< Leviticus 14 >

1 And the Lord spake vnto Moses, saying,
ထာ​ဝ​ရ​ဘု​ရား​က​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ဆိုင်​ရာ​အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​အား​ချ​မှတ်​ပေး တော်​မူ​၏။ ထို​သူ​အား​သန့်​စင်​သူ​အ​ဖြစ် ကြေ​ညာ​မည့်​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။-
2 This is the law of the leper in the day of his clensing: that is, he shall be brought vnto the Priest,
3 And the Priest shall go out of the campe, and the Priest shall consider him: and if the plague of leprosie be healed in the leper,
ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊-
4 Then shall the Priest commaund to take for him that is clensed, two sparrowes aliue and cleane, and cedar wood and a skarlet lace, and hyssope.
ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-
5 And the Priest shall commaund to kill one of the birdes ouer pure water in an earthen vessell.
ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။-
6 After, he shall take the liue sparowe with the cedar wood, and the skarlet lace, and the hyssope, and shall dip them and the liuing sparowe in the blood of the sparowe slaine, ouer the pure water,
ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-
7 And hee shall sprinkle vpon him, that must be clensed of his leprosie, seuen times, and clense him, and shall let goe the liue sparowe into the broad fielde.
ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-
8 Then he that shall be clensed, shall wash his clothes, and shaue off all his heare, and wash himselfe in water, so he shalbe cleane: after that shall he come into the host, but shall tary without his tent seuen dayes.
ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။-
9 So in the seuenth day hee shall shaue off all his heare, both his head, and his beard, and his eye browes: euen all his heare shall he shaue, and shall wash his clothes and shall wash his flesh in water: so he shalbe cleane.
သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။
10 Then in the eight day he shall take two hee lambes without blemish, and an ewe lambe of a yere olde without blemish, and three tenth deales of fine flower for a meate offering, mingled with oyle, and a pint of oyle.
၁၀အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
11 And the Priest that maketh him cleane shall bring the man which is to bee made cleane, and those things, before the Lord, at the doore of the Tabernacle of the Congregation.
၁၁ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
12 Then the Priest shall take one lambe, and offer him for a trespasse offering, and the pint of oyle, and shake the to and from before the Lord.
၁၂ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
13 And hee shall kill the lambe in the place where the sinne offring and the burnt offring are slaine, euen in the holy place: for as the sinne offring is the Priests, so is the trespasse offring: for it is most holy.
၁၃သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-
14 So the Priest shall take of the blood of the trespasse offring, and put it vpon the lappe of the right eare of him that shalbe clensed, and vpon the thumbe of his right hand, and vpon the great toe of his right foote.
၁၄ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-
15 The Priest shall also take of ye pint of oyle, and powre it into the palme of his left hand,
၁၅ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊-
16 And the Priest shall dip his right finger in the oyle that is in his left hand, and sprinkle of the oyle with his finger seuen times before the Lord.
၁၆လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-
17 And of the rest of the oyle that is in his hand, shall the Priest put vpon the lap of the right eare of him that is to bee clensed, and vpon the thumbe of his right hand, and vpon the great toe of his right foote, where the blood of the trespasse offring was put.
၁၇တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။-
18 But the remnant of the oyle that is in the Priests hand, he shall powre vpon the head of him that is to be clensed: so the Priest shall make an atonement for him before the Lord.
၁၈လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
19 And the Priest shall offer the sinne offring and make an atonement for him that is to bee clensed of his vncleannesse: then after shall he kill the burnt offring.
၁၉ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊-
20 So the Priest shall offer ye burnt offring and the meat offring vpon ye altar and the Priest shall make an atonement for him: so he shalbe cleane.
၂၀ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။
21 But if he be poore, and not able, then he shall bring one lambe for a trespasse offring to be shaken, for his reconciliation, and a tenth deale of fine flower mingled with oyle, for a meate offring, with a pinte of oyle.
၂၁ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-
22 Also two turtle doues, or two yong pigeons, as he is able, whereof the one shalbe a sinne offering, and the other a burnt offring,
၂၂အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-
23 And he shall bring them the eight day for his clensing vnto the Priest at the doore of the Tabernacle of the Congregation before ye Lord.
၂၃သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။-
24 The the Priest shall take the lambe of the trespasse offring, and the pint of oyle, and the Priest shall shake them to and from before the Lord.
၂၄ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
25 And he shall kill the lambe of the trespasse offering, and the Priest shall take of the blood of the trespasse offring, and put it vpon the lap of his right eare that is to be clensed, and vpon ye thumbe of his right hande, and vpon the great toe of his right foote.
၂၅သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။-
26 Also the Priest shall powre of the oyle into the palme of his owne left hand.
၂၆ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊-
27 So ye Priest shall with his right finger sprinkle of the oyle that is in his left hand, seuen times before the Lord.
၂၇လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-
28 Then the Priest shall put of the oyle that is in his hande, vpon the lap of the right eare of him that is to bee clensed, and vpon the thumbe of his right hande, and vpon the great toe of his right foote: vpon the place of the blood of the trespasse offring.
၂၈တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-
29 But ye rest of the oyle that is in the Priests hand, he shall put vpon the head of him that is to be clensed, to make an atonement for him before the Lord.
