< Psalms 41 >
1 Blessed is he who considers a poor man. Jehovah will deliver him in the day of evil.
၁ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။
2 Jehovah will preserve him, and keep him alive, and he shall be blessed upon the earth. And thou do not deliver him to the will of his enemies.
၂ထာဝရဘုရား သည် စောင့်မ ၍ အသက် ချမ်းသာ ပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည် တော်၌ ကောင်းကြီး မင်္ဂလာကို ခံရလိမ့်မည်။ ထိုသူ ကို ရန်သူ တို့ အလို သို့ ကိုယ်တော် သည် အပ် တော်မ မူပါ။
3 Jehovah will support him upon the bed of languishing. Thou will make all his bed in his sickness.
၃သူ သည်နာဖျား ၍ တုံးလုံး နေသောအခါ ၊ ထာဝရဘုရား သည် ထောက် ပင့်တော်မူမည်။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏အိပ်ရာ ရှိသမျှ ကို လှန် ပြန်တော်မူ မည်။
4 I said, O Jehovah, have mercy upon me. Heal my soul, for I have sinned against thee.
၄ငါ လျှောက်ဆို ရသည်ကား၊ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို သနား တော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား မိသည်ဖြစ်၍ ၊ အကျွန်ုပ် ၌ စိတ် ဝိညာဉ်၏ အနာကိုပျောက် စေတော်မူပါဟု လျှောက်ဆို၏။
5 My enemies speak evil against me, saying, When will he die, and his name perish?
၅ငါ့ ရန်သူ တို့က၊ သူ သည်သေ ၍ သူ၏နာမ သည် အဘယ် ကာလမှ တိမ်မြှုပ် လိမ့်မည်နည်းဟု ငါ့ ကို မနာလို ၍ ဆို တတ်ကြ၏။
6 And if he comes to see me, he speaks falsehood. His heart gathers iniquity to itself. When he goes abroad, he tells it.
၆ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။
7 All who hate me whisper together against me. Against me they devise my hurt.
၇ငါ့ ကိုမုန်း သော သူအပေါင်း တို့သည် ငါ့ ကို ရန်ဘက် ပြု၍၊ တယောက်နှင့် တယောက်တိုး တိုးပြော လျက်၊ ငါ ၌ မ ကောင်းသောအကြံကို ကြံစည် တတ်ကြ၏။
8 An evil disease, they say, clings firm to him. And now that he lies he shall rise up no more.
၈သူ ၌ အဓမ္မ အမှု အရာစွဲကပ် သည်ဖြစ်၍ ၊ တခါလဲ လျှင် နောက် တဖန်မ ထ ရဟု ဆိုကြ၏။
9 Yea, my own familiar friend, in whom I trusted, who ate of my bread, has lifted up his heel against me.
၉အကယ် စင်စစ်ငါယုံ ၍ ၊ ငါ့ မုန့် ကိုစား သော အဆွေခင်ပွန်း သည် ငါ့ ကို ခြေနှင့်ကျောက်သတည်း။
10 But thou, O Jehovah, have mercy upon me, and raise me up that I may requite them.
၁၀အိုထာဝရဘုရား ၊ သူ တို့အပြစ်ကို အကျွန်ုပ် ဆပ်ပေး နိုင်မည် အကြောင်း ၊ အကျွန်ုပ် ကို သနား ၍ ထမြောက် စေတော်မူပါ။
11 By this I know that thou delight in me, because my enemy does not triumph over me.
၁၁အကျွန်ုပ် ၏ ရန်သူ သည် အကျွန်ုပ် အား မ နိုင် ကြောင်း ကိုထောက် ၍၊ ကိုယ်တော်သည် အကျွန်ုပ် ကို မြတ်နိုး တော်မူသည်ဟု သိ ရပါ၏။
12 And as for me, thou uphold me in my integrity, and set me before thy face forever.
၁၂ကိုယ်တော် သည် အကျွန်ုပ် ကို အကျွန်ုပ် စုံလင် ခြင်းအရာ၌ မစ ၍ ၊ ကာလအစဉ် အဆက် ရှေ့ တော်ထံ မှာနေရာ ပေးတော်မူလတံ့။
13 Blessed be Jehovah, the God of Israel, from everlasting and to everlasting. Truly, and Truly.
၁၃ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။