< Nehemiah 2 >
1 Nowe in the moneth Nisan in the twentieth yere of king Artahshashte, the wine stoode before him, and I tooke vp the wine, and gaue it vnto the King. nowe I was not before time sad in his presence.
၁အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်၊ နိသန် လ တွင် ရှေ့ တော်၌ တင်သောစပျစ်ရည် ကို ငါကိုင် ၍ ဆက် လေ၏။
2 And the king said vnto me, Why is thy coutenance sad, seeing thou art not sicke? this is nothing, but sorow of heart. Then was I sore afrayd,
၂အထက်ကတခါမျှရှေ့ တော်၌ ညှိုးငယ် သော မျက်နှာကို မ ပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင် က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်း။ ဝမ်းနည်း ဟန်ရှိပါသည်တကားဟု မိန့် တော်မူလျှင်၊
3 And I said to the King, God saue the King for euer: why should not my countenance be sad, when the citie and house of the sepulchres of my fathers lieth waste, and the gates thereof are deuoured with fire?
၃ငါသည်အလွန် ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ် အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ သည် ပျက်စီး လျက် ၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော် သည် မျက်နှာ မ ညှိုးငယ် ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက် သော်၊
4 And the King said vnto me, For what thing doest thou require? Then I prayed to the God of heauen,
၄
5 And sayde vnto the King, If it please the King, and if thy seruant haue found fauour in thy sight, I desire that thou wouldest send me to Iudah vnto the city of the sepulchres of my fathers, that I may buyld it.
၅ရှင်ဘုရင် က၊ အဘယ် သို့တောင်း လျှောက်ချင် သနည်းဟုမေး တော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလို တော်ရှိ၍ ကျွန် တော်ကို စိတ် နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်း ရှိရာမြို့ ကို ကျွန်တော်ပြုစု ရမည်အကြောင်း ၊ ယုဒ ပြည်သို့ စေလွှတ် တော်မူပါဟု ကောင်းကင်ဘုံ ၏အရှင်ဘုရားသခင် အား ဆုတောင်း ပြီးမှလျှောက် လေ၏။
6 And the King sayd vnto me, (the Queene also sitting by him) How long shall thy iourney be? and when wilt thou come againe? So it pleased the King, and he sent me, and I set him a time.
၆ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင် နေစဉ်၊ ရှင်ဘုရင် က၊ သင် သွား လျှင် အဘယ် မျှ ကာလကြာလိမ့်မည် နည်း။ အဘယ် ကာလမှ ပြန် လာမည်နည်းဟုမေး တော်မူသော်၊ ကာလ အချိန်ကို ငါလျှောက် ထားပြီးမှ ၊ ရှင် ဘုရင်သည် အလို တော်ရှိ၍ ငါ့ ကို လွှတ် လိုက်တော်မူ၏။
7 After I saide vnto the King, If it please the King, let them giue mee letters to the captaines beyond the Riuer, that they may conuay me ouer, till I come into Iudah,
၇တဖန်တုံ၊ ရှင်ဘုရင် အလို တော်ရှိလျှင် ၊ မြစ် အနောက် ဘက်၌ရှိသောမြို့ဝန် တို့သည် ကျွန်တော် ကို မဆီး မတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
8 And letters vnto Asaph the keeper of the Kings parke, that hee may giue me timber to buylde the gates of the palace (which apperteined to the house) and for the walles of the citie, and for the house that I shall enter into. And the King gaue me according to the good hand of my God vpon me.
၈ဥယျာဉ် တော်မှူးအာသပ် သည် ဗိမာန် တော် ရဲတိုက် တံခါး တိုင် နှင့် တံခါးထုပ်ဘို့ ၎င်း၊ မြို့ရိုး နှင့် ကျွန်တော်နေရာ အိမ် ဘို့ ၎င်း၊ သစ် ကိုပေး ရမည် အကြောင်း ၊ အမိန့်တော်စာ ကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ ၏ ဘုရား သခင့်တန်ခိုး ကျေးဇူး တော်ကြောင့် ရှင် ဘုရင်သည် ပေး သနားတော်မူ ၏။
9 Then came I to the captaines beyonde the Riuer, and gaue them the Kings letters. And the King had sent captaines of the armie and horsemen with me.
၉ထိုအခါ မြစ် အနောက် ဘက်မြို့ဝန် တို့ထံ သို့ငါရောက် ၍ ရှင်ဘုရင် ၏ အမိန့်တော်စာ ကိုပြ ၏။ ရှင် ဘုရင်သည်လည်း တပ်မှူး နှင့် မြင်းစီး သူရဲတို့ကို ငါ နှင့်အတူ စေလွှတ် တော်မူသတည်း။
10 But Sanballat the Horonite, and Tobiah a seruant an Ammonite heard it, and it grieued them sore, that there was come a man which sought the wealth of the children of Israel.
၁၀ဣသရေလ အမျိုးသားတို့၏ အကျိုး ကို ပြုစု ခြင်းငှါ ၊ လူ တယောက်လာ ကြောင်းကို ၊ ဟောရနိ လူ သမ္ဘာလက် နှင့် ကျွန်ခံသူ အမ္မုန် အမျိုးသားတောဘိ တို့ သည် ကြား သော်၊ အလွန် နှလုံး မသာရှိကြ၏။
11 So I came to Ierusalem, and was there three dayes.
၁၁ငါသည်လည်း ၊ ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ပြီးမှ၊
12 And I rose in the night, I, and a fewe men with me: for I told no man, what God had put in mine heart to do at Ierusalem, and there was not a beast with me, saue the beast whereon I rode.
