< Genesis 10 >

1 And these are the generations of the sons of Noah: Shem, Ham, and Japheth; and to them were sons born after the flood.
ရေ လွှမ်းမိုးသောနောက် ၊ နောဧ သား ရှေမ ၊ ဟာမ ၊ ယာဖက် တို့မှ ဆင်းသက် သော သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။
2 The sons of Japheth: Gomer, and Magog, and Madai, and Javan, and Tubal, and Meshech, and Tiras.
ယာဖက် ၏သား ကား ဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗလ ၊ မေရှက် ၊ ထိုက် တည်း။
3 And the sons of Gomer: Ashkenaz, and Riphath, and Togarmah.
ဂေါမ သား ကား၊ အာရှကေနတ် ၊ ရိဖတ် တော်ဂမ တည်း။
4 And the sons of Javan: Elishah, and Tarshish, Kittim, and Dodanim.
ယာဝန် သား ကား၊ ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ် တည်း။
5 From these came the distribution of the isles of the nations, according to their lands, every one after his tongue, after their families, in their nations.
ဤ သူတို့သည် လူ အမျိုးမျိုးတကျွန်း တနိုင်ငံမြေ နယ်တို့ကို ဘာသာ အသီးအသီး ၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း ၊ အချင်းချင်းခွဲ ဝေကြ၏။
6 And the sons of Ham: Cush, and Mizraim, and Phut, and Canaan.
ဟာမ သား ကား၊ ကုရှ ၊ မိဇရိမ် ၊ ဖုတ ၊ ခါနာန် တည်း။
7 And the sons of Cush: Seba, and Havilah, and Sabtah, and Raamah, and Sabtecha. And the sons of Raamah: Sheba and Dedan.
ကုရှ သား ကား၊ သေဘ ၊ ဟာဝိလ ၊ သာဘတ ၊ ရာဂမ ၊ သတ္တေခါ တည်း။ ရာဂမ သား ကား၊ ရှေဘ ၊ ဒေဒန် တည်း။
8 And Cush begot Nimrod: he began to be mighty on the earth.
ကုရှ သည် သား နိမ်ရောဒ ကိုလည်း ရသေး၏။ ထို သားသည် မြေကြီး ပေါ် မှာ အဦး စွမ်း နိုင်သောသူဖြစ် ၏။
9 He was a mighty hunter before Jehovah; therefore it is said, As Nimrod, the mighty hunter before Jehovah!
ထာဝရဘုရား ရှေ့ မှာ အားကြီး သော မုဆိုး ဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရား ရှေ့ နိမ်ရောဒ ၊ အား ကြီးမုဆိုး ၊ ပြု လုပ်သည်လိုဟု စပ် ဆိုသတည်း။
10 And the beginning of his kingdom was Babel, and Erech, and Accad, and Calneh, in the land of Shinar.
၁၀သူ ၏ နိုင်ငံ အဦး ကား၊ ရှိနာ ပြည် ၌ ဗာဗုလုန် မြို့၊ ဧရက် မြို့၊ အက္က မြို့ကာလနေ မြို့တည်း။
11 From that land went out Asshur, and built Nineveh, and Rehoboth-Ir, and Calah,
၁၁ထို ပြည် မှာအာရှရိ ပြည်သို့ သွား၍ နိနေဝေ မြို့၊ ရဟောဘုတ် မြို့ ကာလ မြို့ကို၎င်း၊
12 and Resen, between Nineveh and Calah: this is the great city.
၁၂နိနေဝေ မြို့နှင့် ၊ ကာလ မြို့စပ်ကြား မှာ ကြီး စွာသော မြို့ တည်းဟူသောရေသင် မြို့ကို၎င်းတည်ဆောက် လေ၏။
13 — And Mizraim begot the Ludim, and the Anamim, and the Lehabim, and the Naphtuhim,
၁၃မိဇရိမ် သား ကား၊ လုဒိမ် လူ၊ အာနမိမ် လူ၊ လဟာဗိမ် လူ၊ နတ္တုဟိမ် လူ၊
14 and the Pathrusim, and the Casluhim, out of whom came the Philistines, and the Caphtorim.
