< Yohane 1 >
1 Pachiyambi panali Mawu, ndipo Mawu anali kwa Mulungu, ndipo Mawu ndiye Mulungu.
၁အစအဦး ၌ နှုတ်ကပတ် တော်ရှိ ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင် နှင့်အတူ ရှိ ၏။ နှုတ်ကပတ် တော် သည်လည်း ဘုရားသခင် ဖြစ် တော်မူ၏။
2 Mawuwa anali ndi Mulungu pachiyambi.
၂ထိုနှုတ်ကပတ် တော်သည် အစအဦး ၌ ဘုရားသခင် နှင့်အတူ ရှိ ၏။
3 Zinthu zonse zinalengedwa ndi Iye; ndipo popanda Iye sikukanakhala kanthu kalikonse kolengedwa.
၃နှုတ်ကပတ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ် လျက်ဖြစ် သော အရာတစ်စုံတစ်ခု မျှ မရှိ။
4 Mwa Iye munali moyo, ndipo moyowo unali kuwunika kwa anthu.
၄ထိုနှုတ်ကပတ် တော်၌ အသက် ရှိ ၏။ ထိုအသက် သည်လည်း လူ တို့၏အလင်း ဖြစ် ၏။
5 Kuwunika kunawala mu mdima, koma mdimawo sunakuzindikire.
၅ထိုအလင်း သည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက် သည် မ ခံ မယူ။
6 Kunabwera munthu amene anatumizidwa kuchokera kwa Mulungu; Iyeyo dzina lake linali Yohane.
၆ယောဟန် အမည် ရှိသော သူ တစ်ယောက်ကို ဘုရားသခင် စေလွှတ် တော်မူ၏။
7 Iye anabwera ngati mboni kudzachitira umboni kuwunikako kuti kudzera mwa iye anthu onse akhulupirire.
၇ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။
8 Iyeyu sanali kuwunika; koma anabwera ngati mboni ya kuwunika.
၈ထိုသူ သည် အလင်း တော်မ ဟုတ် ။ အလင်း တော်၏အကြောင်း ကို သက်သေခံ ခြင်းငှာ သာ လာ၏။
9 Kuwunika koona kumene kuwunikira munthu aliyense kunabwera ku dziko lapansi.
၉ဟုတ်မှန် သောအလင်း မူကား၊ ဤလောက သို့ ကြွလာ လျက် ခပ်သိမ်း သောလူ အပေါင်းတို့အား အလင်း ကို ပေးသော သူဖြစ် သတည်း။
10 Iye anali mʼdziko lapansi, ndipo ngakhale kuti dziko lapansi linalengedwa ndi Iye, dziko lapansilo silinamuzindikire Iye.
၁၀ထိုသူသည်ဤလောက ၌ ရှိ တော်မူပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူပြီ။ သို့သော်လည်း ဤလောက သည် ထိုသူ ကိုမ သိ ။
11 Iye anabwera kwa iwo amene anali akeake, koma akewo sanamulandire Iye.
၁၁သူသည်မိမိ ဒေသအရပ်သို့ ကြွလာ သော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ ကိုလက် မ ခံဘဲနေကြ၏။
12 Koma kwa onse amene anamulandira Iye, kwa amene anakhulupirira mʼdzina lake, Iye anawapatsa mphamvu yokhala ana a Mulungu;
၁၂ထိုသူ ကိုလက်ခံ သမျှ သောသူတည်းဟူသောကိုယ်တော် ကို ယုံကြည် သောသူ တို့အား၊ ဘုရားသခင် ၏ သား ဖြစ် ရသောအခွင့် ကို ပေး တော်မူ၏။
13 ana wobadwa osati monga mwachilengedwe, kapena chisankho cha munthu, kapena chifuniro cha mwamuna koma wobadwa mwa Mulungu.
၁၃ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
14 Mawu anasandulika thupi ndipo anakhala pakati pathu. Ife tinaona ulemerero wake, ulemerero wa Iye amene ndi Mwana mmodzi yekhayo wa Atate, wodzaza ndi chisomo ndi choonadi.
၁၄နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
15 Yohane achitira umboni za Iye. Iye akufuwula kuti, “Uyu ndi Iye amene ndinati, ‘Iye amene akubwera pambuyo panga ndi wondiposa ine chifukwa, Iyeyo analipo ine ndisanabadwe.’”
