< Agalatiya 6 >
1 Abale, ngati munthu agwa mʼtchimo lililonse, inu amene Mzimu amakutsogolerani, mumuthandize munthuyo ndi mtima wofatsa kuti akonzekenso. Koma mukhale maso kuti inu nomwe mungayesedwe.
၁ညီအစ်ကို တို့၊ လူ သည်သတိလစ်၍ တစုံတခု သော ဒုစရိုက် ကိုပြုမိလျှင် ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသင် တို့သည် အပြစ်သွေးဆောင်ခြင်း နှင့် ကိုယ်တိုင်လွတ် မည်အကြောင်း၊ ကိုယ် ကိုသတိပြု လျက် သိမ်မွေ့ နူးညံ့သောသဘော နှင့် ထိုသို့သော သူ ကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
2 Thandizanani kusenza zolemetsa zanu, ndipo mʼnjira imeneyi mudzakwanitsa lamulo la Khristu.
၂ထမ်းရွက်စရာဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့်ခရစ်တော် ၏တရား ကို ကျင့် ကြလော့။
3 Ngati wina adziyesa kanthu pamene iyeyo sali kanthu konse, akudzinamiza yekha.
၃အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။
4 Munthu aliyense aziyesa yekha ntchito zake mmene zilili. Ngati zili bwino, adzatha kunyadira chifukwa cha ntchito zake zokhazo, iyeyo asadzifanizire ndi munthu wina wake,
၄လူ တိုင်းကိုယ်တိုင် ပြုသောအမှု ကို စစ်ကြော စေ။ သို့ပြုလျှင် သူတပါး ၌ မ ဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိ လိမ့်မည်။
5 pakuti aliyense ayenera kusenza katundu wake.
၅အဘယ်ကြောင့် နည်းဟူမူကား၊ လူအသီးသီး တို့သည် မိမိ တို့ဝန် ကို ဆောင်ရွက် ရကြမည်။
6 Koma munthu amene akuphunzira mawu, agawireko mphunzitsi wake zinthu zonse zabwino zimene iye ali nazo.
၆နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။
7 Musanamizidwe: nʼkosatheka kupusitsa Mulungu. Munthu amakolola zimene wafesa.
၇အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။
8 Pakuti amene amafesa zokondweretsa thupi lake la uchimo, kuchokera ku khalidwe limenelo adzakolola chiwonongeko; amene amafesa zokondweretsa Mzimu, kuchokera kwa Mzimu adzakolola moyo wosatha. (aiōnios )
၈မိမိ ဇာတိ ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဇာတိ ပကတိအားဖြင့်ပုပ်ပျက် ခြင်းအသီးအနှံကို ရိတ် ရလိမ့်မည်။ ဝိညာဉ် ပကတိ၌ မျိုးစေ့ ကြဲသောသူ သည် ဝိညာဉ် ပကတိအားဖြင့်ထာဝရ အသက် ရှင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ (aiōnios )
9 Tisatope nʼkuchita zabwino, pakuti pa nthawi yoyenera tidzakolola ngati sititopa.
၉ငါတို့သည်အား မ လျော့၊ စိတ်မပျက်ဘဲ ကောင်း သောအကျင့်ကို ကျင့် ကြကုန်အံ့။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန် သောကာလ၌ အသီးအနှံကို ရိတ် ရကြလိမ့်မည်။
10 Nʼchifukwa chake ngati tapeza mpata, tiyenera kuchitira zabwino anthu onse, makamaka amene ndi a banja la okhulupirira.
၁၀ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည် ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြု ကြကုန်အံ့။
11 Onani zilembo zazikulu zimene ine ndikulemba ndi dzanja langa.
၁၁အဘယ်မျှလောက် ကြီးသောစာ ကို ကိုယ် လက် နှင့်သင် တို့အား ငါရေး လိုက်သည်ကို သင်တို့မြင် ကြ၏။
12 Onse amene akufuna kuoneka abwino pamaso pa anthu akukukakamizani kuti muchite mdulidwe. Akuchita izi ndi cholinga chimodzi chokha, chakuti apewe kuzunzidwa chifukwa cha mtanda wa Khristu.
၁၂မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။
13 Pakuti ngakhale iwowa amene anachita mdulidwe satsata Malamulo, komabe akufuna kuti muchite mdulidwe kuti anyadire mdulidwe wanuwo.
၁၃အရေဖျားလှီး ခြင်းကိုခံသောသူ တို့သည် ပညတ် တရားကို ကိုယ်တိုင် မ ကျင့် သည်ဖြစ်၍၊ သင် တို့၏ အသွေးအဆင်း ကို အမှီပြု လျက်ဝါကြွား လို၍ သင် တို့ကို အရေဖျားလှီး ခြင်းကိုခံစေခြင်းငှါအလိုရှိ ကြ၏။
14 Ine sindingathe kunyadira kanthu kena koma mtanda wa Ambuye athu Yesu Khristu, kudzera mwa mtandawo dziko lapansi linapachikidwa kwa ine ndi ine ku dziko lapansi.
၁၄ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
15 Pakuti kaya mdulidwe kapena kusachita mdulidwe, sizitanthauza kanthu; chofunika ndi kulengedwa mwatsopano.
၁၅အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။
16 Mtendere ndi chifundo zikhale kwa onse amene amatsata chiphunzitso ichi, ndi pa Israeli wa Mulungu.
၁၆ဤ နည်း ဥပဒေသအတိုင်းကျင့် သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌၎င်း၊ ငြိမ်သက် ခြင်းနှင့် သနား တော်မူခြင်းသက်ရောက်ပါစေသော။
17 Pomaliza wina asandivutitse, pakuti mʼthupi mwanga muli zizindikiro za Yesu.
၁၇ယခု မှစ၍အဘယ်သူ မျှငါ့ ကို မနှောက်ရှက် စေနှင့်။ ငါ့ ကိုယ် ၌ သခင်ယေရှု ဒဏ်ချက်ရာ ကို ငါ ဆောင် ၏။
18 Chisomo cha Ambuye athu Yesu Khristu zikhale ndi mzimu wanu abale. Ameni.
၁၈ညီအစ်ကို တို့၊ ငါ တို့သခင် ယေရှု ၏ ကျေးဇူး တော်သည် သင် တို့၏စိတ် နှလုံး၌ ရှိစေသတည်း။ အာမင်။