< Luka 13 >
1 Nthawi yomweyo panali ena amene analipo omwe amamuwuza Yesu za Agalileya amene magazi awo Pilato anawasakaniza ndi nsembe zawo.
၁ထို အခါ လူအချို့ တို့သည်လာ ၍ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊
2 Yesu anayankha kuti, “Kodi mukuganiza kuti Agalileya amenewa anali ochimwa kwambiri kuposa Agalileya ena onse chifukwa anavutika mʼnjira iyi?
၂ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။
3 Ine ndikuti, ayi! Koma ngati inu simutembenuka mtima, inunso mudzawonongeka nonse.
၃သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
4 Kapena anthu 18 aja amene anafa nsanja ya Siloamu itawagwera, kodi mukuganiza kuti iwo aja anali ochimwa kwambiri kuposa onse amene amakhala mu Yerusalemu?
၄ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။
5 Ine ndikuti, ayi! Koma ngati inu simutembenuka mtima, inunso mudzawonongeka nonse.”
၅သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။
6 Kenaka Iye anawawuza fanizo kuti, “Munthu wina anali ndi mtengo wamkuyu, umene anadzala mʼmunda wamphesa, ndipo Iye anapita kukayangʼana zipatso, koma sanazipeze.
၆တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
7 Tsono kwa munthu amene amasamalira munda wamphesawo anati, ‘Kwa zaka zitatu tsopano ndakhala ndikubwera kudzafuna chipatso pa mtengo uwu ndipo sindinachipeze. Udule! Nʼchifukwa chiyani ukuwononga nthaka?’
၇ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။
8 “Munthuyo anayankha kuti, ‘Bwana, tawusiyani kwa chaka chimodzi chokha ndipo ine ndikumba ngalande mozungulira ndi kuthira manyowa.
၈အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ ၍ နောက်ချေး ကို ဖို့ ပါမည်။
9 Ngati udzabale zipatso chaka chamawa, zili bwino! Koma ngati sudzabala, pamenepo mudzawudule.’”
၉အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။
10 Pa Sabata Yesu ankaphunzitsa mʼsunagoge ina,
၁၀တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
11 ndipo momwemo munali mayi amene anali ndi mzimu woyipa umene unamudwalitsa zaka 18. Iye anali wokhota msana ndipo samatha kuweramuka ndi pangʼono pomwe.
၁၁တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း မ ဆန့် နိုင် ။
12 Yesu atamuona anamuyitana kutsogolo ndipo anati kwa iye, “Amayi, mwamasulidwa ku mavuto.”
၁၂ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊
13 Kenaka anasanjika manja ake pa iye, ndipo nthawi yomweyo anawongoka nayamika Mulungu.
၁၃သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
14 Chifukwa cha kuyipidwa kuti Yesu anachiritsa pa Sabata, wolamulira sunagoge anati kwa anthu, “Pali masiku asanu ndi limodzi ogwira ntchito. Choncho bwerani kuti mudzachiritsidwe masiku amenewo osati pa Sabata.”
၁၄ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
15 Ambuye anamuyankha kuti, “Iwe wachiphamaso! Kodi nonsenu simumasula pa Sabata ngʼombe zanu kapena bulu kumuchotsa mʼkhola ndi kupita naye kukamupatsa madzi?
၁၅သခင် ဘုရားကလည်း ၊ လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ ၌ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ၍ ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။
16 Nanga mayiyu, amene ndi mwana wa Abrahamu, ndipo anamangidwa ndi Satana zaka 18, kodi siwoyenera kuti amasulidwe msinga imeneyi pa tsiku la Sabata?”
၁၆တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မ လွှတ် ရ သလော ဟု မိန့် တော်မူ၏။
17 Atanena izi, onse omutsutsa anachititsidwa manyazi, koma anthu anakondwera ndi zodabwitsa zonse zimene Iye anazichita.