၁၅ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
16 Kuchokera mʼkuchuluka kwa chisomo chake ife tonse talandira madalitso pamwamba pa madalitso.
၁၆ထိုသူ ၏ပြည့်စုံ ခြင်းမှ လည်းကျေးဇူး တစ်ပါး၌ ထပ်ဆင့် ၍ ကျေးဇူး တစ်ပါးကိုငါ တို့ရှိသမျှ သည်ခံရ ကြပြီ။
17 Pakuti lamulo linapatsidwa kudzera mwa Mose; chisomo ndi choonadi zinabwera kudzera mwa Yesu Khristu.
၁၇အကြောင်းမူကား ၊ ပညတ် တရားတော်ကို မောရှေ လက်တွင်ပေး တော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာ တရားမူကား ယေရှု ခရစ် အားဖြင့် ဖြစ် သတည်း။
18 Palibe munthu amene anaona Mulungu, koma Mwana mmodzi yekhayo amene ali wa pamtima pa Atate, ndiye anafotokoza za Iye.
၁၈ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
19 Tsopano uwu ndi umboni wa Yohane pamene Ayuda a ku Yerusalemu anatumiza ansembe ndi Alevi kudzamufunsa kuti iye anali yani.
၁၉ယုဒ လူတို့က၊ သင် သည်အဘယ်သူ နည်းဟု ယောဟန် ကိုမေးမြန်း စေခြင်းငှာ ယဇ် ပုရောဟိတ်နှင့် လေဝိ လူတို့ကို ယေရုရှလင် မြို့မှ စေလွှတ် သောအခါ ၊ ယောဟန် သည် သက်သေခံ လေသည်မှာ၊
20 Iye sanalephere kuvomereza, koma iye anavomereza momasuka kuti, “Ine sindine Khristu.”
၂၀ငါ သည် ခရစ်တော် မ ဟုတ် ဟု ထိမ်ဝှက် ခြင်းမ ရှိ။ အတည့်အလင်းပြောဆို ၏။
21 Iwo anamufunsa kuti, “Nanga iwe ndiwe yani? Kodi ndiwe Eliya?” Iye anati, “Sindine.” “Kodi ndiwe Mneneri?” Iye anayankha kuti, “Ayi.”
၂၁ထိုသူ တို့ကလည်း ၊ သို့ဖြစ်လျှင် သင် သည်အဘယ်သူ နည်း။ ဧလိယ ဖြစ် သလောဟု မေးမြန်း ပြန်၏။ ယောဟန်က၊ ငါ သည် ဧလိယမ ဟုတ်ဟုဆို ၏။ ဤမည်သောပရောဖက် ဖြစ် သလောဟု မေးပြန်လျှင်၊ မ ဟုတ်ဟု ဆို ပြန်၏။
22 Pomaliza iwo anati, “Ndiwe yani? Tipatse yankho kuti tipite nalo kwa amene anatituma. Kodi iwe ukuti chiyani za iwe mwini?”
၂၂ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူ နည်း။ ငါ တို့ကိုစေလွှတ် သောသူ တို့အား ပြန်လျှောက် စရာ ရှိ စေခြင်းငှာ ၊ သင်သည်ကိုယ် ကို အဘယ်သို့ ဆို သနည်းဟု မေး ပြန်ကြ၏။
23 Yohane anayankha ndi mawu a mneneri Yesaya kuti, “Ine ndi mawu a wofuwula mʼchipululu, ‘Wongolani njira ya Ambuye.’”
၂၃ယောဟန်ကလည်း၊ ငါ သည်ပရောဖက် ဟေရှာယ ဟောပြော သည်နှင့်အညီ ၊ ထာဝရ ဘုရား၏ လမ်းခရီး တော်ကို ဖြောင့် စေကြလော့ဟု တော ၌ ဟစ်ကြော် သောသူ၏အသံ ဖြစ်သည်ဟု ဆို ၏။
24 Tsopano Afarisi ena amene anatumidwa
၂၄အစေခံ သောသူတို့ကား၊ ဖာရိရှဲ ဖြစ် ကြသတည်း။
25 anamufunsa Iye kuti, “Kodi ndi chifukwa chiyani, umabatiza ngati iwe si Khristu, kapena Eliya, kapena Mneneri?”
