< Salme 118 >

1 Halleluja! Tak Herren, thi han er god, thi hans miskundhed varer evindelig.
ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
2 Israel sige: "Thi hans miskundhed varer evindelig!"
ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ဣသရေလ အမျိုး ဝန်ခံ စေ။
3 Arons Hus sige: "Thi hans Miskundhed varer evindelig!"
ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံ စေ။
4 De, som frygter HERREN, sige: "Thi hans Miskundhed varer evindelig!"
ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ သည် ဝန်ခံ ကြစေ။
5 Jeg påkaldte HERREN i Trængslen, HERREN svared og førte mig ud i åbent Land.
ငါသည် ကျဉ်းမြောင်း ရာထဲက ထာဝရ ဘုရားကို ခေါ် ၍၊ ထာဝရ ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်း တော်မူ၏။
6 HERREN, er med mig, jeg frygter ikke, hvad kan Mennesker gøre mig?
ထာဝရဘုရား သည် ငါ့ ဘက် မှာ ရှိတော်မူသည် ဖြစ်၍ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင်သနည်း။
7 HERREN, han er min Hjælper, jeg skal se med Fryd på dem, der hader mig.
ထာဝရဘုရား သည် ငါ့ ဘက် ၌ မစ တော်မူသည် ဖြစ်၍ ၊ ငါ့ ကို မုန်း သောသူတို့၌ ငါ့ အလို ပြည့်စုံလိမ့်မည်။
8 At ty til HERREN er godt fremfor at stole på Mennesker;
ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
9 at ty til HERREN er godt fremfor at stole på Fyrster.
ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည် မင်း ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
10 Alle Folkeslag flokkedes om mig, jeg slog dem ned i HERRENs Navn;
၁၀လူမျိုး အပေါင်း တို့သည် ငါ့ ကိုဝိုင်း ကြသော်လည်း၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ် ရ၏။
11 de flokkedes om mig fra alle Sider, jeg slog dem ned i HERRENs Navn;
၁၁ငါ့ ကိုဝိုင်း ကြ၏။ ဝိုင်း ကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
12 de flokkedes om mig som Bier, blussed op, som Ild i Torne, jeg slog dem ned i HERRENs Navn.
၁၂ပျား များကဲ့သို့ ငါ့ ကိုဝိုင်း ၍ အုံကြသော်လည်း၊ ဆူး ပင်ကို လောင်သော မီး ကဲ့သို့ ငြိမ်း ကြ၏။ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
13 Hårdt blev jeg ramt, så jeg faldt, men HERREN hjalp mig.
၁၃သင်သည် ငါ့ ကိုလှဲ ခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူ၏။
14 Min Styrke og Lovsang er HERREN, han blev mig til Frelse.
၁၄ထာဝရ ဘုရားသည် ငါ ၏အစွမ်း သတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ဖြစ် တော်မူ၏။
15 Jubel og Sejrsråb lyder i de retfærdiges Telte: "HERRENs højre øver Vælde,
၁၅ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
16 HERRENs højre er løftet, HERRENs højre øver Vælde!"
၁၆ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ချီးမြှင့် လျက်ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော် သည် ကြီး သောအမှုကိုပြု ၏။
17 Jeg skal ikke dø, men leve og kundgøre HERRENs Gerninger.
၁၇ငါမ သေ ရသေး။ အသက်ရှင် ၍ ထာဝရ ဘုရား ၏ အမှုတော် တို့ကို ကြား ပြောရဦးမည်။
18 HERREN tugted mig hårdt, men gav mig ej hen i Døden.
၁၈ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေ ခြင်း၌ အပ် တော်မ မူသေး။
19 Oplad mig Retfærdigheds Porte, ad dem går jeg ind og lovsynger HERREN!
၁၉ဖြောင့်မတ် ခြင်းတံခါး တို့ကို ငါ့ အား ဖွင့် ကြ။ ငါဝင် ၍ ထာဝရ ဘုရား၏ဂုဏ်တော်ကို ချီးမွမ်း ရမည်။
20 Her er HERRENs Port, ad den går retfærdige ind.
၂၀ဤ တံခါးသည် ထာဝရဘုရား ၏ တံခါး ဖြစ်၏။ ဖြောင့်မတ် သောသူတို့ သည် ဝင် ရကြ၏။
21 Jeg vil takke dig, thi du bønhørte mig, og du blev mig til Frelse.
၂၁ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူ၏။
22 Den Sten; Bygmestrene forkastede, er blevet Hovedhjørnesten.
၂၂တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
23 Fra HERREN er dette kommet, det er underfuldt for vore Øjne.
၂၃ထို အမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩ ဘွယ်ဖြစ်၏။
24 Denne er Dagen, som HERREN har gjort, lad os juble og glæde os på den!
၂၄ဤ နေ့ရက် သည် ထာဝရဘုရား စီရင် တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်း ကြကုန် အံ့။
25 Ak, HERRE, frels dog, ak, HERRE; lad det dog lykkes!
၂၅အို ထာဝရဘုရား ၊ ကယ်တင် တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား ၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
26 Velsignet den, der kommer, i HERRENs Navn; vi velsigner eder fra HERRENs Hus!
၂၆ထာဝရဘုရား ၏အခွင့် နှင့် ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား ၏ အိမ် တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။
27 HERREN er Gud, og han lod det lysne for os. Festtoget med Grenene slynge sig frem, til Alterets Horn er nået!
၂၇ထာဝရဘုရား သည် ဘုရား သခင်ဖြစ်၍ ၊ ငါ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၏။ ယဇ် တင်ရန် အကောင်ကို ယဇ် ပလ္လင်ဦးချို ၌ ကြိုး နှင့် ချည် ကြလော့။
28 Du er min Gud, jeg vil takke dig, min Gud, jeg vil ophøje dig!
၂၈ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။
29 Tak HERREN, thi han er god, thi hans Miskundhed varer evindelig!
၂၉ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

< Salme 118 >