၁၄ပါသရူသိမ် လူ၊ ကာသလုဟိမ် လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိ လူဖြစ် သတည်း။
15 — And Canaan begot Sidon, his firstborn, and Heth,
၁၅ခါနာန် သား အကြီး ကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
16 and the Jebusite, and the Amorite, and the Girgashite,
၁၆ထိုနောက် ယေဗုသိ လူ၊ အာမောရိ လူ။ ဂိရဂါရှိ လူ၊
17 and the Hivite, and the Arkite, and the Sinite,
၁၇ဟိဝိ လူ၊ အာကိ လူ၊ သိနိ လူ၊
18 and the Arvadite, and the Zemarite, and the Hamathite. And afterwards the families of the Canaanites spread themselves abroad.
၁၈အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူတည်း။ ထိုနောက် ခါနာန် အမျိုးသားအသီးသီး တို့သည် နှံ့ပြား ကြ လေ၏။
19 And the border of the Canaanite was from Sidon, as one goes to Gerar, up to Gazah; as one goes to Sodom, and Gomorrah, and Admah, and Zeboim, up to Lesha.
၁၉ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။
20 These are the sons of Ham, after their families, after their tongues, in their lands, in their nations.
၂၀ဤ သူတို့သည် သီးခြားသော အမျိုး အနွယ်၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် အပြည်အတိုင်း တိုင်း၌ နေသောဟာမ သား များ ဖြစ်သတည်း။
21 And to Shem — to him also were [sons] born; he is the father of all the sons of Eber, the brother of Japheth the elder.
၂၁ယာဖက် ညီ၊ ဟေဗြဲ လူအပေါင်း တို့၏ အဘ ၊ ရှေမ သည်လည်း သား များကိုမြင် လေ၏။
22 The sons of Shem: Elam, and Asshur, and Arphaxad, and Lud, and Aram.
၂၂ရှေမ သား ကား၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံ တည်း။
23 And the sons of Aram: Uz, and Hul, and Gether, and Mash.
၂၃အာရံ သား ကား၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှ တည်း။
24 — And Arphaxad begot Shelah; and Shelah begot Eber.
၂၄အာဖာဇဒ် သား ရှာလ ၊ ရှာလ သား ဟေဗာ တည်း။
25 And to Eber were born two sons: the name of the one was Peleg, for in his days was the earth divided; and his brother's name was Joktan.
၂၅ဟေဗာ သည်လည်း သား နှစ် ယောက်ကို မြင် လေ၏။ သား တယောက်ကား၊ ဖာလက် အမည် ရှိ၏။ အကြောင်း မူကား၊ သူ့ လက်ထက် ၌ မြေကြီး ကို ခွဲဝေ ကြ၏။ သူ ၏ညီ ကား၊ ယုတ္တန် အမည် ရှိ၏။
26 And Joktan begot Almodad, and Sheleph, and Hazarmaveth, and Jerah,
၂၆ယုတ္တန် သား ကား၊ အာလမောဒဒ် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ၊
27 and Hadoram, and Uzal, and Diklah,
၂၇ဟဒေါရံ ၊ ဥဇလ ၊ ဒိကလ၊
28 and Obal, and Abimael, and Sheba,
၂၈ဩဗလ အဘိမေလ ၊ ရှေဘ၊
29 and Ophir, and Havilah, and Jobab: all these were sons of Joktan.
၂၉ဩဖိရ ဟဝိလ ၊ ယောဗပ် ၊ ဤ သူအပေါင်း တို့ သည် ယုတ္တန် သား ဖြစ်သတည်း။
30 And their dwelling was from Mesha, as one goes to Sephar, the eastern mountain.
၃၀သူ တို့နေရာ မူကား၊ မေရှ မြို့မှ သည် အရှေ့ မျက်နှာ၌သေဖာ တောင် တိုင်အောင် ရှိ သတည်း။
31 These are the sons of Shem, after their families, after their tongues, in their lands, after their nations.
၃၁ဤ သူ တို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာ အလိုက် ၊ အပြည် ပြည်အတိုင်းတိုင်း တို့၌ နေသောရှေမ သား များဖြစ်သတည်း။
32 These are the families of the sons of Noah, after their generations, in their nations. And from these came the distribution of the nations on the earth after the flood.
၃၂ဤ ရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီးအလိုက်မှတ်သားထားသော နောဧ သား ဆွေစဉ်မျိုးဆက် စာရင်းပေသတည်း။ ထိုသူ တို့သည် ရေ လွှမ်းမိုးသောနောက် ၊ မြေကြီး ပေါ် မှာ သီးခြား သော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။

< Genesis 10 >