< Ezekiel 38 >
1 And the worde of the Lord came vnto mee, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Sonne of man, set thy face against Gog, and against the lande of Magog, the chiefe prince of Meshech and Tubal, and prophecie against him,
၂အချင်းလူသား ၊ ရောရှပြည်၊ မေရှက် ပြည်၊ တုဗလ ပြည်ကို အစိုးရ သောမာဂေါဂ ပြည်သား ဂေါဂ မင်းတဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
3 And say, Thus sayth the Lord God, Behold, I come against thee, O Gog the chiefe prince of Meshech and Tubal.
၃အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရသောအိုဂေါဂ မင်း၊ သင့် တဘက် ၌ ငါ နေ၏။
4 And I wil destroy thee, and put hookes in thy chawes, and I will bring thee forth, and all thine host both horses, and horsemen, all clothed with al sorts of armour, eue a great multitude with bucklers, and shieldes, all handling swords.
၄သင့် ကို ငါပြန်လာ စေမည်။ သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ပြီးလျှင် ၊ သင် မှစ၍ထူးဆန်းသော လက်နက် စုံ အမျိုးမျိုး ကို ဆောင်သောသူ၊ ဒိုင်း လွှား ပါ၍ ထား ကို လက်စွဲ သောလူ အလုံးအရင်းများ နှင့် မြင်း ၊ မြင်းစီး သူရဲ ဗိုလ်ခြေ အပေါင်း တို့ကို ငါဆောင် ခဲ့မည်။
5 They of Paras, of Cush, and Phut with the, euen all they that beare shielde and helmet.
၅အသီးအသီး ဒိုင်း လွှားကိုင်၍ သံခမောက်လုံး ကို ဆောင်းသောပေရသိ ပြည်သား၊ ကုရှ ပြည်သား၊ ဖုတ ပြည်သား၊
6 Gomer and all his bands, and the house of Togarmah of the North quarters, and al his bands, and much people with thee.
၆ဂေါမာ နှင့်သူ ၏တပ် များ၊ မြောက် ပြည်သားတောဂါမ အမျိုးနှင့် သူ ၏တပ် များအလုံးအရင်း အပေါင်း တို့သည် သင် နှင့်အတူ လိုက်လာကြလိမ့်မည်။
7 Prepare thy selfe, and make thee ready, both thou, and al thy multitude, that are assembled vnto thee, and be thou their sauegard.
၇သင် သည် မိမိ ၌ စုဝေး သောလူ အလုံးအရင်းများ နှင့်တကွကိုယ် ကိုပြင်ဆင် လော့။ ပြင်ဆင် လျက်နေလော့။ သူ တို့ကို စောင့် လျက်နေလော့။
8 After many dayes thou shalt bee visited: for in the latter yeres thou shalt come into the land, that hath bene destroyed with the sworde, and is gathered out of many people vpon the mountaines of Israel, which haue long lien waste: yet they haue bene brought out of the people, and they shall dwell all safe.
၈ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊
9 Thou shalt ascende and come vp like a tempest, and shalt be like a cloude to couer the land, both thou, and all thy bandes, and many people with thee.
၉သင်သည်မိုဃ်းသက် မုန်တိုင်းကဲ့သို့ တက် လာ၍၊ သင် ၌ ပါသောသမျှသောတပ်သား အလုံးအရင်း နှင့်တကွ ၊ ထိုပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ဖြစ် လိမ့်မည်။
10 Thus saith the Lord God, Euen at ye same time shall many things come into thy minde, and thou shalt thinke euil thoughts.
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်း သော အကြံ ကိုကြံစည် လျက်၊
11 And thou shalt say, I wil go vp to the land that hath no walled towres: I will goe to them that are at rest, and dwell in safetie, which dwell all without walles, and haue neither barres nor gates,
၁၁ရွာ ဇနပုဒ်များသောပြည် ၊ မြို့ရိုး မ ရှိ၊ တံခါးကျင် နှင့် တံခါး မ ရှိ၊ စိုးရိမ် စရာအကြောင်းအလျှင်း မရှိ၊ ငြိမ်ဝပ် သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊
12 Thinking to spoyle the pray, and to take a bootie, to turne thine hande vpon the desolate places that are nowe inhabited, and vpon the people, that are gathered out of the nations which haue gotten cattell and goods, and dwell in the middes of the land.
၁၂သူတို့ဥစ္စာ ကို လုယက် သိမ်းယူမည်။ အရင် ဆိတ်ညံ ၍ ယခုလူနေ သောအရပ်တို့ကို၎င်း၊ လူ အမျိုးမျိုးထဲက စုဝေး သဖြင့် တိရစ္ဆာန် များနှင့် ဥစ္စာ များကိုရ တတ်၍၊ ပြည် အလယ် ၌ နေ သောသူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။
13 Sheba and Dedan, and the marchantes of Tarshish with all the lions thereof shall say vnto thee, Art thou come to spoyle the praye? hast thou gathered thy multitude to take a booty? to cary away siluer and golde, to take away cattell and goods, and to spoyle a great pray?
