃၁ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
32 and Lebaoth, and Shilhim, and En Rimmon. All the cities are twenty-nine, with their villages.
၃၂လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။
33 In the lowland, Eshtaol, and Zorah, and Ashnah,
၃၃ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
34 and Zanoah, and En Gannim, Tappuah, and Enam,
၃၄ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
35 Jarmuth, and Adullam, Socoh, and Azekah,
၃၅ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
36 and Shaaraim, and Adithaim, and Gederah, and its sheepfolds; fourteen cities with their villages.
၃၆ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37 Zenan, and Hadashah, and Migdal Gad,
၃၇ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
38 and Dilean, and Mizpeh, and Joktheel,
၃၈ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
39 Lachish, and Bozkath, and Eglon,
၃၉လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
40 and Cabbon, and Lahmas, and Kitlish,
၄၀ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
41 and Gederoth, Beth Dagon, and Naamah, and Makkedah; sixteen cities with their villages.
၄၁ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
42 Libnah, and Ether, and Ashan,
၄၂ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
43 and Iphtah, and Ashnah, and Nezib,
၄၃ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
44 and Keilah, and Achzib, and Mareshah; nine cities with their villages.
၄၄ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
45 Ekron, with its towns and its villages;
၄၅ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
46 from Ekron even to the sea, all that were by the side of Ashdod, with their villages.
၄၆ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊
47 Ashdod, its towns and its villages; Gaza, its towns and its villages; to the Wadi of Egypt, and the Great Sea with its coastline.
၄၇အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊
48 In the hill country, Shamir, and Jattir, and Socoh,
၄၈တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊
49 and Rannah, and Kiriath Sepher (which is Debir),
၄၉ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊
50 and Anab, and Eshtemoh, and Anim,
၅၀အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
51 and Goshen, and Holon, and Giloh; eleven cities with their villages.
၅၁ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။
52 Arab, and Rumah, and Eshan,
၅၂အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
53 and Janum, and Beth Tappuah, and Aphekah,
၅၃ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
54 and Humtah, and Kiriath Arba (that is, Hebron), and Zior; nine cities with their villages.
၅၄ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
55 Maon, Carmel, and Ziph, and Juttah,
၅၅မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
56 and Jezreel, and Jokdeam, and Zanoah,
၅၆ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
57 Kain, Gibeah, and Timnah; ten cities with their villages.
၅၇ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
58 Halhul, Beth Zur, and Gedor,
၅၈ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59 and Maarath, and Beth Anoth, and Eltekon; six cities with their villages. Tekoa, and Ephrathah (that is, Bethlehem), and Peor, and Etam, and Kolan, and Tatem, and Shoresh, and Kerem, and Gallim, and Bether, and Manocho; eleven cities with their villages.
၅၉မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။
60 Kiriath Baal (that is, Kiriath Jearim), and Rabbah; two cities with their villages.
၆၀ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
61 In the wilderness, Beth Arabah, Middin, and Secacah,
၆၁တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊
62 and Nibshan, and Ir Hamelach, and En Gedi; six cities with their villages.
၆၂နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။
63 As for the Jebusites, the inhabitants of Jerusalem, the descendants of Judah couldn't drive them out; but the Jebusites live with the descendants of Judah at Jerusalem to this day.
၆၃ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

< Joshua 15 >