< Masalimo 59 >

1 Kwa mtsogoleri wa mayimbidwe. Potsata mayimbidwe a “Musawononge.” Ndakatulo ya Davide. Pamene Sauli anatumiza anthu kuti akalondere nyumba ya Davide ndi cholinga choti amuphe. Landitseni kwa adani anga, Inu Mulungu; munditeteze kwa anthu amene auka kutsutsana nane.
ရှောလု စေလွှတ် သောသူတို့သည် ဒါဝိဒ် အသက်ကိုသတ် ခြင်းငှာ အိမ် ကို စောင့် ကြသောအခါ ဒါဝိဒ် စပ်ဆိုသောဆာလံ။ အို အကျွန်ုပ် ၏ဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ ၏ အပေါ် မှာ အကျွန်ုပ် ကို ချီးမြှောက် တော်မူပါ။
2 Landitseni kwa anthu ochita zoyipa ndipo mundipulumutse kwa anthu okhetsa magazi.
ဒုစရိုက် ကို ပြု သောသူတို့အထဲက အကျွန်ုပ် ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ် လိုသောသူ တို့ လက်မှ ကယ်တင် တော်မူပါ။
3 Onani momwe iwo akundibisalira! Anthu owopsa agwirizana zolimbana nane; osati chifukwa cha mlandu kapena tchimo langa, Inu Yehova.
သူတို့သည် အကျွန်ုပ် အသက် ကိုသတ် လို ၍ ချောင်း ကြည့် လျက် နေကြပါ၏။ အားကြီး သောသူတို့ သည်အကျွန်ုပ် တဘက် ၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား ၊ အကျွန်ုပ် မှားယွင်း သောကြောင့်မဟုတ် ပါ။ အကျွန်ုပ် အပြစ် ကြောင့်မဟုတ် ပါ။
4 Ine sindinachite cholakwa, koma iwo ndi okonzeka kundithira nkhondo. Dzukani kuti mundithandize; penyani mavuto anga!
အကျွန်ုပ်၌ အပြစ် မ ရှိဘဲ သူတို့သည် ပြေး လာ၍ ပြင်ဆင် ကြပါ၏။ အကျွန်ုပ် ကို ကူမ ခြင်းငှါ နိုး တော်မူပါ။ ကြည့်ရှု တော်မူပါ။
5 Inu Yehova Mulungu Wamphamvuzonse, Mulungu wa Israeli, dzidzutseni nokha kuti mulange anthu a mitundu ina yonse; musaonetse chifundo chanu kwa anthu oyipa achinyengowa.
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဘုံခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ သာသနာပ လူ အပေါင်း တို့ကို ဆုံးမ ခြင်းငှါ နိုး တော်မူပါ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံ တယောက်ကိုမျှ သနား တော်မ မူပါနှင့်။
6 Iwo amabweranso madzulo akuchita phokoso ngati agalu ndi kumangoyendayenda mu mzinda.
သူတို့သည် ညဦး ယံ၌ ပြန်လာ ၍၊ ခွေး ဘာသာ အတိုင်း မြည် လျက် မြို့ ကိုလှည့်ပတ် ကြပါစေသော။
7 Onani zomwe amalavula mʼkamwa mwawo; iwo amalavula malupanga kuchokera pa milomo yawo, ndipo amanena kuti, “Ndani angatimve?”
ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။
8 Koma Inu Yehova, mumawaseka, mumayinyoza mitundu yonseyo.
သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ပြုံးရယ် ၍ သာသနာပလူ အပေါင်း တို့ကို ကဲ့ရဲ့ တော်မူမည်။
9 Inu mphamvu yanga, ine ndiyangʼana kwa inu; Inu Mulungu, ndinu linga langa.
အို အကျွန်ုပ်အစွမ်း သတ္တိ၊ ကိုယ်တော် ကို မြော်လင့် ပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူ၏။
10 Mulungu wanga wachikondi. Mulungu adzapita patsogolo panga ndipo adzandilola kunyada pa iwo amene amandinyoza.
၁၀ကရုဏာ အရှင် ဘုရား သခင်သည် အကျွန်ုပ် ကို ကူမခြင်းငှါကြွလာ တော်မူမည်။ ရန်သူ တို့ကို အကျွန်ုပ် ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 Koma musawaphe, Inu Ambuye chishango chathu, kuopa kuti anthu anga angayiwale. Mwa mphamvu zanu, lolani kuti azingoyendayenda ndipo muwatsitse.
၁၁အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ရှင်၊ သူ တို့ကိုသတ် တော်မ မူပါနှင့်။ သတ်လျှင် အကျွန်ုပ် ၏ လူ တို့သည် သတိ လစ်ကြပါလိမ့်မည်။ တန်ခိုး တော်အားဖြင့် အရပ်ရပ်ကွဲပြား စေ၍ နှိမ့်ချ တော်မူပါ။
12 Chifukwa cha machimo a pakamwa pawo chifukwa cha mawu a milomo yawo, iwo akodwe mʼkunyada kwawo. Chifukwa cha matemberero ndi mabodza amene ayankhula
၁၂သူ တို့ပြောမိ သော စကား တည်းဟူသောသူ တို့ နှုတ် ၏အပြစ် ကြောင့် မိမိ တို့မာန တွင် ကျော့မိ ပါစေ သော။ သူတို့ ကျိန်ဆဲ သော စကားနှင့် မုသာ စကား ကြောင့်၊
13 muwawononge mu ukali (wanu) muwawononge mpaka atheretu. Pamenepo zidzadziwika ku malekezero a dziko lapansi kuti Mulungu amalamulira Yakobo.
၁၃အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။
14 Iwo amabweranso madzulo, akuchita phokoso ngati agalu ndi kumangoyenda mu mzinda.
၁၄ညဦး ယံ၌ ပြန်လာ ၍ ၊ ခွေး ဘာသာအတိုင်း မြည် လျက် မြို့ ကို လှည့် ပတ်ကြပါစေသော။
15 Iwo amayendayenda kufuna chakudya ndipo amawuwa ngati sanakhute.
၁၅အစာ ကို ရှာလျက် အရပ်ရပ် သို့ လည်၍မ ဝ ဘဲ တညဉ့်လုံး နေကြပါစေသော။
16 Koma ine ndidzayimba za mphamvu yanu, mmawa ndidzayimba zachikondi chanu; pakuti ndinu linga langa, pothawirapo panga mʼnthawi ya mavuto.
၁၆အကျွန်ုပ် မူကား ၊ တန်ခိုး တော်ကို သီချင်း ဆိုပါမည်။ နံနက် ယံ၌ ကရုဏာ တော်ကို ရွှင်လန်းစွာ သီချင်း ဆိုပါမည်။ အကြောင်း မူကား၊ ဘေး ရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ဘေး လွတ်ရာ ဖြစ် တော်မူ၏။
17 Inu mphamvu yanga, ndiyimba matamando kwa inu; Inu Mulungu, ndinu linga langa, Mulungu wanga wachikondi.
၁၇အိုအကျွန်ုပ် အစွမ်း သတ္တိ၊ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။ အကျွန်ုပ် ၌ ကရုဏာ အရှင် ဘုရား သခင်ဖြစ်တော်မူ၏။

< Masalimo 59 >