< Numbers 34 >

1 And Jehovah spoke to Moses, saying,
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရ မည်မှာ၊
2 Command the children of Israel, and say unto them, When ye come into the land of Canaan, this shall be the land that shall fall to you for an inheritance, the land of Canaan according to the borders thereof.
သင် တို့သည် ခါနာန် ပြည် သို့ ရောက် ကြသောအခါ ၊ သင်တို့အမွေ ခံရ သော ခါနာန် ပြည်နယ် အပိုင်းအခြား ဟူမူကား၊
3 Then your south side shall be from the wilderness of Zin alongside of Edom, and your southern border shall be from the end of the salt sea eastward;
တောင် မျက်နှာ တွင် ဇိန တောင် မှ ဧဒုံ ပြည် အနား ၌ ရှောက်လျှင်၊ သောဒုံ အိုင် အရှေ့ စွန်းသည် တောင် ဘက်အပိုင်းအခြား ဖြစ် ရမည်။
4 and your border shall turn from the south of the ascent of Akrabbim, and pass on to Zin, and shall end southward at Kadesh-barnea, and shall go on to Hazar-Addar, and pass on to Azmon.
တောင် ဘက်အပိုင်းအခြား သည် တောင် မျက်နှာမှလည် ၍၊ အာကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာ ရွာ၊ ဟာဇရဒ္ဒါ ရွာ၊ အာဇမုန် ရွာကိုရှောက် သဖြင့် ၊
5 And the border shall turn from Azmon unto the torrent of Egypt, and shall end at the sea.
အာဇမုန် ရွာမှ ပြန် ၍ အဲဂုတ္တု ချောင်း ကို လိုက် လျက် ပင်လယ် ၌ ဆုံး ရမည်။
6 And as west border ye shall have the great sea, and [its] coast. This shall be your west border.
အနောက် ဘက်၌ ပင်လယ် ကြီး သည် အနောက် အပိုင်းအခြား ဖြစ် ရမည်။
7 And this shall be your north border: from the great sea ye shall mark out for you mount Hor;
မြောက် ဘက်အပိုင်းအခြား သည် ကြီး သော ပင်လယ် က ထွက်၍ ဟောရ တောင် ကို ရှေ့ရှု သွားပြီးလျှင်၊
8 from mount Hor ye shall mark out the entrance to Hamath, and the end of the border shall be toward Zedad;
ထိုတောင် မှ ဟာမတ် လမ်းဝ၊ ဇေဒဒ် ရွာ၊
9 and the border shall go to Ziphron, and shall end at Hazar-enan. This shall be your north border.
ဇိဖြုန် ရွာကို ရှောက် ၍ ဟာဇရေနန် ရွာ၌ ဆုံး ရမည်။
10 And ye shall mark out for you as eastern border from Hazar-enan to Shepham:
၁၀အရှေ့ အပိုင်းအခြား သည် ဟာဇရေနန် ရွာမှ ထွက်၍ ရှေဖံ ရွာသို့ ရောက်ပြီးလျှင်၊
11 and the border shall go down from Shepham to Riblah, on the east side of Ain; and the border shall descend, and shall strike upon the extremity of the sea of Chinnereth eastward;
၁၁အဣန ရွာအရှေ့ ၌ ရှောက်၍ ရိဗလ ရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက် အိုင် အရှေ့ ကမ်း ကို ရှောက် သဖြင့်၊
12 and the border shall go down to the Jordan, and shall end at the salt sea. This shall be your land according to the borders thereof round about.
၁၂ယော်ဒန် မြစ်ကို လိုက်၍ သောဒုံ အိုင် ၌ ဆုံး ရမည်။ ဤရွေ့ကား ၊ သင်တို့အမွေခံရသောပြည်နယ် အပိုင်းအခြား ဖြစ် သတည်းဟု မိန့် တော်မူ၏။
13 And Moses commanded the children of Israel, saying, This is the land which ye shall take for yourselves as inheritance by lot, which Jehovah commanded to give to the nine tribes, and to the half tribe.
