< Isaiah 55 >
1 Ho, euery one that thirsteth, come ye to the waters, and ye that haue no siluer, come, bye and eate: come, I say, bye wine and milke without siluer and without money.
၁အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ ကြ။ ဝယ် ၍ စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ ကို ဝယ် ကြလော့။
2 Wherefore doe ye lay out siluer and not for bread? and your labour without being satisfied? hearken diligently vnto me, and eate that which is good, and let your soule delite in fatnes.
၂အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့ သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌ မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။
3 Encline your eares, and come vnto me: heare, and your soule shall liue, and I will make an euerlasting couenant with you, euen the sure mercies of Dauid.
၃နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
4 Beholde, I gaue him for a witnes to the people, for a prince and a master vnto the people.
၄ကြည့် ရှုလော့။ ထိုသူ ကို ဥပဇ္ဈာယ် ဆရာဖြစ်စေ ခြင်းငှါ ၎င်း၊ စီရင် အုပ်စိုးသော အရှင် ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုး တို့အား ငါပေး ပြီ။
5 Beholde, thou shalt call a nation that thou knowest not, and a nation that knew not thee, shall runne vnto thee, because of the Lord thy God, and the holy one of Israel: for hee hath glorified thee.
၅ကြည့်ရှုလော့။ သင်သည် မ သိ ဘူးသော လူမျိုး ကို ခေါ် လိမ့်မည်။ သင့် ကို မ သိ ဘူးသော လူမျိုး တို့သည်လည်း ၊ သင် ၏ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကြောင့် ၊ သင့် ထံသို့ ပြေး လာကြလိမ့်မည်။ ထိုဘုရားသည် သင် ၏ဘုန်း ကို ပွင့်စေတော်မူ၏။
6 Seeke ye the Lord while he may be found: call ye vpon him while he is neere.
၆တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
7 Let the wicked forsake his wayes, and the vnrighteous his owne imaginations, and returne vnto the Lord, and he wil haue mercy vpon him: and to our God, for hee is very ready to forgiue.
၇ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
8 For my thoughtes are not your thoughts, neither are your wayes my wayes, sayth the Lord.
၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏ အကြံအစည် သည် သင် တို့၏ အကြံအစည် နှင့်မ တူ။ ငါ ၏ အကျင့် သည်လည်း သင် တို့၏ အကျင့် နှင့်မ တူ။
9 For as ye heauens are higher then the earth, so are my wayes higher then your wayes, and my thoughtes aboue your thoughts.
၉မိုဃ်းကောင်းကင် သည် မြေကြီး ထက် သာ၍မြင့် သကဲ့သို့ ၊ ငါ ၏အကျင့် သည် သင် တို့၏အကျင့် ထက် ၎င်း ၊ ငါ ၏အကြံအစည် သည် သင် တို့၏ အကြံအစည် ထက်၎င်း သာ၍ မြင့် ၏။
10 Surely as the raine commeth downe and the snow from heauen, and returneth not thither, but watereth the earth and maketh it to bring forth and bud, that it may giue seede to the sower, and bread vnto him that eateth,
၁၀မိုဃ်းရေ နှင့် မိုဃ်းပွင့် တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက် ၍ နောက်တဖန်မ ပြန် ၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ ကို၎င်း၊ အစာစား သောသူအား အစာ ကို၎င်း ပေး မည်အကြောင်း ၊ မြေ ကို စို စေသဖြင့်၊ အပင် ပေါက် စေ၍ ၊ အသီးကို သီး စေသကဲ့သို့၊
11 So shall my worde be, that goeth out of my mouth: it shall not returne vnto me voyde, but it shall accomplish that which I will, and it shall prosper in the thing whereto I sent it.
၁၁ထိုအတူ ငါ ၏နှုတ်ကပတ် စကား သည် ဖြစ် လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ ထံသို့ မ ပြန် ရ။ ငါ့အလို ကို ပြည့်စုံ စေမည်။ ငါစေခိုင်း သော အမှု ၌ အောင် လိမ့်မည်။
12 Therefore ye shall go out with ioy, and be led forth with peace: the mountaines and the hilles shall breake foorth before you into ioye, and all the trees of the fielde shall clap their handes.
၁၂သင်တို့သည် ဝမ်းမြောက် သောစိတ် နှင့် ထွက် ၍ ၊ ချမ်းသာ စွာ ပို့ ခြင်းကိုခံ ရကြလိမ့်မည်။ တောင် ကြီး တောင် ငယ်တို့သည် သင် တို့ရှေ့ မှာ သီချင်း ဆိုသံနှင့် ကြွေးကြော် ၍ ၊ တော ၌ရှိသမျှ သော အပင် တို့သည် လက်ခုပ် တီး ကြလိမ့်မည်။
13 For thornes there shall grow firre trees: for nettles shall growe the myrrhe tree, and it shalbe to the Lord for a name, and for an euerlasting signe that shall not be taken away.
၁၃အမျိုးမျိုးသော ဆူး ပင်အရာ ၌ ထင်းရူး ပင်နှင့် မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ ပျောက် မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။