< Mateyu 9 >
1 Yesu analowa mʼbwato nawoloka, ndipo anabwera ku mudzi wa kwawo.
၁ထိုအခါ ကိုယ်တော်သည် လှေ စီး ၍ ကူး ပြန်သဖြင့်၊ မိမိ မြို့ သို့ ရောက် တော်မူ၏။
2 Amuna ena anabwera ndi munthu wakufa ziwalo kwa Iye atamugoneka pa mphasa. Yesu ataona chikhulupiriro chawo anati kwa wakufa ziwaloyo, “Limba mtima mwana wanga, machimo ako akhululukidwa.”
၂လက်ခြေသေ ၍ အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် လက်ခြေသေ သောသူ အား၊ ငါ့သား မ စိုးရိမ်နှင့်။ သင် ၏အပြစ် ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။
3 Pamenepo aphunzitsi ena amalamulo anaganiza mu mtima mwawo kuti, “Munthu uyu akuchitira Mulungu mwano.”
၃ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။
4 Ndipo podziwa maganizo awo Yesu anati, “Bwanji mukuganiza zoyipa mʼmitima mwanu?
၄ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
5 Chapafupi ndi chiti kunena kuti, ‘Machimo ako akhululukidwa’ kapena kunena kuti, ‘Imirira ndipo yenda?’
၅အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။
6 Tsono kuti mudziwe kuti Mwana wa Munthu ali ndi ulamuliro pa dziko wokhululuka machimo, pamenepo anati kwa wakufa ziwaloyo, ‘Imirira, tenga mphasa yako kazipita kwanu.’”
၆လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
7 Ndipo munthuyo anayimirira napita kwawo.
၇ထိုသူသည်လည်း ထ ၍ မိမိ အိမ် သို့ သွား လေ၏။
8 Gulu la anthu litaona izi, linadzazidwa ndi mantha ndipo linalemekeza Mulungu amene anapereka ulamuliro kwa anthu.
၈လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းရှိ၍ ၊ လူ တို့အား ဤသို့သော အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
9 Ndipo Yesu atachoka kumeneko, anaona munthu wina dzina lake Mateyu, atakhala mʼnyumba ya msonkho. Anati kwa iye, “Nditsate Ine.” Ndipo iye ananyamuka namutsata.
၉ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။
10 Ndipo pamene Iye ankadya mʼnyumba, onani, amisonkho ndi ochimwa ambiri anabwera nakhala pansi pamodzi ndi Yesu ndi ophunzira ake.
၁၀ထိုနောက်မှ အိမ် တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် လာ ၍ ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။
11 Ndipo Afarisi poona izi, anati kwa ophunzira ake, “Nʼchifukwa chiyani Aphunzitsi anu akudya pamodzi ndi amisonkho ndi ochimwa?”
၁၁ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။
12 Yesu atamva, anati, “Munthu wamoyo safuna singʼanga ayi, koma wodwala.
၁၂ယေရှုသည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကို အလို မ ရှိ ကြ။ နာ သောသူ တို့ သာလျှင် အလိုရှိ ကြ၏။
13 Koma pitani kaphunzireni tanthauzo la mawu awa: ‘Ndimafuna chifundo osati nsembe ayi.’ Pakuti sindinabwere kudzayitana olungama koma ochimwa.”
၁၃ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
14 Ndipo ophunzira a Yohane anabwera namufunsa Iye kuti, “Bwanji ife ndi Afarisi timasala kudya koma ophunzira anu sasala kudya?”
၁၄ထိုအခါ ယောဟန် ၏ တပည့် တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့် ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။
15 Yesu anayankha kuti, “Kodi oyitanidwa ku ukwati angamalire bwanji pamene mkwati ali naye pamodzi? Nthawi idzafika pamene mkwatiyo adzachotsedwa ndi pamene adzasala kudya.”
၁၅ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။
16 Ndipo palibe munthu amasokerera chigamba chatsopano pa chovala chakale chifukwa chigambacho chidzachoka ndipo chibowocho chidzakula kuposa kale.
၁၆အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ သောအထည်သည် အဝတ် ဟောင်းကို စား ၍ အပေါက် ကျယ်တတ်၏။
17 Kapena sathira vinyo watsopano mʼmatumba akale; akatero, matumba akalewo adzaphulika ndipo vinyoyo adzatayika, matumbawo adzawonongeka; satero ayi. Amathira vinyo watsopano mʼmatumba atsopanonso ndipo zonse zimasungika.
