< 2 Chronicles 23 >

1 And in the seuenth yeere Iehoiada waxed bolde, and tooke the captaines of hundreths, to wit, Azariah the sonne of Ieroham, and Ishmael the sonne of Iehohanan, and Azariah the sonne of Obed, and Maasiah the sonne of Adaiah, and Elishaphat the sonne of Zichri in couenant with him.
ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-
2 And they went about in Iudah, and gathered the Leuites out of all the cities of Iudah, and the chiefe fathers of Israel: and they came to Ierusale.
သူ​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ​သို့​သွား​၍ လေ​ဝိ​အ​နွယ်​ဝင်​များ၊ သား​ချင်း​စု​ခေါင်း ဆောင်​အ​ပေါင်း​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
3 And al the Congregation made a couenant with the King in the house of God: and he sayde vnto them, Behold, the Kings sonne must reigne, as the Lord hath sayd of the sonnes of Dauid.
ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-
4 This is it that ye shall do, The third part of you that come on the Sabbath of the Priests, and the Leuites, shalbe porters of the doores.
ငါ​တို့​အ​ဘယ်​သို့​ဆောင်​ရွက်​ရ​ကြ​မည်​ကို ဖော်​ပြ​ပါ​အံ့။ ဥ​ပုသ်​နေ့​၌​တာ​ဝန်​ကျ​၍ ရောက်​ရှိ​လာ​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​နက်​သုံး​ပုံ​တစ်​ပုံ​မှာ​ဗိမာန်​တော်​အ​ဝင် တံ​ခါး​ကို​စောင့်​ကြပ်​ရ​ကြ​မည်။-
5 And another third part towarde the Kings house, and another thirde part at the gate of the foundation, and al the people shalbe in the courts of the house of the Lord.
အ​ခြား​သုံး​ပုံ​တစ်​ပုံ​သည်​နန်း​တော်​ကို လည်း​ကောင်း၊ ကျန်​သုံး​ပုံ​တစ်​ပုံ​သည်​မြင်း တံ​ခါး​ကို​လည်း​ကောင်း​စောင့်​ကြပ်​ရ​မည်။ လူ​အ​ပေါင်း​တို့​က​ဗိ​မာန်​တော်​ဝင်း​အ​တွင်း ၌​စု​ရုံး​ရ​ကြ​မည်။-
6 But let none come into the house of the Lord, saue the Priests, and the Leuites that minister: they shall go in, for they are holy: but all the people shall keepe the watch of the Lord.
တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။-
7 And the Leuites shall compasse the King rounde about, and euery man with his weapon in his hand, and he that entreth into the house, shall be slaine, and be you with the King, when he commeth in, and when he goeth out.
လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။
8 So the Leuites and all Iudah did according to all things that Iehoiada the Priest had commanded, and tooke euery man his men that came on the Sabbath, with them that went out on the Sabbath: for Iehoiada the Priest did not discharge the courses.
လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-
9 And Iehoiada the Priest deliuered to the captaines of hundreths speares, and shieldes, and bucklers which had bene King Dauids, and were in the house of God.
ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-
10 And he caused all the people to stand (euery man with his weapon in his hande) from the right side of the house, to ye left side of the house by the altar and by the house round about ye king.
၁၀သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-
11 Then they brought out the Kings sonne, and put vpon him the crowne and gaue him the testimonie, and made him King. And Iehoiada and his sonnes anoynted him, and sayd, God saue the King.
၁၁ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ သ​ရ​ဖူ​ကို​ဆောင်း​ပေး​ပြီး​လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​လေ​သည်။ ဤ​သို့​ဖြင့်​ယော​ရှ​ကို​မင်း​မြှောက်​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​ယော​ယ​ဒ​နှင့်​သူ​၏​သား​တို့​သည် ယော​ရှ​အား ဘိ​သိက်​ပေး​ပြီး​ကြ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။
12 But when Athaliah heard the noyse of the people running and praising the king, she came to the people into the house of the Lord.
၁၂အာ​သ​လိ​သည်​မင်း​ကြီး​အား လူ​တို့​သြ​ဘာ ပေး​သံ​ကို​ကြား​သ​ဖြင့်​လူ​တို့​စု​ဝေး​လျက် ရှိ​ရာ ဗိ​မာန်​တော်​သို့​အ​ဆော​တ​လျင်​ရောက် လာ​သော်၊-
13 And when she looked, beholde, the King stoode by his pillar at the entring in, and the princes and the trumpets by the King, and all the people of the land reioyced, and blew the trumpets, and the singers were with instruments of musike, and they that could sing prayse: then Athaliah rent her clothes, and said, Treason, treason.
၁၃တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။
14 Then Iehoiada the Priest brought out the captaines of hundreths that were gouernours of the hoste, and said vnto them, Haue her foorth of the ranges, and he that followeth her, let him dye by the sword: for the Priest had said, Slay her not in the house of the Lord.
၁၄ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-
15 So they layde hands on her: and when she was come to the entring of the horsegate by the Kings house, they slew her there.
၁၅သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။
16 And Iehoiada made a couenant betweene him, and all the people, and the King, that they would be the Lords people.
၁၆ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
17 And all the people went to the house of Baal, and destroyed, and brake his altars and his images, and slew Mattan the priest of Baal before the altars.
၁၇သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ကို​သွား ရောက်​ဖြို​ဖျက်​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု များ​ကို​ချိုး​ဖဲ့​ကာ ယဇ်​ပလ္လင်​များ​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​သတ်​ကြ​၏။-
18 And Iehoiada appointed officers for the house of the Lord, vnder the handes of the Priestes and Leuites, whome Dauid had distributed for the house of the Lord, to offer burnt offrings vnto the Lord, as it is written in the Law of Moses, with reioycing and singing by the appoyntment of Dauid.
၁၈ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-
19 And he set porters by the gates of ye house of the Lord, that none that was vncleane in any thing, should enter in.
၁၉ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​ထဲ​သို့​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​ဝင်​နိုင်​စေ​ရန်​တံ​ခါး​ဝ​တွင်​အ​စောင့် များ​ကို​ချ​ထား​လေ​သည်။-
20 And he tooke the captaines of hundreths, and the noble men, and the gouernours of the people, and all the people of the land, and he caused the King to come downe out of the house of the Lord, and they went thorowe the hie gate of the Kings house, and set the King vpon the throne of the kingdome.
၂၀တပ်​မ​တော်​အ​ရာ​ရှိ​များ၊ မြို့​မိ​မြို့​ဖ​များ၊ မှူး​မတ်​များ​နှင့် အ​ခြား​ပြည်​သူ​အ​ပေါင်း​တို့ သည်​ယော​ယ​ဒ​နှင့်​အ​တူ​လိုက်​ပါ​၍ မင်း​ကြီး အား​ဗိ​မာန်​တော်​မှ​နန်း​တော်​သို့​တံ​ခါး မ​ကြီး​လမ်း​ဖြင့်​ပို့​ဆောင်​၍​မင်း​ကြီး​ကို ရာ​ဇ​ပလ္လင်​ထက်​တင်​ကြ​၏။-
21 Then all the people of the land reioyced, and the citie was quiet, after that they had slaine Athaliah with the sword.
၂၁အာ​သ​လိ​ကို​ကွပ်​မျက်​နှင့်​ပြီး​ဖြစ်​၍​ပြည်​သူ အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​လျက်​မြို့​တော် သည်​ငြိမ်း​ချမ်း​လေ​၏။

< 2 Chronicles 23 >