၁၃မောရှေ ကလည်း ၊ ဤရွေ့ကား ၊ သင်တို့သည် စာရေးတံ ချ၍ အမွေ ခံရသောပြည်၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ အမျိုး ကိုး မျိုးနှင့် အမျိုး တဝက် ၌ ဝေ ပေးရသောပြည် ဖြစ်သတည်း။
14 For the tribe of the children of the Reubenites according to their fathers' houses, and the tribe of the children of the Gadites according to their fathers' houses, have received, and half the tribe of Manasseh have received their inheritance;
၁၄ရုဗင် အမျိုးသား ၊ ဂဒ် အမျိုးသား ၊ မနာရှေ အမျိုးသား တဝက် တည်းဟူသောအမျိုး နှစ် မျိုးနှင့် တဝက် တို့ သည် မိမိ တို့အမွေ ခံသောမြေကို ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တဘက်၊ နေ ထွက်ရာဘက်၌ ဘိုးဘ အဆွေအမျိုး အလိုက် ခံရ ကြပြီဟု ဣသရေလ အမျိုးသား တို့အား မှာထား လေ၏။
15 the two tribes and the half tribe have received their inheritance on this side the Jordan of Jericho eastward, toward the sun-rising.
၁၅
16 And Jehovah spoke to Moses, saying,
၁၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
17 These are the names of the men who shall divide the land unto you: Eleazar the priest, and Joshua the son of Nun.
၁၇အမျိုးသား တ မျိုးလျှင် မင်း တ ပါးစီရွေး ၍ ၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု တို့နှင့် ဝိုင်းလျက်၊
18 And ye shall take one prince of every tribe, to divide the land.
၁၈ခါနာန်ပြည် ကို ဝေ၍ သင် တို့အား အမွေ ပေးရကြမည်။
19 And these are the names of the men: for the tribe of Judah, Caleb the son of Jephunneh;
၁၉ရွေးရသောမင်း တို့၏အမည် ကား၊ ယုဒ အမျိုးသား ထဲက ယေဖုန္နာ သား ကာလက်။
20 and for the tribe of the children of Simeon, Samuel the son of Ammihud;
၂၀ရှိမောင် အမျိုးသား ထဲက အမိဟုဒ် သား ရှေမွေလ။
21 for the tribe of Benjamin, Elidad the son of Chislon;
၂၁ဗင်္ယာမိန် အမျိုး ထဲက ခိသလုန် သား ဧလိဒဒ်။
22 and for the tribe of the children of Dan, a prince, Bukki the son of Jogli;
၂၂ဒန် အမျိုး ကို အုပ်စိုး သောသူ၊ ယောဂလိ သား ဗုက္ကိ။
23 for the children of Joseph: for the tribe of the children of Manasseh, a prince, Hanniel the son of Ephod,
၂၃ယောသပ် သား တို့တွင် မနာရှေ အမျိုး ကို အုပ်စိုး သောသူ၊ ဧဖုဒ် သား ဟံယေလ။
24 and for the tribe of the children of Ephraim, a prince, Kemuel the son of Shiphtan;
၂၄ဧဖရိမ် အမျိုး ကို အုပ်စိုး သောသူ၊ ရှိဖတန် သား ကေမွေလ။
25 and for the tribe of the children of Zebulun, a prince, Elizaphan the son of Pharnach;
၂၅ဇာဗုလုန် အမျိုး ကို အုပ်စိုး သောသူ၊ ပါနက် သား ဧလိဇဖန်။
26 and for the tribe of the children of Issachar, a prince, Phaltiel the son of Azzan;
၂၆ဣသခါ အမျိုး ကို အုပ်စိုး သောသူ၊ အဇ္ဇန် သား ပါလတေလ။
27 and for the tribe of the children of Asher, a prince, Ahihud the son of Shelomi;
၂၇အာရှာ အမျိုး ကို အုပ်စိုး သောသူ၊ ရှေလောမိ သား အဘိဟုဒ်။
28 and for the tribe of the children of Naphtali, a prince, Phedahel the son of Ammihud.
၂၈နဿလိ အမျိုး ကို အုပ်စိုး သောသူ၊ အမိဟုဒ် သား ပေဒဟေလ တည်း။
29 These are they whom Jehovah commanded to distribute to the children of Israel their inheritance in the land of Canaan.
၂၉ဤ သူတို့သည် ခါနာန် ပြည် ၌ ဣသရေလ အမျိုးသား တို့အား အမွေ မြေကို ဝေပေးစေခြင်းငှါ ထာဝရဘုရား ခန့်ထား တော်မူသောသူ ဖြစ် ကြသတည်း။

< Numbers 34 >