၂၅ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။
26 Yohane anayankha kuti, “Ine ndimabatiza ndi madzi, koma pakati panu payima amene simukumudziwa.
၂၆ယောဟန် ကလည်း၊ ငါ သည်ရေ ၌ ဗတ္တိဇံ ကိုပေး၏။ သင် တို့အလယ် ၌သင် တို့မ သိ သော သူတစ်ယောက် ရှိ၏။
27 Iye ndi amene akubwera pambuyo panga, ine siwoyenera kumasula zingwe za nsapato zake.”
၂၇ထိုသူ သည်ငါ့ နောက် ကြွလာ သော်လည်းငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ ၏ခြေနင်း တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာ ငါ မ ထိုက် ဟုပြန်ပြော ၏။
28 Zonsezi zinachitika ku Betaniya kutsidya lina la mtsinje wa Yorodani, kumene Yohane ankabatizira.
၂၈ယောဟန် သည်ဗတ္တိဇံ ကိုပေးရာ အရပ် ၊ ယော်ဒန် မြစ်တစ်ဘက် ဗေသနိ ရွာ၌ ဤအမှုအရာဖြစ် သတည်း။
29 Pa tsiku lotsatira Yohane anaona Yesu akubwera kwa iye ndipo anati, “Taonani, Mwana Wankhosa wa Mulungu, amene achotsa tchimo la dziko lapansi!
၂၉နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။
30 Uyu ndi amene ndimatanthauza pamene ndinanena kuti, ‘Munthu amene akubwera pambuyo panga ndi wondiposa ine chifukwa analipo ine ndisanabadwe.’
၃၀ငါ မ ရှိမှီရှိ နှင့်သည်ဖြစ်၍ ၊ ငါ့ ထက်သာ၍ကြီးမြတ်သောသူ သည်ငါ့ နောက် ကြွလာ သည်ဟု ငါ ဆို ရာ၌၊ ထိုသူ ကိုဆိုလို ၏။
31 Ine mwini sindinamudziwe Iye, koma ndinabwera kubatiza ndi madzi kuti Iye adziwike mu Israeli.”
၃၁အစကထိုသူ ကိုငါ မ သိ ။ သို့သော်လည်း ထိုသူကို ဣသရေလ လူတို့အား ထင်ရှား စေခြင်းငှာ ငါ သည် ရေ ၌ ဗတ္တိဇံ ကိုပေးလျက်လာ ၏။
32 Kenaka Yohane anapereka umboni uwu: “Ine ndinaona Mzimu Woyera ngati nkhunda kuchokera kumwamba nakhala pa Iye.
၃၂ထိုမှတစ်ပါး ဝိညာဉ် တော်သည်ကောင်းကင် မှ ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏အပေါ် ၌နား တော်မူသည်ကို ငါမြင် ရပြီ။
33 Ine sindikanamudziwa Iye, koma kuti amene anandituma ine kudzabatiza ndi madzi anati kwa ine, ‘Munthu amene udzaona Mzimu Woyera akutsika nakhazikika pa Iye ndi amene adzabatize ndi Mzimu Woyera.’
၃၃အစကထို သူကိုငါ မ သိ ။ ရေ ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှာငါ့ ကိုစေလွှတ် တော်မူသောသူ က၊ အကြင်သူ ၏ အပေါ် ၌ဝိညာဉ် တော်ဆင်းသက် ၍ နား တော်မူသည်ကို သင်သည်မြင် လျှင်၊ ထို သူကားသန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကိုပေးသောသူ ပေတည်းဟု မိန့် တော်မူသည်နှင့်အညီ။
