< Handelingen 4 >

1 En terwijl zij tot het volk spraken, kwamen daarover tot hen de priesters, en de hoofdman des tempels, en de Sadduceen;
ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊
2 Zeer ontevreden zijnde, omdat zij het volk leerden, en verkondigden in Jezus de opstanding uit de doden.
တမန်တော် တို့သည် လူ များတို့အားဆုံးမ ဩဝါဒပေး၍ ယေရှု ကိုအကြောင်းပြုလျက် သေ ခြင်းမှ ထမြောက် ခြင်းတရားကို ဟော သောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန် ခြင်းရှိသည်နှင့်၊
3 En zij sloegen de handen aan hen, en zetten ze in bewaring tot den anderen dag; want het was nu avond.
တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
4 En velen van degenen, die het woord gehoord hadden, geloofden; en het getal der mannen werd omtrent vijf duizend.
တရား နာ သောသူအများ တို့သည် ယုံကြည် ခြင်းသို့ရောက်၍ အရေအတွက် အားဖြင့်လူ ငါး ထောင် မျှလောက် ရှိကြ၏။
5 En het geschiedde des anderen daags, dat hun oversten en ouderlingen en Schriftgeleerden te Jeruzalem vergaderden;
နက်ဖြန် နေ့ရောက် သော် မင်း အရာရှိ၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာတို့နှင့် ၊
6 En Annas, de hogepriester, en Kajafas, en Johannes, en Alexander, en zovele er van het hogepriesterlijk geslacht waren.
ယဇ်ပုရောဟိတ် မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြု မှစ၍ ယဇ် ပုရောဟိတ်မင်းမျိုး ရှိသမျှ တို့သည် ယေရုရှလင် မြို့၌ စုဝေးကြပြီးလျှင်၊
7 En als zij hen in het midden gesteld hadden, vraagden zij: Door wat kracht, of door wat naam hebt gijlieden dit gedaan?
တမန်တော် တို့ကို အလယ် ၌ ထား ၍၊ သင် တို့သည် အဘယ်သို့ သောတန်ခိုး ၊ အဘယ်သူ၏နာမ အားဖြင့် ဤအမှု ကိုပြု သနည်းဟု မေးမြန်း ကြ၏။
8 Toen zeide Petrus, vervuld zijnde met den Heiligen Geest, tot hen: Gij oversten des volks, en gij ouderlingen van Israel!
ထိုအခါပေတရု သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ လူ များကို အစိုးရ သောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲ တို့၊
9 Alzo wij heden rechterlijk onderzocht worden over de weldaad aan een krank mens geschied, waardoor hij gezond geworden is;
အင်္ဂါချို့တဲ့ သောသူ ကို ကျေးဇူး ပြု၍၊ သူ သည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ် သနည်းဟု ငါ တို့သည်ယနေ့ အစစ် ခံရလျှင် ၊
10 Zo zij u allen kennelijk, en het ganse volk Israel, dat door den Naam van Jezus Christus, den Nazarener, Dien gij gekruist hebt, Welken God van de doden heeft opgewekt, door Hem, zeg ik, staat deze hier voor u gezond.
၁၀သင် တို့သည် လက်ဝါးကပ်တိုင် မှာကွပ်မျက်၍၊ ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသော နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ဤ သူ သည် သင် တို့မျက်မှောက် ၌ကျန်းမာ လျက် ရှိသည်ကို သင် တို့မှစ၍ ဣသရေလ လူ အပေါင်း တို့ သိမှတ် ကြလော့။
11 Deze is de Steen, Die van u, de bouwlieden, veracht is, Welke tot een hoofd des hoeks geworden is.
၁၁ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။
12 En de zaligheid is in geen Anderen; want er is ook onder den hemel geen andere Naam, Die onder de mensen gegeven is, door Welken wij moeten zalig worden.
၁၂ထိုသခင်၏ နာမ တော်မှတပါး ငါတို့ကို ကယ်တင် နိုင်သော နာမတစ်စုံတစ်ခု မျှကောင်းကင် အောက် လူ တို့တွင် မပေါ်မရှိဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
13 Zij nu, ziende de vrijmoedigheid van Petrus en Johannes, en vernemende, dat zij ongeleerde en slechte mensen waren, verwonderden zich, en kenden hen, dat zij met Jezus geweest waren.