၂၉တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-
30 Also hee shall present one of the turtle doues, or of the yong pigeons, as he is able:
၃၀ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊-
31 Such, I say, as he is able, the one for a sinne offring, and the other for a burnt offring with the meate offring: so the Priest shall make an atonement for him that is to bee clensed before the Lord.
၃၁အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-
32 This is the lawe of him which hath the plague of leprosie, who is not able in his clensing to offer the whole.
၃၂ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။
33 The Lord also spake vnto Moses and to Aaron, saying,
၃၃ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-)
34 When ye be come vnto the land of Canaan which I giue you in possession, if I sende the plague of leprosie in an house of the land of your possession,
၃၄
35 Then he that oweth the house, shall come and tell the Priest, saying, Me thinke there is like a plague of leprosie in the house.
၃၅တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။-
36 Then the Priest shall commande them to emptie the house before the Priest goe into it to see the plague, that all that is in the house be not made vncleane, and then shall the Priest goe in to see the house,
၃၆ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-
37 And hee shall marke the plague: and if the plague be in the walles of the house, and that there be deepe spots, greenish or reddish, which seeme to be lower then the wall,
၃၇ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-
38 Then the Priest shall goe out of the house to the doore of the house, and shall cause to shut vp the house seuen dayes.
၃၈သူ​သည်​အိမ်​အ​ပြင်​သို့​ထွက်​၍​အိမ်​ကို ခု​နစ်​ရက်​ပိတ်​ထား​စေ​ရ​မည်။-
39 So the Priest shall come againe ye seuenth day: and if he see that the plague bee increased in the walles of the house,
၃၉သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊-
40 Then the Priest shall commande them to take away the stones wherein the plague is, and they shall cast them into a foule place without the citie.
၄၀ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
41 Also hee shall cause to scrape the house within rounde about, and powre the dust, that they haue pared off, without the citie in an vncleane place.
၄၁ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
42 And they shall take other stones, and put them in the places of those stones, and shall take other mortar, to plaister the house with.
၄၂ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။
43 But if the plague come againe and breake out in the house, after that he hath taken away ye stones, and after that hee hath scraped and playstered the house,
၄၃ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊-
44 Then the Priest shall come and see: and if the plague growe in the house, it is a freating leprosie in the house: it is therefore vncleane.
၄၄ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် စစ်​ဆေး​ရ​မည်။ ဖား​ဥ​ပြန့်​ပွား​လျက်​ရှိ​သည် ကို​တွေ့​ရ​လျှင်​ထို​အိမ်​သည်​မ​သန့်​စင်​ချေ။-
45 And hee shall breake downe the house, with the stones of it, and the timber thereof, and all the mortar of the house, and hee shall carie them out of the citie vnto an vncleane place.
၄၅ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-
46 Moreouer he that goeth into the house all the while that it is shut vp, hee shall bee vncleane vntill the euen.
၄၆အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-
47 Hee also that sleepeth in the house shall wash his clothes: he likewise that eateth in the house, shall wash his clothes.
၄၇ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။
48 But if the Priest shall come and see, that the plague hath spread no further in the house, after the house be plaistered, the Priest shall pronounce that house cleane, for the plague is healed.
၄၈အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။-
49 Then shall he take to purifie the house, two sparrowes, and cedar wood, and skarlet lace, and hyssope.
၄၉ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။-
50 And hee shall kill one sparowe ouer pure water in an earthen vessell,
၅၀သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-
51 And shall take the cedar wood, and the hyssope, and the skarlet lace with the liue Sparrow, and dip them in the blood of the slayne Sparrow, and in the pure water, and sprinkle the house seuen times:
၅၁ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။-
52 So shall hee clense the house with ye blood of the sparowe, and with the pure water, and with the liue sparowe, and with the cedar wood, and with the hyssope, and with the skarlet lace.
၅၂ဤ​နည်း​အား​ဖြင့်​သူ​သည်​ငှက်​၏​သွေး၊ စမ်း ရေ၊ ငှက်​အ​ရှင်၊ သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက် နှင့်​ကြိုး​နီ​စ​သည်​တို့​ကို​အ​သုံး​ပြု​၍​အိမ် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
53 Afterwarde he shall let go the liue sparowe out of the towne into the broad fieldes: so shall he make atonement for the house, and it shall be cleane.
၅၃ထို​နောက်​ငှက်​အ​ရှင်​ကို​မြို့​ပြင်​ကွင်း​ပြင် သို့​လွှတ်​လိုက်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သ​ဖြင့် အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။
54 This is the law for euery plague of leprosie and blacke spot,
၅၄ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-
55 And of the leprosie of the garment, and of the house,
၅၅ကိုယ်​ရေ​ပြား​ပေါ်​တွင်​ပေါက်​သော​အ​နာ၊ အ​နာ စိမ်း၊ သို့​မ​ဟုတ်​ဖူး​ယောင်​နာ​နှင့်​ဆိုင်​၍​လည်း ကောင်း၊ အ​ဝတ်​အ​ထည်​နှင့်​အိမ်​များ​တွင်​ဖား​ဥ စွဲ​ခြင်း​နှင့်​ဆိုင်​၍​လည်း​ကောင်း​ပြ​ဋ္ဌာန်း​သော ပ​ညတ်​များ​ဖြစ်​သည်။-
56 And of the swelling, and of the skab, and of the white spot.
၅၆
57 This is the lawe of the leprosie to teache when a thing is vncleane, and when it is cleane.
၅၇ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။

< Leviticus 14 >