< Ezekiel 4 >

1 “And you, son of man, take a brick for yourself, and you have put it before you, and have carved a city on it—Jerusalem,
တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။
2 and have placed a siege against it, and built a fortification against it, and poured out a mound against it, and placed camps against it, indeed, set battering-rams against it all around.
မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။
3 And you, take an iron pan for yourself, and you have made it a wall of iron between you and the city; and you have prepared your face against it, and it has been in a siege, indeed, you have laid siege against it. It [is] a sign to the house of Israel.
ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။
4 And you, lie on your left side, and you have placed the iniquity of the house of Israel on it; the number of the days that you lie on it, you bear their iniquity.
ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။
5 And I have laid the years of their iniquity on you, the number of days, three hundred and ninety days; and you have borne the iniquity of the house of Israel.
အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။
6 And you have completed these, and have lain on your right side, a second time, and have borne the iniquity of the house of Judah forty days—a day for a year—a day for a year I have appointed to you.
ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။
7 And to the siege of Jerusalem you prepare your face, and your arm [is] uncovered, and you have prophesied concerning it.
သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။
8 And behold, I have put thick bands on you, and you do not turn from side to side until your completing the days of your siege.
ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။
9 And you, take for yourself wheat, and barley, and beans, and lentiles, and millet, and spelt, and you have put them in one vessel, and made them for bread for yourself; the number of the days that you are lying on your side—three hundred and ninety days—you eat it.
ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။
10 And your food that you eat [is] by weight, twenty shekels daily; from time to time you eat it.
၁၀ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။
11 And you drink water by measure, a sixth part of the hin; from time to time you drink [it].
၁၁ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။
12 And you eat it [as] barley-cake, and it with dung—the filth of man—you bake before their eyes.”
၁၂မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။
13 And YHWH says, “Thus the sons of Israel eat their defiled bread among the nations to where I drive them.”
၁၃ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14 And I say, “Aah! Lord YHWH, behold, my soul is not defiled, and carcass, and torn thing, I have not eaten from my youth, even until now; nor has abominable flesh come into my mouth.”
၁၄ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊
15 And He says to me, “See, I have given to you bullock’s dung instead of man’s dung, and you have made your bread by it.”
၁၅လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။
16 And He says to me, “Son of man, behold, I am breaking the staff of bread in Jerusalem, and they have eaten bread by weight and with fear; and water by measure and with astonishment, they drink;
၁၆တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။
17 so that they lack bread and water, and have been astonished with one another, and been consumed in their iniquity.”
၁၇မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။

< Ezekiel 4 >