၁၃ထိုသူတို့သည် ပေတရု နှင့် ယောဟန် တို့၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူ တတ်မဟုတ်၊ လူသာမည သာ ဖြစ် သည်ကို သိမှတ် သဖြင့် အံ့ဩ ၍နေကြ၏။ ထိုသူ နှစ် ယောက်တို့သည် အထက်ကယေရှု နှင့်အတူရှိ သည်ကို သတိရ၍၎င်း၊
14 En ziende den mens bij hen staan, die genezen was, hadden zij niets daartegen te zeggen.
၁၄အနာကင်းလွတ် သော သူ သည် ထိုသူ တို့နှင့်အတူ ရှိ နေသည်ကို မြင် ၍၎င်း၊ ငြင်းခုံ ဆိုဘွယ်ရာမ ရှိ မတွေ့ကြ။
15 En hun geboden hebbende uit te gaan buiten den raad, overlegden zij met elkander,
၁၅တမန်တော် တို့ကိုလွှတ်တော် မှ ထွက်သွား စေပြီးလျှင်၊ ဤ သူ တို့ ကို အဘယ်သို့ ပြု ရမည်နည်း။
16 Zeggende: Wat zullen wij dezen mensen doen? Want dat er een bekend teken door hen geschied is, is openbaar aan allen, die te Jeruzalem wonen, en wij kunnen het niet loochenen.
၁၆သူ တို့သည် ထင်ရှား စွာသောနိမိတ် လက္ခဏာကို ပြ ပြီးသည်ကို၊ ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည် သိမြင် ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှာမ တတ်နိုင် ပြီ။
17 Maar opdat het niet meer en meer onder het volk verspreid worde, laat ons hen scherpelijk dreigen, dat zij niet meer tot enig mens in dezen Naam spreken.
၁၇သို့သော်လည်း လူ များအထဲ ၌သာ၍ မ နှံ့ မပြား စေခြင်းငှာ ၊ နောက်တဖန်ထိုနာမ ကို အမှီပြု လျက် အဘယ် သူ ကိုမျှ မ ဟော မပြောနှင့် ဟူ၍သူ တို့ကို ကျပ်တည်းစွာ ခြိမ်းချောက် ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်ပြီးမှ၊
18 En als zij hen geroepen hadden, zeiden zij hun aan, dat zij ganselijk niet zouden spreken, noch leren, in den Naam van Jezus.
၁၈တမန်တော် တို့ကိုခေါ် ၍၊ ယေရှု ၏ နာမ ကို အမှီပြု လျက်ဟောပြော သွန်သင် ခြင်းကို အလျှင်း မ ပြုနှင့် ဟု အမိန့် ရှိကြ၏။
19 Maar Petrus en Johannes, antwoordende, zeiden tot hen: Oordeelt gij, of het recht is voor God, ulieden meer te horen dan God.
၁၉ပေတရု နှင့် ယောဟန် တို့ကလည်း၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင် တို့၏ စကားကိုသာ၍ နားထောင် သော်၊ ဘုရားသခင့် ရှေ့ မှာ ကောင်း မည်မကောင်းမည်ကို ဆင်ခြင်၍ စီရင် ကြ လော့။
20 Want wij kunnen niet laten te spreken, hetgeen wij gezien en gehoord hebben.
၂၀ငါ တို့သည်ကြား လျက်၊ မြင် လျက်ရှိသောအရာ တို့ကိုမ ဟော မပြောဘဲမ နေနိုင် ဟု ထိုသူ တို့အား ဆို ကြ၏။
21 Maar zij dreigden hen nog meer, en lieten ze gaan, niets vindende, hoe zij hen straffen zouden, om des volks wil; want zij verheerlijkten allen God over hetgeen er geschied was.
၂၁ထိုအခါ တမန်တော် တို့၌ အပြစ် ဒဏ်ပေးသင့် သော အကြောင်းကို မ တွေ့ သဖြင့် တဖန် ခြိမ်းခြောက်ပြီးလျှင်လွှတ် ကြ၏။
22 Want de mens was meer dan veertig jaren oud, aan welken dit teken der genezing geschied was.
၂၂အကြောင်းမူကား ၊ အနာ ကင်းခြင်း နိမိတ် လက္ခဏာကို ခံရ သော သူ သည် အသက် လေးဆယ် ကျော် ရှိ သည်ဖြစ်၍လူ အပေါင်း တို့သည် ထို အမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
23 En zij, losgelaten zijnde, kwamen tot de hunnen, en verkondigden al wat de overpriesters en de ouderlingen tot hen gezegd hadden.
၂၃တမန်တော်တို့သည် လွတ် သောအခါ ၊ မိမိ တို့အပေါင်းအသင်း ရှိရာသို့ သွား ၍၊ မိမိ တို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ပြောဆို သမျှ ကို ပြန်ကြား ကြ၏။
24 En als dezen dat hoorden, hieven zij eendrachtelijk hun stem op tot God, en zeiden: Heere! Gij zijt de God, Die gemaakt hebt den hemel, en de aarde, en de zee, en alle dingen, die in dezelve zijn.
၂၄ထိုသူများတို့သည်ကြား ရလျှင်၊ တစ် ညီတစ်ညွတ် တည်း ဘုရားသခင့် ထံသို့ အသံ ကိုလွှင့် လျက် ၊ အစိုးရတော်မူသောအရှင် ၊ ကိုယ်တော် သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ထိုအရပ်တို့၌ ရှိသမျှ တို့ကို ဖန်ဆင်း တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
25 Die door den mond van David Uw knecht, gezegd hebt: Waarom woeden de heidenen, en hebben de volken ijdele dingen bedacht?