34 Ine ndaona ndipo ndikuchitira umboni kuti uyu ndi Mwana wa Mulungu.”
၃၄ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
35 Pa tsiku lotsatira Yohane analinso pamenepo pamodzi ndi awiri a ophunzira ake.
၃၅တစ်ဖန် ယောဟန် သည် နက်ဖြန် နေ့၌ တပည့် နှစ် ယောက်တို့နှင့်အတူရပ် နေ၍၊
36 Iye ataona Yesu akudutsa anati, “Taonani Mwana Wankhosa wa Mulungu!”
၃၆ယေရှု ကြွ တော်မူသည်ကိုမြင် လျှင် ၊ ဘုရားသခင် ၏ သိုးသငယ် ကို ကြည့် လော့ဟုဆို ၏။
37 Ophunzira ake awiriwo atamva iye akunena izi, iwo anamutsatira Yesu.
၃၇တပည့် နှစ် ယောက်တို့သည် ထိုစကား ကိုကြား လျှင် ၊ ယေရှု နောက်တော်သို့ လိုက် ကြ၏။
38 Atatembenuka, Yesu anaona iwo akumutsatira ndipo anawafunsa kuti, “Kodi mukufuna chiyani?” Iwo anati, “Rabi (kutanthauza kuti Aphunzitsi), kodi mukukhala kuti?”
၃၈ယေရှု သည်လှည့် ၍ ထိုသူ တို့ လိုက် ကြသည်ကိုမြင် တော်မူလျှင်၊ အဘယ် အလိုရှိ သနည်း ဟု မေး တော်မူ၏။ ထိုသူ တို့က၊ ရဗ္ဗိ ၊ ကိုယ်တော် သည် အဘယ်မှာ နေ တော်မူသနည်းဟု မေးလျှောက် ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင် ဘုရားဟု ဆိုလို သတည်း။
39 Iye anayankha kuti, “Bwerani mudzaone.” Choncho iwo anapita ndi kukaona kumene Iye amakhala, ndipo anakhala naye tsiku limenelo. Linali ngati pafupifupi ora la khumi.
၃၉ယေရှုကလည်း လာ ၍ ကြည့် ကြလော့ ဟု မိန့် တော်မူ၏။ ထို သူတို့သည်သွား၍ နေ တော်မူရာအရပ် ကို ကြည့် ကြ၏။ ထိုအချိန် သည် ဆယ် နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ် သည်တိုင်အောင်အထံ တော်၌နေ ကြ၏။
40 Andreya mʼbale wake wa Simoni Petro, anali mmodzi wa awiriwo amene anamva zimene Yohane ananena ndiponso amene anamutsata Yesu.
၄၀ယောဟန် ၏စကား ကိုကြား၍ နောက် တော်သို့ လိုက်သောသူနှစ် ယောက်တို့တွင် တစ်ယောက်ကား ရှိမုန် ပေတရု ညီ အန္ဒြေ ပေတည်း။
41 Choncho chimene Andreya anachita ndi kukapeza mʼbale wake Simoni ndipo anamuwuza kuti, “Ife tamupeza Mesiya,” (kutanthauza kuti Khristu).
၄၁ထိုသူ သည် မိမိ အစ်ကို ရှိမုန် ကို ရှေးဦးစွာ တွေ့ လျှင် ၊ ငါတို့သည် မေရှိ ကိုတွေ့ ကြပြီဟု ပြောဆို လျက်၊
42 Kenaka iye anabweretsa Simoni kwa Yesu, amene anamuyangʼana ndipo anati, “Iwe ndiwe Simoni, mwana wa Yohane. Udzatchedwa Kefa” (limene litanthauza kuti Petro).
၄၂သူ့ ကိုယေရှု ထံသို့ ပို့ဆောင် လေ၏။ မေရှိအနက် ကား ခရစ်တော် ဟုဆိုလို သတည်း။ ယေရှု သည် ထို သူ ကိုကြည့်ရှု ၍၊ သင် သည်ယောန ၏သား ရှိမုန် ဖြစ် ၏ ကေဖ အမည် သစ်ကို ရလတံ့ ဟုမိန့် တော်မူ၏၊ ကေဖ အနက် ကား ပေတရု ဟုဆိုလိုသတည်း။
43 Pa tsiku lotsatira Yesu anaganiza zopita ku Galileya. Atamupeza Filipo, anati kwa iye, “Nditsate.”
၄၃နက်ဖြန် နေ့၌ ဂါလိလဲ ပြည်သို့ ကြွ ခြင်းငှာအလို တော်ရှိလျှင် ဖိလိပ္ပု ကိုတွေ့ ၍ ၊ ငါ့ နောက် သို့ လိုက်လော့ ဟု မိန့် တော်မူ၏။
44 Filipo monga Andreya ndi Petro, anali wochokera ku mzinda mudzi Betisaida.
၄၄ဖိလိပ္ပု ကား၊ အန္ဒြေ နှင့် ပေတရု မွေးဘွားရာ ဗက်ဇဲဒ မြို့မှ လာသောသူဖြစ် သတည်း။
45 Filipo anakapeza Natanieli ndipo anamuwuza kuti, “Ife tapeza amene Mose analemba za Iye mʼmalamulo, ndi zimene aneneri analembanso za Iye, Yesu wa ku Nazareti, mwana wa Yosefe.”