၁၃ရှေဘ ပြည်သား၊ ဒေဒန် ပြည်သား၊ တာရှု ကုန်သည် များ၊ ခြင်္သေ့ ပျိုအပေါင်း တို့ကကိုယ်တော် သည်သူ့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ သလော ။ သူ့ ဥစ္စာကို ဝေငှ၍ရွှေ ငွေ ကို၎င်း တိရစ္ဆာန် များနှင့် ဥစ္စာ များကို၎င်းသိမ်း သွားလျက်၊ များစွာလုယက် ဖျက်ဆီးခြင်းငှါ အပေါင်းအသင်း ကို စုဝေး စေပြီ လောဟု မေးမြန်း ကြလိမ့်မည်။
14 Therefore, sonne of man, prophecie, and saye vnto Gog, Thus sayeth the Lord God, In that day when my people of Israel dwelleth safe, shalt thou not knowe it?
၁၄သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဂေါဂ အား ဆင့်ဆို ရမည်မှာ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့သည် ငြိမ်ဝပ် စွာနေ သောအခါ သင်သည်သိ ၍၊
15 And come from thy place out of the North partes, thou and much people with thee? all shall ride vpon horses, euen a great multitude and a mightie armie.
၁၅မြင်း စီး သောသူ အလုံးအရင်း အပေါင်း ၊ အားကြီး သောစစ်သူရဲ အပေါင်းတို့နှင့်တကွမြောက် မျက်နှာမှ ချီ လာမည်။
16 And thou shalt come vp against my people of Israel, as a cloude to couer the land: thou shalt be in the latter dayes, and I will bring thee vpon my lande, that the heathen may knowe mee, when I shalbe sanctified in thee, O Gog, before their eyes.
၁၆ပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တက် ၍တိုက်လာမည်။ နောင် ကာလ တွင် ငါ ၏ပြည် တဘက် ၌ သင့် ကို ငါဆောင် ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့် အားဖြင့် ငါ သည်ချီးမြှောက် ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ ကိုသိ ရကြမည်အကြောင်း တည်း။
17 Thus saith the Lord God, Art not thou he, of whom I haue spoken in olde time, by ye hand of my seruants the Prophets of Israel which prophecied in those dayes and yeeres, that I woulde bring thee vpon them?
၁၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် စစ်ချီ စေမည် ဟု၊ လွန်လေပြီးသောရှေး ကာလ ၌ ပရောဖက်ပြု သောငါ ၏ ကျွန် ဣသရေလ ပရောဖက် တို့ အား ငါသည်ဗျာဒိတ် ပေးသောအခါ၊ သင့် ကိုရည်မှတ်သည်မဟုတ်လော ။
18 At the same time also whe Gog shall come against the land of Israel, sayth the Lord God, my wrath shall arise in mine anger.
၁၈အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် ဂေါဂ သည် ဣသရေလ ပြည် ကို တိုက်လာ သောကာလ အခါ၊ ငါ သည်ဒေါသ အရှိန် ထ ၍ အမျက် ထွက် လိမ့်မည် ။
19 For in mine indignation and in the fire of my wrath haue I spoken it: surely at that time there shalbe a great shaking in the land of Israel,
၁၉အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းဖြစ် လိမ့်မည်ဟု ငါ ၏ဒေါသ မီး လောင် လျက် ငါပြော ပြီ။
20 So that the fishes of the sea, and the foules of the heauen, and the beasts of the field and al that moue and creepe vpon the earth, and al ye men that are vpon the earth, shall tremble at my presence, and the mountaines shalbe ouerthrowen, and the staires shall fall, and euery wall shall fall to the ground.
၂၀ပင်လယ် ငါး ၊ မိုဃ်း ကောင်းကင်ငှက် ၊ တော တိရစ္ဆာန် နှင့် မြေ ၌ တွား တတ်သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ ရှိသော လူ အပေါင်း တို့သည် ငါ့ ရှေ့မှာ တုန်လှုပ် ကြ လိမ့်မည်။ တောင် တို့သည်ပြို လျက် ၊ အစောက် မြင့်သော အရပ်တို့သည် လဲ လျက် ၊ အလုံးစုံ သောအုတ်ရိုး ပြုတ် လျက် ရှိကြလိမ့်မည်။
21 For I will call for a sworde against him throughout all my mountaines, saith the Lord God: euery mans sword shalbe against his brother.
၂၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ တောင် များ အရပ်ရပ် တို့တွင် သူ့ တဘက် ၌ထား ကို ငါမှာလိုက် သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထား နှင့် ခုတ်ကြလိမ့်မည်။
22 And I will pleade against him with pestilence, and with blood, and I will cause to raine vpon him and vpon his bands, and vpon the great people, that are with him, a sore raine, and hailestones, fire, and brimstone.
၂၂ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။
23 Thus will I be magnified, and sanctified, and knowen in the eyes of many nations, and they shall knowe, that I am the Lord.
၂၃ထိုသို့ ငါသည် ကိုယ်ကိုချီးမြောက် ၍ ရိုသေ ဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာ သောလူမျိုး တို့ ရှေ့မှာ ထင်ရှား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။