၂၅ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
26 De koningen der aarde zijn te zamen opgestaan, en de oversten zijn bijeenvergaderd tegen den Heere, en tegen Zijn Gezalfde.
၂၆လောကီ ရှင်ဘုရင် တို့သည် ထ ကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရ ဘုရားနှင့် ခရစ်တော် ကို ရန်ဘက်ပြုလျက် စည်းဝေး ကြ၏ဟု ကိုယ်တော် ကျွန် ဒါဝိဒ် ၏ နှုတ် ဖြင့်ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊
27 Want in der waarheid zijn vergaderd tegen Uw heilig Kind Jezus, Welken Gij gezalfd hebt, beiden Herodes en Pontius Pilatus, met de heidenen en de volken Israels;
၂၇ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊
28 Om te doen al wat Uw hand en Uw raad te voren bepaald had, dat geschieden zou.
၂၈ကိုယ်တော် ၏ အလိုရှိ သည်အတိုင်း၊ ရှေးမဆွကလက် တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှာဘိသိတ် ပေးတော်မူသော သား တော်မြတ် ယေရှု ကို ဤ မြို့ ၌ ရန်ဘက် ပြု၍ စည်းဝေး ကြပြီ၊ အမှန် ဖြစ်ပါ၏။
29 En nu dan, Heere, zie op hun dreigingen, en geef Uw dienstknechten met alle vrijmoedigheid Uw woord te spreken;
၂၉အိုထာဝရ ဘုရား၊ ယခု အခါထိုသူ တို့၏ ခြိမ်းချောက် ခြင်းကို မှတ် တော်မူပါ။
30 Daarin, dat Gij Uw hand uitstrekt tot genezing, en dat tekenen en wonderen geschieden door den Naam van Uw heilig Kind Jezus.
၃၀အနာ ရောဂါငြိမ်းစေခြင်းငှာ လက် တော်ကို ဆန့် တော်မူ၍၊ သန့်ရှင်း သော သား တော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ဖြစ် စေတော်မူစဉ်တွင်၊ ကိုယ်တော် ၏ ကျွန် တို့ သည် နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာ ဟောပြော ပါမည် အကြောင်း ကယ်မ သနားတော်မူပါဟု ဆုတောင်း ကြ၏။
31 En als zij gebeden hadden, werd de plaats, in welke zij vergaderd waren, bewogen. En zij werden allen vervuld met den Heiligen Geest, en spraken het Woord Gods met vrijmoedigheid.
၃၁ထိုသို့ ဆုတောင်း ပဌနာပြုပြီးမှ၊ စုဝေး သော အရပ် သည် တုန်လှုပ် ၍၊ ထိုသူအပေါင်း တို့သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ရဲရင့် စွာဟောပြော ကြ၏။
32 En de menigte van degenen, die geloofden, was een hart en een ziel; en niemand zeide, dat iets van hetgeen hij had, zijn eigen ware, maar alle dingen waren hun gemeen.
၃၂ယုံကြည် သောသူ အပေါင်း တို့သည် စိတ် နှလုံး တစ်ညီတစ်ညွတ် တည်းရှိ ကြ၍ ၊ အဘယ်သူမျှ မိမိ ဥစ္စာ တစ်စုံတစ်ခု ကို ငါ့ ဥစ္စာဟူ၍မ ဆို ဘဲ လျက်၊ ရှိသမျှ သောဥစ္စာတို့ကို ဆက်ဆံ သဖြင့် သုံးဆောင်ကြ၏။
33 En de apostelen gaven met grote kracht getuigenis van de opstanding van den Heere Jezus; en er was grote genade over hen allen.
၃၃သခင် ယေရှု ထမြောက် တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီး သော တန်ခိုး နှင့် သက်သေခံ ၍၊ ထိုသူ အပေါင်း တို့သည် ကြီး သော ကျေးဇူး တော်နှင့် ပြည့်စုံ ကြ၏။
34 Want er was ook niemand onder hen, die gebrek had; want zovelen als er bezitters waren van landen of huizen, die verkochten zij, en brachten den prijs der verkochte goederen, en legden dien aan de voeten der apostelen.
၃၄ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊
35 En aan een iegelijk werd uitgedeeld, naar dat elk van node had.
၃၅တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။
36 En Joses, van de apostelen toegenaamd Barnabas (hetwelk is, overgezet zijnde, een zoon der vertroosting), een Leviet, van geboorte uit Cyprus,
၃၆ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊
37 Alzo hij een akker had, verkocht dien, en bracht het geld, en legde het aan de voeten der apostelen.
၃၇မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။

< Handelingen 4 >