< Genesis 39 >

1 Now Ioseph was brought downe into Egypt: and Potiphar an Eunuche of Pharaohs (and his chiefe stewarde an Egyptian) bought him at the hande of the Ishmeelites, which had brought him thither.
ဣရှမေလ လူတို့သည် ယောသပ် ကို ဆောင်သွား ၍ အဲဂုတ္တု ပြည်သို့ ရောက် သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရော ဘုရင်၏အမတ် ဖြစ်သော ကိုယ်ရံတော် မှူး ပေါတိဖါ ထံ မှာ ရောင်းကြ၏။
2 And the Lord was with Ioseph, and he was a man that prospered and was in the house of his master the Egyptian.
ထာဝရဘုရား သည် ယောသပ် ဘက် ၌ ရှိ တော်မူသဖြင့် သူ သည် အကြံ ထမြောက်တတ်၏။ အဲဂုတ္တု အမျိုးသားမိမိ သခင် ၏အိမ် ၌ နေ ရလေ၏။
3 And his master sawe that the Lord was with him, and that the Lord made all that hee did to prosper in his hande.
သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
4 So Ioseph founde fauour in his sight, and serued him: and he made him ruler of his house, and put all that he had in his hand.
ထိုကြောင့် ယောသပ် သည် သခင် ရှေ့ ၌ မျက်နှာ ရ၍ ခစား လျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ် အုပ် အရာနှင့် ခန့် ထား၍ ဥစ္စာရှိသမျှ ကို အပ် လေ၏။
5 And from that time that he had made him ruler ouer his house and ouer all that he had, the Lord blessed the Egyptians house for Iosephs sake: and the blessing of the Lord was vpon all that he had in the house, and in the fielde.
ထိုသို့ အိမ် နှင့် ဥစ္စာရှိသမျှ ကို အုပ်စိုး စေသည် ကာလ မှစ၍ ထာဝရဘုရား သည် ယောသပ် အတွက် ထိုအဲဂုတ္တု သား၏အိမ် ကို ကောင်းကြီး ပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီး မင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှ အပေါ် မှာလည်း သက်ရောက် လေ၏။
6 Therefore he left all that he had in Iosephs hand, and tooke accompt of nothing, that was with him, saue onely of the bread, which he did eate. And Ioseph was a faire person, and well fauoured.
သခင် သည် မိမိ ၌ ရှိသမျှ ကို ယောသပ် လက် သို့ အပ် ၍ ၊ မိမိ စား သော အစာ မှတပါး အခြား သော ဥစ္စာ ရှိမှန်းကိုမျှ မ သိ မမှတ်ဘဲနေ၏။ ယောသပ် သည် ပုံပြင် ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ သောသူဖြစ် ၏။
7 Nowe therefore after these thinges, his masters wife cast her eyes vpon Ioseph, and saide, Lye with me.
ထိုနောက်မှ သခင် ၏မယား သည် ယောသပ် ကို တပ် သောစိတ်ရှိ၍ ငါ နှင့်အတူ အိပ် ပါဟုဆို ၏။
8 But he refused and said to his masters wife, Beholde, my master knoweth not what he hath in the house with me, but hath committed all that he hath to mine hande.
ယောသပ်ကလည်း၊ ကျွန်တော် သခင် သည် အိမ် တော်၌ ရှိသမျှ သော ဥစ္စာတို့ကို ကျွန်တော် လက် သို့ အပ် ပါပြီ။ ကျွန်တော်၌ အဘယ် ဥစ္စာရှိမှန်းကိုမျှ မ သိ မမှတ်ပါ။
9 There is no man greater in this house then I: neither hath he kept any thing from me, but only thee, because thou art his wife: how then can I do this great wickednes and so sinne against God?
ဤ အိမ် တွင် လည်း ကျွန်တော် ထက် သာ၍ကြီး သောသူမ ရှိပါ။ ကိုယ် မယား ဖြစ်သော သခင်မ မှတပါး အဘယ် အရာကိုမျှ ကျွန်တော် အား မ မြစ်တား ပါ။ သို့ဖြစ်လျှင် အပြစ် ကြီး သောဤ အမှုကို ကျွန်တော်ပြု ၍ ဘုရားသခင် ကို အဘယ်သို့ ပြစ်မှား နိုင်သနည်းဟု သခင် ၏မယား ကို ငြင်း ၍ ပြန်ဆို ၏။
10 And albeit she spake to Ioseph day by day, yet he hearkened not vnto her, to lye with her, or to be in her company.
၁၀ထိုသို့ သခင်မသည် နေ့ တိုင်းသွေးဆောင်သော်လည်း ၊ ယောသပ် သည် သူ ၏စကား ကို နား မ ထောင်၊ သူ နှင့်အတူ အိပ် ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။
11 Then on a certaine day Ioseph entred into the house, to doe his businesse: and there was no man of the houshold in the house:
၁၁တနေ့သ၌ ယောသပ် သည် အမှု ဆောင် ခြင်းငှါ အိမ် ထဲသို့ ဝင် ၍ အိမ် သားယောက်ျား တယောက် မျှ မ ရှိ သောအခါ၊
12 Therefore she caught him by his garmet, saying, Sleepe with me: but he left his garment in her hand and fled, and got him out.
