< Mateyu 28 >

1 Litapita tsiku la Sabata, mmawa wa tsiku loyamba la Sabata, Mariya wa ku Magadala ndi Mariya wina anapita kukaona manda.
ဥပုသ်နေ့ လွန် ခုနစ် ရက်တွင် ပဌမ နေ့ရက်မိုဃ်းလင်း အံ့ဆဲဆဲအချိန်၌၊ မာဂဒလ မာရိ နှင့် အခြား သော မာရိ သည် သင်္ချိုင်း တော်ကို အကြည့်အရှု သွား ကြ၏။
2 Kunachitika chivomerezi chachikulu, pakuti mngelo wa Ambuye anabwera kuchokera kumwamba ndipo anapita ku manda, nakagubuduza mwala nawukhalira.
ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
3 Maonekedwe ake anali ngati mphenzi ndipo zovala zake zinali mbuu ngati matalala.
သူ ၏မျက်နှာ သည် လျှပ်စစ် ကဲ့သို့ ထင် ၏။ အဝတ် သည်လည်း မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။
4 Alondawo anachita naye mantha kwambiri kotero kuti ananjenjemera ndi kuwuma ngati akufa.
လူစောင့် တို့သည် ကောင်းကင် တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ် ၍ သေ မတတ်ဖြစ် ကြ၏။
5 Mngelo anati kwa amayiwo, “Musachite mantha popeza ndikudziwa kuti mukufuna Yesu amene anapachikidwa.
ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာသတ်သောယေရှု ကို သင် တို့ရှာ ကြသည်ကို ငါသိ ၏။
6 Iye muno mulibe, wauka monga mmene ananenera. Bwerani, dzaoneni malo amene anagona.
ဤ အရပ်၌မ ရှိ ။ မိန့် တော်မူသည်အတိုင်း ထမြောက် တော်မူပြီ။ လာ ကြ၊ သခင်လျောင်း တော်မူရာ အရပ် ကို ကြည့် ကြလော့။
7 Ndipo pitani msanga kawuzeni ophunzira ake kuti, ‘Wauka kwa akufa ndipo watsogola kupita ku Galileya. Mukamuona Iye kumeneko.’ Taonani ndakuwuzani.”
အလျင်အမြန် ပြန်သွား ၍ သေ ခြင်းမှ ထမြောက် တော်မူကြောင်းကို တပည့် တော်တို့အားပြော ကြလော့။ သင် တို့ ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူမည်။ ထို ပြည်၌ သင်တို့သည်ကိုယ်တော် ကို တွေ့မြင် ရကြလိမ့်မည်။ ငါပြော ပြီဟုထိုမိန်းမ တို့အား ကောင်းကင်တမန်ဆို ၏။
8 Pamenepo amayiwo anachoka mofulumira ku mandako ali ndi mantha komabe atadzaza ndi chimwemwe, ndipo anathamanga kukawuza ophunzira ake.
ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့ သဖြင့် ၎င်း၊ အလွန် ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်း တော်မှ အလျင်အမြန် သွား ၍ တပည့် တော်တို့အား ထိုသိတင်းစကားကို ကြားပြော ခြင်းငှာပြေး ကြ၏။
9 Mwadzidzidzi Yesu anakumana nawo nati, “Moni.” Iwo anabwera kwa Iye, nagwira mapazi ake namulambira.
လမ်းမှာသွားကြစဉ် ယေရှု သည် ကြိုဆို တော်မူ၍ ၊ သင်တို့အား မင်္ဂလာ ဖြစ်စေသတည်း ဟု မိန့် တော်မူ၏။ ထို မိန်းမတို့သည် ချဉ်းကပ် ၍ ခြေ တော်ကိုဘက်ယမ်း လျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။
10 Ndipo Yesu anawawuza kuti, “Musachite mantha, pitani kawuzeni abale anga kuti apite ku Galileya ndipo kumeneko akandiona Ine.”
၁၀ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။
11 Amayi aja akupita, ena mwa alonda aja anapita ku mzinda nafotokozera akulu a ansembe zonse zimene zinachitika.
၁၁ထိုမိန်းမ တို့သည် သွား ကြစဉ်အခါလူစောင့် အချို့ တို့သည် မြို့ ထဲသို့ ဝင် ၍ ဖြစ် လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ် အကြီးတို့အား ပြန်ကြား ကြ၏။
12 Akulu a ansembe atakumana ndi akuluakulu anapangana zochita. Anapatsa alonda aja ndalama zambiri,
၁၂ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ တို့သည် စုဝေး ၍ တိုင်ပင် ပြီးမှ စစ်သူရဲ တို့အား ငွေ အများ ကို ပေး ၍၊
13 nawawuza kuti, “Muzinena kuti, ‘Ophunzira ake anabwera usiku ndipo amuba ife tili mtulo.’
၁၃ညဉ့် အခါငါ တို့အိပ်ပျော် စဉ်တွင် ထိုသူ ၏ တပည့် တို့သည်လာ၍ အလောင်းကို ခိုး သွား ကြသည်ဟု သင်တို့ပြော ကြလော့။
14 Ngati nkhani iyi imupeze bwanamkubwa, ife tidzamukhazika mtima pansi ndipo simudzakhala mʼmavuto.”
၁၄ထို အကြောင်းကို မြို့ဝန်မင်း ကြား ပြန်လျှင် ၊ ငါ တို့သည် သူ့ ကိုဖျောင်းဖျ ၍ သင် တို့၌ အမှု မရှိစေခြင်းငှာပြု မည်ဟု၊
15 Pamenepo alondawo anatenga ndalamazo nachita monga mmene anawuzidwira. Ndipo mbiri iyi inawanda pakati pa Ayuda mpaka lero lino.
၁၅သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ၍ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။
16 Ndipo ophunzira khumi ndi mmodzi aja anapita ku Galileya, ku phiri limene Yesu anawawuza kuti apite.
၁၆တစ်ကျိပ် တစ်ပါးသော တပည့် တော်တို့သည် ဂါလိလဲ ပြည်သို့ သွား ၍ ယေရှု မှာထား တော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော် ကိုတွေ့မြင် ၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။
17 Atamuona Iye, anamulambira; koma ena anakayika.
၁၇အချို့ တို့သည် ယုံမှား ခြင်းရှိကြ၏။
18 Kenaka Yesu anabwera kwa iwo nati, “Ulamuliro wonse kumwamba ndi dziko lapansi wapatsidwa kwa Ine.
၁၈ယေရှု သည် အနီးအပါးသို့ ချဉ်း တော်မူပြီးလျှင် ၊ ကောင်းကင် ဘုံ၌ ၎င်း ၊ မြေကြီး ပေါ်၌ ၎င်း၊ စီရင်ပိုင် သော အခွင့် တန်ခိုးရှိသမျှ တို့ကို ငါ ခံရ ပြီ။
19 Chifukwa chake, pitani kaphunzitseni anthu a mitundu yonse, ndi kuwabatiza mʼdzina la Atate ndi la Mwana ndi la Mzimu Woyera,
၁၉သင်တို့သွား ၍ လူမျိုး တကာ တို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော် ၊ သား တော်၊ သန့်ရှင်း သော ဝိညာဉ် တော်၏နာမ ၌ ဗတ္တိဇံ ကို ပေးကြလော့။
20 ndi kuwaphunzitsa amvere zonse zimene ndinakulamulirani. Ndipo onani, Ine ndidzakhala pamodzi ndi inu kufikira kutha kwa dziko lapansi pano.” (aiōn g165)
၂၀ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။ (aiōn g165)

< Mateyu 28 >