၁၇ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
18 Kenaka Yesu anafunsa kuti, “Kodi ufumu wa Mulungu uli ngati chiyani? Kodi Ine ndingawufanizire ndi chiyani?
၁၈တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။
19 Uli ngati mbewu ya mpiru, imene munthu anatenga ndi kudzala mʼmunda mwake. Inakula, nʼkukhala mtengo, ndipo mbalame zamlengalenga zinakhala mʼnthambi zake.”
၁၉လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
20 Iye anafunsanso kuti, “Kodi ufumu wa Mulungu ndingawufanizire ndi chiyani?
၂၀တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
21 Uli ngati yisiti amene mayi anatenga ndi kusakaniza ndi ufa wambiri mpaka anafufumitsa ufawo.”
၂၁မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။
22 Ndipo Yesu anayendayenda mʼmizinda ndi mʼmidzi, kumaphunzitsa pamene Iye ankapita ku Yerusalemu.
၂၂ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။
23 Wina anamufunsa Iye kuti, “Ambuye, kodi ndi anthu ochepa okha amene adzapulumutsidwe?” Iye anawawuza kuti,
၂၃လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင် ၊
24 “Yesetsani kulowa pa khomo lopapatiza, chifukwa ndikukuwuzani kuti ambiri adzafuna kulowa koma sadzatha kutero.
၂၄ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
25 Nthawi yomwe mwini nyumba adzayimirira ndi kutseka chitseko, inu mudzayima kunja kugogoda ndi kudandaula kuti, ‘Bwana, tatitsekulirani khomo.’ “Koma Iye adzayankha kuti, ‘Ine sindikukudziwani ndipo sindikudziwanso kumene mwachokera.’
၂၅အိမ်ရှင် သည် တစ်ခါထ ၍ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် ၍ တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။
26 “Ndipo inu mudzati, tinkadya ndi kumwa ndi inu ndipo munkaphunzitsa mʼmisewu yathu.
၂၆ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း ၊
27 “Koma Iye adzayankha kuti, ‘Ine sindikukudziwani ndipo sindikudziwanso kumene mwachokera. Chokereni inu nonse ochita zoyipa!’
၂၇သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
28 “Mudzalira ndi kukuta mano mukadzaona Abrahamu, Isake ndi Yakobo ndi aneneri onse ali mu ufumu wa Mulungu koma inuyo mutaponyedwa kunja.
၂၈ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
29 Anthu adzachokera kummawa ndi kumadzulo, kumpoto ndi kummwera, kudzakhala pa phwando mu ufumu wa Mulungu.
၂၉ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။
30 Ndithudi otsirizira ndiye adzakhale oyambirira, ndipo oyambirira ndiye adzakhale otsirizira.”
၃၀နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
31 Pa nthawi imeneyo Afarisi anabwera kwa Yesu ndipo anati kwa Iye, “Chokani malo ano ndipo pitani kumalo ena aliwonse. Herode akufuna kukuphani.”
၃၁ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
32 Iye anayankha kuti, “Pitani kawuzeni nkhandweyo, Ine ndikutulutsa ziwanda ndi kuchiritsa anthu lero ndi mawa ndipo tsiku lachitatu ndidzakwaniritsa cholinga changa.”
၃၂ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
33 Mʼnjira ina iliyonse, Ine ndiyenera kupitirira ulendo wanga lero, mawa ndi mkuja. Zoona nʼzakuti mneneri sangafere kunja kwa Yerusalemu.
၃၃သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။
34 Iwe Yerusalemu, Yerusalemu! Umapha aneneri ndi kuwagenda miyala anthu amene atumizidwa kwa iwe. Nthawi zambiri ndakhala ndikufuna kusonkhanitsa ana ako pamodzi, monga nkhuku imasonkhanitsira anapiye pansi pa mapiko ake, koma iwe sunafune!
၃၄အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
35 Taona, nyumba yako yasanduka bwinja. Ine ndikukuwuza kuti, sudzandionanso mpaka pamene udzati, “Wodala amene akubwera mʼdzina la Ambuye!”
၃၅သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။