၁၂သခင်မက ငါ နှင့်အတူ အိပ် ပါဟုဆို လျက် ၊ ယောသပ် အဝတ် ကို ကိုင် ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး လေ၏။
13 Nowe when she sawe that he had left his garment in her hand, and was fled out,
၁၃ထိုသို့ သခင်မ လက် ၌ မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက်ပြေး သည်ကို သခင်မ သိမြင် သောအခါ၊
14 She called vnto the men of her house, and tolde them, saying, Beholde, he hath brought in an Ebrewe vnto vs to mocke vs: who came in to me for to haue slept with me: but I cryed with a loude voyce.
၁၄အိမ်သား ယောက်ျား တို့ကို ခေါ် ၍ ၊ သင် တို့ကြည့် ကြ။ ငါ တို့၌ မ ရိုမသေပြုစေခြင်းငှါ ဤဟေဗြဲ လူ ကို သခင်သွင်း ထားပြီတကား။ သူသည် ငါ နှင့်အတူ အိပ် ခြင်းငှါ ဝင်လာ ၍ ငါသည် ကျယ် သောအသံ နှင့် အော်ဟစ် ရ၏။
15 And when he heard that I lift vp my voice and cryed, he left his garment with me, and fled away, and got him out.
၁၅ကျယ်ကျယ်အော်ဟစ် သံ ကို ကြား လျှင် ၊ သူသည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး သည်ဟုဆို ပြီးလျှင်၊
16 So she layde vp his garment by her, vntill her lord came home.
၁၆သခင် ရောက် သည်တိုင်အောင် ထိုအဝတ် ကို မိမိ ၌ ထား လေ၏။
17 Then she tolde him according to these words, saying, The Ebrew seruat, which thou hast brought vnto vs, came in to me, to mocke me.
၁၇သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်း ထား သော ဟေဗြဲ ကျွန် သည် ကျွန်ုပ် ကို မ ရိုမသေပြုခြင်းငှါ ဝင် လာပါ၏။
18 But assoone as I lift vp my voyce and cried, he left his garment with me, and fled out.
၁၈ကျွန်ုပ် သည် ကျယ် သောအသံ နှင့် အော်ဟစ် သောအခါ ၊ သူသည် မိမိ အဝတ် ကို စွန့် ၍ ပြင် သို့ ထွက်ပြေး ပါသည်ဟူသော စကား ဖြင့် ကြားပြော လေ၏။
19 Then when his master heard the wordes of his wife, which she tolde him, saying, After this maner did thy seruant to me, his anger was kindled.
၁၉ကိုယ်တော် ၏ကျွန် သည် ကျွန်ုပ် ၌ ဤ သို့ပြု ခဲ့ပြီဟု မယား ပြောသောစကား ကို သခင် ကြား လျှင် ၊ ယောသပ် ကို အမျက်ထွက် ၍၊
20 And Iosephs master tooke him and put him in prison, in the place, where the kings prisoners lay bounde: and there he was in prison.
၂၀ခေါ် ပြီးမှ ၊ ရှင်ဘုရင် ချုပ် ထားသောသူတို့ နေရာ ထောင် ထဲ မှာ လှောင် ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲ မှာ နေ ရ၏။
21 But the Lord was with Ioseph, and shewed him mercie, and got him fauour in the sight of the master of the prison.
၂၁သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
22 And the keeper of the prison committed to Iosephs hande all the prisoners that were in the prison, and whatsoeuer they did there, that did he.
၂၂သို့ဖြစ်၍ ထောင် မှူး သည် ထောင်၌ ချုပ် ထားသော သူအပေါင်း တို့ကို ယောသပ် လက် သို့ အပ်၍၊ ထောင် ထဲ တွင် ပြု သမျှ သောအမှုကို ယောသပ်စီရင် ရ၏။
23 And the keeper of the prison looked vnto nothing that was vnder his hande, seeing that the Lord was with him: for whatsoeuer he did, the Lord made it to prosper.
၂၃ထိုနောက်ထောင် မှူး သည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မ ကြည့် မရှုရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ယောသပ် ဘက် မှာရှိ၍ သူ ပြု လေရာရာ ၌ အောင် စေတော်မူသတည်း။

< Genesis 39 >