၄၅ဖိလိပ္ပု သည်နာသနေလ ကိုတွေ့ လျှင် ၊ မောရှေ သည် ပညတ္တိ ကျမ်း၌ ၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း ၌၎င်း အကြောင်းပြု ၍ ရေး ထားသောသူ ၊ နာဇရက် မြို့သား ဖြစ်သော ယောသပ် ၏သား ယေရှု ကို ငါတို့သည် တွေ့ ကြပြီဟုဆို ၏။
46 Natanieli anafunsa kuti, “Nazareti! Kodi kanthu kalikonse kabwino kangachokere kumeneko?” Filipo anati, “Bwera udzaone.”
၄၆နာသနေလ ကလည်း ၊ နာဇရက် မြို့ထဲက ကောင်း သောအရာတစ်စုံတစ်ခု မျှ ထွက် နိုင် သလောဟုမေး လျှင်၊ ဖိလိပ္ပု က၊ လာ ၍ ကြည့် ပါဟုဆို ၏။
47 Yesu atamuona Natanieli akuyandikira, anati kwa iye, “Uyu ndi Mwisraeli weniweni, mwa iye mulibe chinyengo.”
၄၇နာသနေလ လာ သည်ကို ယေရှု သည် မြင် တော်မူလျှင်၊ လှည့်စား ခြင်းအပြစ်နှင့်ကင်းလွတ် သော ဣသရေလ လူစစ် ကိုကြည့် လော့ ဟု ထိုသူ ကိုအမှတ် ပြု၍ မိန့် တော်မူ၏။
48 Natanieli anafunsa kuti, “Kodi mwandidziwa bwanji?” Yesu anayankha kuti, “Ine ndinakuona iwe utakhala pansi pamtengo wamkuyu Filipo asanakuyitane.”
၄၈နာသနေလ ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့်အကျွန်ုပ် ကို သိ တော်မူသနည်းဟု မေးလျှောက် သော်၊ ယေရှု က၊ ဖိလိပ္ပု သည် သင့် ကိုမ ခေါ် မှီ၊ သင် သည် သင်္ဘောသဖန်း ပင်အောက် ၌ရှိ သည်ကို ငါ မြင်သည် ဟု ပြန် ၍မိန့်တော်မူလျှင်၊
49 Kenaka Natanieli ananena kuti, “Rabi, Inu ndinu Mwana wa Mulungu; Inu ndinu Mfumu ya Israeli.”
၄၉အရှင် ဘုရား၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင် လည်းဖြစ် တော်မူ၏ဟု နာသနေလ လျှောက် လေ၏။
50 Yesu anati, “Ukukhulupirira chifukwa chakuti ndakuwuza kuti Ine ndinakuona iwe uli pansi pamtengo wamkuyu? Iwe udzaona zinthu zazikulu kuposa izo.”
၅၀တစ်ဖန် ယေရှု က၊ သင်္ဘောသဖန်း ပင်အောက် ၌ သင့် ကိုငါ မြင်သည် ဟုဆို သောကြောင့် ယုံ သလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာ သောအကြောင်း အရာကို မြင် လတံ့။
51 Ndipo Iye anapitirira kuti, “Zoonadi, Ine ndikuwuza kuti iwe udzaona kumwamba, kutatsekuka ndi angelo a Mulungu akukwera ndi kutsika pa Mwana wa Munthu.”
၅၁သင် တို့အား ငါအမှန်အကန် ဆို သည်ကား၊ နောင်ကာလ၌ ကောင်းကင် ဖွင့်လှစ် သည်ကို၎င်း ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် လူ သား ၏အပေါ် ၌ဆင်း လျက်တက် လျက်ရှိနေသည်ကို၎င်း ၊ သင်တို့ သည် မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။