၁၇၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် ၊ သားရေဘူး သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။
18 Pamene ankanena zimenezi, mkulu wa sunagoge anabwera namugwadira Iye nati, “Mwana wanga wamkazi wamwalira posachedwapa koma tiyeni mukasanjike dzanja lanu pa iye ndipo adzakhala ndi moyo.”
၁၈ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့ အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။
19 Yesu ndi ophunzira ake ananyamuka napita naye pamodzi.
၁၉ယေရှု သည် ထ ၍ တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။
20 Panali mayi wina amene ankadwala nthenda yotaya magazi kwa zaka khumi ndi ziwiri ndipo anadza mʼmbuyo mwake nakhudza mkanjo wake.
၂၀ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊
21 Iyeyo anati mwa iye yekha, “Nditangokhudza kasonga ka mkanjo wake, ine ndidzachiritsidwa.”
၂၁ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့ လေ၏။
22 Ndipo Yesu anatembenuka namuona mayiyo nati, “Limbani mtima mayi iwe, chikhulupiriro chako chakuchiritsa.” Nthawi yomweyo mayiyo anachiritsidwa.
၂၂ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
23 Yesu atalowa mʼnyumba ya mkulu wa sunagoge ndi kuona oyimba zitoliro ndi gulu la anthu ochita phokoso,
၂၃အရာရှိ အိမ် သို့ ရောက် တော်မူ၍ တီးမှုတ် သော သူတို့နှင့် များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင် ၊
24 anati, “Tulukani, mtsikanayu sanafe koma ali mtulo.” Koma anamuseka Iye.
၂၄ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။
25 Atangowatulutsa anthuwo, analowa mʼnyumba ndipo anagwira dzanja la mtsikanayo ndipo anauka.
၂၅ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ လေ၏။
26 Mbiriyi inamveka mʼdera lonse.
၂၆ထို သိတင်း စကားသည် တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောလေ၏။
27 Yesu atapitirira ulendo wake, amuna awiri osaona anamutsatira Iye, akufuwula kuti, “Tichitireni chifundo, Mwana wa Davide!”
၂၇ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။
28 Atalowa mʼnyumba, amuna awiri osaonawo anabwera kwa Iye ndipo anawafunsa kuti, “Kodi mukhulupirira kuti ndikhoza kukuchiritsani?” Iwo anayankha kuti, “Inde Ambuye.”
၂၈အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။
29 Pomwepo anakhudza maso awo nati, “Zichitike kwa inu monga mwachikhulupiriro chanu.”
၂၉ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊
30 Ndipo anayamba kuona. Yesu anawachenjeza kwambiri nati, “Onani, wina aliyense asadziwe za zimenezi.”
၃၀သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။
31 Koma iwo anatuluka mʼnyumbamo nafalitsa za Iye mʼchigawo chonse.
၃၁သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောစေ၏။
32 Pamene iwo ankatuluka kunja, anthu anabwera kwa Iye ndi munthu wogwidwa ndi mzimu wosayankhula.
၃၂ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။
33 Ndipo atatulutsa mzimuwo, munthuyo anayankhula. Gulu la anthuwo linadabwa ndipo linati, “Zinthu zotere sizinaonekepo mu Israeli.”
၃၃နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ အစုအဝေးတို့သည်လည်း အံ့ဩ ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့ မ မြင်ရစဖူးဟု ပြောဆို ကြ၏။
34 Koma Afarisi anati, “Akutulutsa mizimu yoyipa ndi mphamvu ya mkulu wa ziwanda.”
၃၄ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။
35 Yesu anayendayenda mʼmizinda yonse ndi mʼmidzi, kuphunzitsa mʼmasunagoge awo, nalalikira Uthenga Wabwino wa ufumu ndi kuchiritsa nthenda zawo zonse ndi zofowoka za mʼmatupi mwawo.
၃၅ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။
36 Ataona maguluwo, anagwidwa ndi chisoni chifukwa anali ozunzika ndi osowa chithandizo ngati nkhosa zopanda mʼbusa.
၃၆အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။
37 Pamenepo anati kwa ophunzira ake, “Zokolola ndi zambiri koma antchito ndi ochepa.
၃၇ထိုအခါ ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။
38 Nʼchifukwa chake, pemphani Ambuye mwini zokolola kuti atumize antchito ku munda wake.”
၃၈ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။