< Exodus 20 >

1 And God spoke all these words, saying,
ထိုအခါ ဘုရား သခင်မိန့်တော်မူသောစကား များဟူမူကား၊
2 I am Jehovah thy God, who have brought thee out of the land of Egypt, out of the house of bondage.
ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
3 Thou shalt have no other gods before me.
ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
4 Thou shalt not make thyself any graven image, or any form of what is in the heavens above, or what is in the earth beneath, or what is in the waters under the earth:
အထက် မိုဃ်း ကောင်းကင်၌ ၎င်း ၊ အောက် အရပ် မြေကြီး ပေါ်၌ ၎င်း၊ မြေကြီးအောက် ရေ ထဲ ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
5 thou shalt not bow down thyself to them, nor serve them; for I, Jehovah thy God, am a jealous God, visiting the iniquity of the fathers upon the sons to the third and to the fourth [generation] of them that hate me,
ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊
6 and shewing mercy unto thousands of them that love me and keep my commandments.
ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။
7 Thou shalt not idly utter the name of Jehovah thy God; for Jehovah will not hold him guiltless that idly uttereth his name.
သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မ မူ။
8 Remember the sabbath day to hallow it.
ဥပုသ် နေ့ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက် ကို အောက်မေ့ လော့။
9 Six days shalt thou labour, and do all thy work;
ခြောက် ရက် ပတ်လုံးအလုပ် မျိုးကို ကြိုးစား ၍ လုပ်ဆောင် လော့။
10 but the seventh day is the sabbath of Jehovah thy God: thou shalt not do any work, thou, nor thy son, nor thy daughter, thy bondman, nor thy handmaid, nor thy cattle, nor thy stranger that is within thy gates.
၁၀သတ္တမ နေ့ရက် သည် သင် ၏ဘုရား သခင်ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍ သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန် ၊ သင် ၏ တံခါး အတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။
11 For in six days Jehovah made the heavens and the earth, the sea, and all that is in them, and rested on the seventh day; therefore Jehovah blessed the sabbath day, and hallowed it.
၁၁အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှ တို့ကို ခြောက် ရက် တွင် ဖန်ဆင်း ၍ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမ နေ့ ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။
12 Honour thy father and thy mother, that thy days may be prolonged in the land that Jehovah thy God giveth thee.
၁၂သင် ၏ဘုရား သခင်ထာဝရဘုရား ပေး သနားတော်မူသော ပြည် ၌ သင် ၏အသက် တာရှည် မည် အကြောင်း ၊ သင် ၏မိဘ ကို ရိုသေ စွာပြုလော့။
13 Thou shalt not kill.
၁၃လူအသက် ကို မ သတ်နှင့်။
14 Thou shalt not commit adultery.
၁၄သူ့မယားကို မ ပြစ်မှား နှင့်။
15 Thou shalt not steal.
၁၅သူ့ဥစ္စာကို မ ခိုး နှင့်။
16 Thou shalt not bear false witness against thy neighbour.
၁၆ကိုယ် နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန် သောသက်သေ ကို မ ခံ နှင့်။
17 Thou shalt not desire thy neighbour's house, thou shalt not desire thy neighbour's wife, nor his bondman, nor his handmaid, nor his ox, nor his ass, nor anything that is thy neighbour's.
၁၇ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အိမ် ကို တပ်မက် လိုချင်သောစိတ်မရှိ စေနှင့်။ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ မယား ၊ သူ ၏ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခု ကိုမျှ တပ်မက် လိုချင်သောစိတ် မရှိ စေနှင့်ဟု မိန့်တော်မူ၏။
18 And all the people saw the thunderings, and the flames, and the sound of the trumpet, and the mountain smoking; and when the people saw [it], they trembled, and stood afar off,
၁၈လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။
19 and said to Moses, Speak thou with us, and we will hear; but let not God speak with us, lest we die.
၁၉မောရှေ ကို လည်း ၊ အကျွန်ုပ် တို့အား ကိုယ်တော် မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ် တို့အား ဘုရား သခင်မိန့် တော်မ မူပါစေနှင့်။ အကျွန်ုပ်တို့သည် သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက် ဆိုကြ၏။
20 And Moses said to the people, Fear not; for God is come to prove you, and that his fear may be before you, that ye sin not.
၂၀မောရှေ ကလည်း ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ကို စုံစမ်း ခြင်းငှာ ၎င်း၊ သင်တို့သည် ပြစ်မှား ခြင်းနှင့် လွတ် မည်အကြောင်း ကိုယ်တော် ကို ကြောက် စေ ခြင်းငှာ ၎င်း၊ ဘုရား သခင်ကြွ လာတော်မူပြီဟု လူ များတို့အား ပြောဆို ၏။
21 And the people stood afar off, and Moses drew near to the obscurity where God was.
၂၁လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။
22 And Jehovah said to Moses, Thus shalt thou say to the children of Israel: Ye have seen that I have spoken with you from the heavens.
၂၂ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့အား ပြန်ပြော ရသော စကားဟူမူကား၊ ငါသည် ကောင်းကင် ဘုံမှ သင် တို့နှင့် နှုတ်ဆက် ကြောင်းကို သင် တို့သည် သိ မြင်ကြပြီ။
23 Ye shall not make beside me gods of silver, and ye shall not make to you gods of gold.
၂၃ငါ့ ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေ ဘုရား ၊ ရွှေ ဘုရား ကို မ လုပ် ရ။
24 An altar of earth shalt thou make unto me, and shalt sacrifice on it thy burnt-offerings, and thy peace-offerings, thy sheep and thine oxen: in all places where I shall make my name to be remembered, I will come unto thee, and bless thee.
၂၄ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။
25 And if thou make me an altar of stone, thou shalt not build it of hewn stone; for if thou lift up thy sharp tool upon it, thou hast profaned it.
၂၅သင်သည် ကျောက် ယဇ် ပလ္လင်ကို ငါ့ အဘို့ တည် လျှင် ၊ ဆစ် သောကျောက်ကို မ တည် ရ။ သံတန်ဆာ ပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူး ခြင်းရှိ၏။
26 Neither shalt thou go up by steps unto mine altar, that thy nakedness be not discovered thereon.
၂၆သင် ၌ ရှက်စရာ အကြောင်းမ ထင် မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင် ပေါ် သို့ လှေကား ဖြင့် မ တက် ရဟု မိန့် တော်မူ၏။

< Exodus 20 >