၁၂ကိုယ် ၌ ပါသောသူ အချို့ တို့နှင့်တကွ၊ ညဉ့် အခါ ထ ၍ ယေရုရှလင် မြို့အဘို့ ပြု ခြင်းငှါ ၊ ငါ ၏ဘုရား သခင်သည် ငါ့ အား အဘယ်သို့သော အကြံ ပေး တော်မူသည်ကို၊ အခြား သော သူတယောက်အား မျှမ ပြော ၊ ကိုယ် စီး သော မြင်း မှတပါး အဘယ် အရာမျှမပါဘဲ၊
13 And I went out by night by the gate of the valley, and came before the dragon well, and to the dung porte, and vewed the walles of Ierusalem, howe they were broken downe, and the portes thereof deuoured with the fire.
၁၃ညဉ့် အခါ ချိုင့် တံခါး ဖြင့် ထွက် ၍ ၊ နဂါး ရေတွင်း တစ်ဘက်တချက် ၊ နောက်ချေး တံခါး တိုင်အောင် သွား သဖြင့်၊ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ မရှိသည်ကို ကြည့်ရှု ပြီးမှ၊
14 Then I went foorth vnto the gate of the fountaine, and to the Kings fishpoole, and there was no rowme for the beast that was vnder me to passe.
၁၄စမ်း ရေတွင်းတံခါး နှင့် ရှင်ဘုရင် ရေကန် တိုင်အောင် လွန် ပြန်၍ ၊ မြင်း လမ်းမရှိ သောကြောင့်၊
15 Then went I vp in ye night by the brooke, and viewed the wall, and turned backe, and comming backe, I entred by the gate of the valley and returned.
၁၅တဖန် ထိုညဉ့် ၌ ချောင်း နားတွင် ရှောက်သွား ၍၊ မြို့ရိုး ကို ကြည့်ရှု ပြီးမှ ၊ ချိုင့် တံခါး ဖြင့် လှည့် ၍ ဝင် ပြန် လေ၏။
16 And the rulers knewe not whither I was gone, nor what I did, neither did I as yet tell it vnto the Iewes, nor to the Priestes, nor to the noble men, nor to the rulers, nor to the rest that laboured in the worke.
၁၆အဘယ် အရပ်သို့သွား သည်၊ အဘယ် သို့ပြု သည် ကို မင်း တို့သည် မ သိ ကြ။ ယုဒ လူ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်း အရာရှိ၊ လုပ်ဆောင် သော သူတစုံ တယောက်အား မျှငါသည် ကိုယ်အမှု ကိုမ ပြော သေး။
17 Afterward I said vnto them, Ye see the miserie that we are in, how Ierusalem lyeth waste, and the gates thereof are burnt with fire: come and let vs buylde the wall of Ierusalem, that we be no more a reproche.
၁၇နောက် တဖန်၊ ငါ တို့ခံရသော ဆင်းရဲ ခြင်း၊ ယေရုရှလင် မြို့ပျက်စီး ခြင်း၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ခြင်းကို သင် တို့သိမြင် ကြ၏။ လာ ကြ။ ကဲ့ရဲ့ ခြင်းနှင့် လွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့ရိုး ကို တည် ကြကုန် အံ့ဟု သူ တို့အား ဆို လျက်၊
18 Then I tolde them of the hande of my God, (which was good ouer me) and also of the Kings wordes that he had spoken vnto me. And they sayd, Let vs rise, and buyld. So they strengthened their hand to good.
၁၈ငါ ၏ ဘုရား သခင်သည် ငါ့ အား ပြုတော်မူသောကျေးဇူး ကို၎င်း၊ ရှင်ဘုရင် မိန့် တော်မူသော စကား ကို၎င်း ကြားပြော လေသော်၊ သူတို့က၊ ငါတို့သည် ထ ၍ တည် ကြကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှု ကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော် ကြ၏။
19 But when Sanballat the Horonite, and Tobiah the seruant an Ammonite, and Geshem the Arabian heard it, they mocked vs and despised vs, and said, What a thing is this that ye doe? Will ye rebell against the King?
၁၉ထိုသိတင်းကို ဟောရနိ လူသမ္ဘာလတ် ၊ ကျွန် ခံသူ အမ္မုန် အမျိုးသားတောဘိ ၊ အာရပ် အမျိုးသားဂေရှင် တို့ သည် ကြား လျှင် ၊ ပြက်ယယ် ပြု၍ သင် တို့သည် အဘယ် သို့ပြု ကြမည်နည်း။ ရှင်ဘုရင် ကို ပုန်ကန် ကြမည်လောဟု ကဲ့ရဲ့ လျက်ဆို ကြ၏။
20 Then answered I them, and sayd to them, The God of heauen, he will prosper vs, and we his seruants will rise vp and buylde: but as for you, ye haue no portion nor right, nor memoriall in Ierusalem.
၂၀ငါကလည်း၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင် သည် ငါ တို့ကို အခွင့်ပေး တော်မူမည်။ ထိုကြောင့် ဘုရား သခင်၏ ကျွန် ဖြစ်သော ငါ တို့သည် ထ ၍ တည် မည်။ သင် တို့မူကား ၊ ယေရုရှလင် မြို့တွင် ဘာမျှမဆိုင် မပိုင်၊ မှတ်စရာ သက်သေမ ရှိဟု ပြန်ပြော ၏။